တစ္ခ်ဴိ ႔ကိစၥေတြဟာ ကံနဲ႔မဆိုင္၊ ဥာဏ္နဲ႔သာဆိုင္တယ္ဆိုတာ သိေစလို

ေရြးခ်ယ္လို႔မရတာ ကံ ၊ ေရြးခ်ယ္လို႔ရတာ ဥာဏ္ပါ။ တစ္ခ်ဳိ ႔ကိစၥေတြမွာ တားဆီးပိတ္ပင္လို႔ရမယ့္ အင္အားမ်ဳိး ကိုယ့္မွာမ႐ွိဘူး။ သူ႔အလိုုလိုျဖစ္လာတယ္။ ရင္ဆုိင္ရမွာပါပဲ။ ေ႐ွာင္လဲႊလို႔မရတာကို ကံလို႔ေခၚပါတယ္။ ကိုယ့္မွာ ေရြးခ်ယ္ဖို႔ အခြင့္ေရးေတြ၊ အမ်ားၾကီး႐ွိရက္သားနဲ႔ ေသခ်ာဆံုးျဖတ္ဖို႔ စဥ္းစားခ်င့္ခ်ိန္ေပးမွာက ဥာဏ္ပညာပဲျဖစ္ပါတယ္။

ဥပမာ – ကိုယ့္အေပၚမေကာင္းတဲ့ ရည္းစားတစ္ေယာက္ကို ခ်စ္တဲ့စိတ္ ၊ သံေယာဇဥ္ေတြေၾကာင့္ တြယ္ကပ္ေနတာမ်ဳိးက ကံနဲ႔မဆိုင္ေတာ့ပါဘူး။ ကိုယ့္ရဲ႕ဥာဏ္နဲ႔ပဲ ဆိုင္ပါတယ္။ မေကာင္းမွန္းသိရင္ စြန္႔လႊတ္ရဲတဲ့ သတိၱမ်ဳိးမေမြးႏုိင္ေသးတာပါ။ကိုယ့္ကိုမေပ်ာ္ရႊင္ေစတဲ့အရာတစ္ခုကို ဘာလို႔လက္မလႊတ္ႏုိင္တာလဲ …ေသခ်ာျပန္စဥ္းစားၾကည့္ပါ။ မင္းရဲ႕မာနေၾကာင့္လား ၊ အတၱေၾကာင့္လား ၊ ခ်စ္တဲ့စိတ္ေၾကာင့္လား ?

အခ်စ္ေရးေၾကာင့္ စိတ္ဓာတ္က်ေနခ်ိန္မွာ တစ္ေယာက္တည္းေနလုိက္ပါ။ ဒီတစ္ေယာက္မေကာင္းတာနဲ႔ အားလံုးမေကာင္းဘူးလို႔ သိမ္းက်ဴံးျပီးေတာ့ ျမင္လုိက္ရင္ေတာ့ မင္းမွားသြားပါလိမ့္မယ္။ကိုယ့္ရဲ႕စိတ္ဒဏ္ရာေၾကာင့္ အားလုံုးကိုၾကည့္တဲ့အျမင္ဟာ ေဘာင္က်ဥ္းသြားႏုိင္ပါတယ္။ ဘယ္သူမွ မေကာင္းဘူးလို႔ မင္းေအာ္ေနတဲ့အခ်ိန္ တကယ္ေကာင္းျပီး သစၥာ႐ွိတဲ့လူစားမ်ဳိးမင္းပတ္၀န္းက်င္မွာ႐ွိေနတာကို သတိမထားမိဘဲ လဲြသြားႏုိင္တယ္။

ေလာေလာဆယ္ မင္းဆီမွာျဖစ္ေနတဲ့ ျပႆနာေတြဟာ မင္းအသိဥာဏ္နဲ႔ ဘယ္ေလာက္ထိ ေျဖ႐ွင္းႏုိင္လဲဆိုတာကို ေလာကၾကီးက စမ္းသပ္ေနတဲ့သေဘာပါ။ ျပႆနာတစ္ခုကို မင္းႏုိင္ေအာင္လုပ္မလား … ၊အ႐ႈံးေပးမလား ?အႏုိင္အ႐ႈံးဆိုတာ မင္းလုပ္ရပ္ေပၚမွာပဲ မူတည္တယ္။ မင္းရဲ႕အသိဥာဏ္ေတြ ၊ ရင့္က်က္မႈေတြနဲ႔ပဲ တိုက္႐ုိက္သက္ဆိုင္ေနမွာပါ။

” If there is a will there is a way ” တဲ့ ။ စိတ္ဆႏၵျပင္းျပရင္ နည္းလမ္းဆိုတာ ႐ွိျပီးသားပါ။ ကိုယ့္ရဲ႕အခက္ခဲကုိ ရင္ဆုိင္ေက်ာ္လႊားခ်င္ရင္ နည္းလမ္းေတြ႔ေအာင္႐ွာရမယ္။ အဲ့ဒီနည္းလမ္းေတြ႔ႏုိင္ဖို႔ဆုိတာလည္း မင္းရဲ႕စိတ္ဆႏၵျပင္းျပေနမွ ျဖစ္မယ္။

အရာရာတုိင္းဟာ ျဖစ္ျပီးပ်က္ေနတာပါ။ ဘယ္အရာမွာ မတည္ျမဲဘူး ။ ဘယ္အခ်ိန္မွာအရာအားလံုး ျပီးဆံုးသြားမယ္ဆုိတာ မသိေပမယ့္ ဥာဏ္ပညာကို ေကာင္းေကာင္းအသံုးခ်ႏုိင္တဲ့သူဟာ ေလာကဓံရဲ႕႐ုိက္ခတ္မႈေတြၾကံဳလာတဲ့အခါ သူမ်ားေတြေလာက္ ေတာ္႐ံု မတုန္လႈပ္ေတာ့ဘူး။ ဒါေတြအားလံုး တစ္ခ်ိန္မွာျပီးဆံုးသြားမယ္လို႔ ႏွလံုးသြင္းထားတယ္။ ဘယ္ကိစၥမဆို သတိေလးကပ္ျပီး ျဖစ္လာႏုိုင္တာေတြကို ၾကိဳတင္ မွန္းဆပါ။ ျဖစ္လာရင္လည္း ငါဘယ္လိုရင္ဆုိင္မယ္ဆိုတာကို တြက္ခ်က္ထားရင္ ပ်ာယာခတ္ေနစရာမလိုေတာ့ဘူး။ တည္တည္ျငိမ္ျငိမ္ ေအးေဆးစြာနဲ႔ပဲ ေျဖ႐ွင္းသြားႏုိင္မွာပါ။

ဒါေၾကာင့္ တစ္ခ်ဳိ ႔ကိစၥေတြဟာ ကံနဲ႔မဆိုင္ ၊ ဥာဏ္နဲ႔သာ ဆိုင္ပါတယ္။ အေကာင္းဆံုး စဥ္းစားေတြးေတာ ဆံုးျဖတ္ႏုိင္ၾကပါေစ …

(Unicode)

ရွေးချယ်လို့မရတာ ကံ ၊ ရွေးချယ်လို့ရတာ ဉာဏ်ပါ။ တစ်ချို ့ကိစ္စတွေမှာ တားဆီးပိတ်ပင်လို့ရမယ့် အင်အားမျိုး ကိုယ့်မှာမရှိဘူး။ သူ့အလိုုလိုဖြစ်လာတယ်။ ရင်ဆိုင်ရမှာပါပဲ။ ရှောင်လွှဲလို့မရတာကို ကံလို့ခေါ်ပါတယ်။ ကိုယ့်မှာ ရွေးချယ်ဖို့ အခွင့်ရေးတွေ၊ အများကြီးရှိရက်သားနဲ့ သေချာဆုံးဖြတ်ဖို့ စဉ်းစားချင့်ချိန်ပေးမှာက ဉာဏ်ပညာပဲဖြစ်ပါတယ်။

ဥပမာ – ကိုယ့်အပေါ်မကောင်းတဲ့ ရည်းစားတစ်ယောက်ကို ချစ်တဲ့စိတ် ၊ သံယောဇဉ်တွေကြောင့် တွယ်ကပ်နေတာမျိုးက ကံနဲ့မဆိုင်တော့ပါဘူး။ ကိုယ့်ရဲ့ဉာဏ်နဲ့ပဲ ဆိုင်ပါတယ်။ မကောင်းမှန်းသိရင် စွန့်လွှတ်ရဲတဲ့ သတ္တိမျိုးမမွေးနိုင်သေးတာပါ။ကိုယ့်ကိုမပျော်ရွှင်စေတဲ့အရာတစ်ခုကို ဘာလို့လက်မလွှတ်နိုင်တာလဲ …သေချာပြန်စဉ်းစားကြည့်ပါ။ မင်းရဲ့မာနကြောင့်လား ၊ အတ္တကြောင့်လား ၊ ချစ်တဲ့စိတ်ကြောင့်လား ?

အချစ်ရေးကြောင့် စိတ်ဓာတ်ကျနေချိန်မှာ တစ်ယောက်တည်းနေလိုက်ပါ။ ဒီတစ်ယောက်မကောင်းတာနဲ့ အားလုံးမကောင်းဘူးလို့ သိမ်းကျူံးပြီးတော့ မြင်လိုက်ရင်တော့ မင်းမှားသွားပါလိမ့်မယ်။ကိုယ့်ရဲ့စိတ်ဒဏ်ရာကြောင့် အားလုုံးကိုကြည့်တဲ့အမြင်ဟာ ဘောင်ကျဉ်းသွားနိုင်ပါတယ်။ ဘယ်သူမှ မကောင်းဘူးလို့ မင်းအော်နေတဲ့အချိန် တကယ်ကောင်းပြီး သစ္စာရှိတဲ့လူစားမျိုးမင်းပတ်ဝန်းကျင်မှာရှိနေတာကို သတိမထားမိဘဲ လွဲသွားနိုင်တယ်။

လောလောဆယ် မင်းဆီမှာဖြစ်နေတဲ့ ပြဿနာတွေဟာ မင်းအသိဉာဏ်နဲ့ ဘယ်လောက်ထိ ဖြေရှင်းနိုင်လဲဆိုတာကို လောကကြီးက စမ်းသပ်နေတဲ့သဘောပါ။ ပြဿနာတစ်ခုကို မင်းနိုင်အောင်လုပ်မလား … ၊အရှုံးပေးမလား ?အနိုင်အရှုံးဆိုတာ မင်းလုပ်ရပ်ပေါ်မှာပဲ မူတည်တယ်။ မင်းရဲ့အသိဉာဏ်တွေ ၊ ရင့်ကျက်မှုတွေနဲ့ပဲ တိုက်ရိုက်သက်ဆိုင်နေမှာပါ။

” If there is a will there is a way ” တဲ့ ။ စိတ်ဆန္ဒပြင်းပြရင် နည်းလမ်းဆိုတာ ရှိပြီးသားပါ။ ကိုယ့်ရဲ့အခက်ခဲကို ရင်ဆိုင်ကျော်လွှားချင်ရင် နည်းလမ်းတွေ့အောင်ရှာရမယ်။ အဲ့ဒီနည်းလမ်းတွေ့နိုင်ဖို့ဆိုတာလည်း မင်းရဲ့စိတ်ဆန္ဒပြင်းပြနေမှ ဖြစ်မယ်။

အရာရာတိုင်းဟာ ဖြစ်ပြီးပျက်နေတာပါ။ ဘယ်အရာမှာ မတည်မြဲဘူး ။ ဘယ်အချိန်မှာအရာအားလုံး ပြီးဆုံးသွားမယ်ဆိုတာ မသိပေမယ့် ဉာဏ်ပညာကို ကောင်းကောင်းအသုံးချနိုင်တဲ့သူဟာ လောကဓံရဲ့ရိုက်ခတ်မှုတွေကြုံလာတဲ့အခါ သူများတွေလောက် တော်ရုံ မတုန်လှုပ်တော့ဘူး။ ဒါတွေအားလုံး တစ်ချိန်မှာပြီးဆုံးသွားမယ်လို့ နှလုံးသွင်းထားတယ်။ ဘယ်ကိစ္စမဆို သတိလေးကပ်ပြီး ဖြစ်လာနိုုင်တာတွေကို ကြိုတင် မှန်းဆပါ။ ဖြစ်လာရင်လည်း ငါဘယ်လိုရင်ဆိုင်မယ်ဆိုတာကို တွက်ချက်ထားရင် ပျာယာခတ်နေစရာမလိုတော့ဘူး။ တည်တည်ငြိမ်ငြိမ် အေးဆေးစွာနဲ့ပဲ ဖြေရှင်းသွားနိုင်မှာပါ။

ဒါကြောင့် တစ်ချို ့ကိစ္စတွေဟာ ကံနဲ့မဆိုင် ၊ ဉာဏ်နဲ့သာ ဆိုင်ပါတယ်။ အကောင်းဆုံး စဉ်းစားတွေးတော ဆုံးဖြတ်နိုင်ကြပါစေ …

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.