Hyuna ရဲ့ဓာတ်ပုံနဲ့ ဖက်ပြီးအိပ်တဲ့ Ryan Reynolds ကို မိန်းမဖြစ်သူ သဝန်တိုနေ






(Unicode)

” Deadpool2 ” ရုပ်ရှင်အသစ်ကို ကြေငြာတဲ့အနေနဲ့ ကိုရီးယားသို့ရောက်ရှိခဲ့တဲ့ ဟောလိဝုဒ်မင်းသား Ryan Reynolds ကတော့ မိန်းမဖြစ်သူရဲ့သဝန်တိုခြင်းကို ခံနေရပါတယ်။

Entertainment Weekly မှာ Ryan Reynolds က ဟန်မြစ်တစ်လျှောက် သင်္ဘောငယ်လေး
လိုက်စီးပြီး အင်တာဗျုးမေးခွန်းအချို ့ကို ဖြေဆိုခဲ့ပါတယ်။ Hyuna နဲ့ အထူးဓာတ်ပုံရိုက်ကူးရေးပြုလုပ်ခဲ့ပြီး အင်စတာဂရမ် ပို့စ်မှာတောင်တင်ထားခဲ့ပါတယ်။

ထိုဓာတ်ပုံကို ထပ်တွေ့လိုက်ရတော့ Ryan Reynolds စိတ်လှုပ်ရှားသွားပြီး Hyuna နာမည်ကိုတောင် အသံထွက်အော်လိုက်ပါသေးတယ်။ နောက်ပြီးတော့ သူ့မိန်းမ Blake Lively တော့ ထိုဓာတ်ပုံနဲ့ပတ်သတ်ပြီး သဝန်တိုနေတယ်လို့ စနောက်ပြီးပြောခဲ့ပါသေးတယ်။

” ကျွန်တော် ဒီဓာတ်ပုံကြီးကိုင်ပြီး အိပ်မယ်လုပ်တော့ သွား… အဲ့ဓာတ်ပုံကြီးဖယ်ထားစမ်းပါတဲ့ .. သူတော်တော်မုန်းနေပုံပဲ ” လို့ Ryan ကဆိုပါတယ်။

Ryan ဟာ HyunA ရဲ့ ပရိတ်သတ်တစ်ယောက်လည်းဖြစ်ပြီး Deadpool photoshoot ကို Wedding-themed ပုံစံလုပ်ထားတာ အရမ်းသဘောကျတယ်လို့ ပြောပြခဲ့ပါတယ်။

328 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.