Park Bo Young အပေါ် အမှန်တကယ်စိတ်လှုပ်ရှားရင်ခုန်တဲ့ခံစားချက်ရှိခဲ့တယ်လို့ ၀န်ခံခဲ့တဲ့ Park Hyung Sik
Unicode
မင်မင်နဲ့ဘုံဘုံရယ်ဆိုပြီးကိုရီးယားရုပ်ရှင်ပရိသတ်တွေ Ship နေကြတဲ့ စုံတွဲလေးရှိပါတယ်။ သူတို့ကတော့ “Strong Woman Do Bong Soon”ဇာတ်ကားထဲက မင်းသားနဲ့မင်းသမီးချော Park Bo Young နဲ့ Park Hyung Sik တို့ပဲဖြစ်ပါတယ်။ပြည်ပမီဒီယာတစ်ခုဖြစ်တဲ့ Koreaboo ရဲ ့ဖော်ပြချက်အရ မင်းသား Park Hyung Sik ဟာ တွဲဖက်မင်းသမီးဖြစ်တဲ့ Park Bo Young အပေါ် အမှန်တကယ်စိတ်လှုပ်ရှားရင်ခုန်မှုရှိတယ်လို့ဝန်ခံခဲ့ဖူးကြောင်းသိရပါတယ်။
၂၀၁၇ မှာထွက်ရှိခဲ့တဲ့ “Strong Woman Do Bong Soon” ဇာတ်ကားဟာ ပရိသတ်ကြည့်ရှု မှုများခဲ့သလို သူတို့စုံတွဲရဲ ့သရုပ်ဆောင်ပီပြင်မှုတွေကြောင့်ပရိသတ်တွေကတကယ် ချစ်သူတွေဖြစ်နေကြ ဖို့မျှော်လင့်နေကြပါတယ်။ရုပ်ရှင်ဇာတ်ကားအပြီးမှာလည်း Park Hyung Sik က Park Bo Young နဲ့ပတ်သက်ပြီးအခုလိုပြောပြခဲ့ပါတယ်။”ဇာတ်ညွှန်းရတဲ့အချိန်မှာ ဒီအခွင့်အရေးကိုလက်လွှတ်မခံသင့်ဘူးလို့တွေးမိပါတယ်။အဲ့ဒါကြောင့်သရုပ်ဆောင်ဖို့
လက်ခံခဲ့ပါတယ်။အဲ့ဒီနောက် ကျွန်တော့်တွဲဖက်က Park Bo Young ဖြစ်လိမ့်မယ်လို့ သိတဲ့အချိန်မှာ သေချာပေါက် ဒါကိုလုပ်ရမယ်ဆိုပြီးအတွေးဝင်ခဲ့မိပါတယ်။ ပြီးတော့ Park Bo Young ကအရမ်းချစ်စရာကောင်းလို့ ကျွန်တော်သူမကိုတကယ်ချစ်ခင်ပါတယ်။Bong Soon ဇာတ်ကောင်နဲ့လည်းသူမက အရမ်းကိုလိုက်ဖက်ပါတယ်၊Strong Woman Do Bong Soon
ဇာတ်လမ်းတွဲထဲက ကျွန်တော့်ဇာတ်ကောင်အတွက်လည်း ကျေနပ်ပျော်ရွှင်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီဇာတ်ကောင်နဲ့လိုက်ဖက်စွာပဲ ကျွန်တော့်ရဲ ့ခံစားချက်တွေက အစစ်အမှန်ဖြစ်နေလို့ သရုပ်ဆောင်တာကလည်း အကောင်းဆုံးဖြစ်နေခဲ့ပါတယ်။Ahh Min Hyuk ဇာတ်ကောင်အဖြစ်ခံစားချက်သွင်းရတဲ့အချိန်မှာ ကျွန်တော့်ရဲ ့ခံစားချက်နဲ့ထပ်တူဖြစ်လို့ ဒရာမာအခန်းတွေသရုပ်ဆောင်ရတဲ့အခါမှာ ပိုပြီးကောင်းမွန်သွားခဲ့ပါတယ်။သူမက ကျွန်တော့်အတွက်အရေးကြီးတယ်လို့ခံစားခဲ့ရပြီး စိတ်ရင်းနဲ့ သူမကို ဂရုစိုက်ပေးခဲ့ပါတယ်။ သူမနဲ့ဆက်ပြီး စုံတွဲသရုပ်ဆောင်သွားချင်ပေမဲ့ ဇာတ်လမ်းတွဲပြီးသွားပြီဖြစ်လို့ ဝမ်းနည်းမိပါတယ်လို့ပြောပြခဲ့ပါတယ်။
Park Bo Young ကလည်း Park Hyung Sik နဲ့ပတ်သက်ပြီး “Park Hyung Sik မှာ ချစ်စရာကောင်းပြီးချိုမြိန်လေးနက်တဲ့အကြည့်မျိုးရှိပါတယ်။အဲ့ဒီအကြည့်တွေကြောင့် သူ့ကို သဘောကျခဲ့ရပြီး ကျွန်မကို အဲ့ဒီလို လှမ်းကြည့်လိုက်တိုင်း ရင်တုန်ပြီးမူးမေ့မတက်ပါပဲ။ဒါပေမဲ့ သူက ဒါရိုက်တာကြီးကိုလည်းအဲ့ဒီအတိုင်းပဲကြည့်ခဲ့တာပါ”ရယ်ပြီး ပြောပြခဲ့ပါတယ်။Ship ကြတဲ့သူတွေအတွက် စိတ်မကောင်းစရာတစ်ခုကတော့ Park Bo Young ကအင်တာဗျူးတစ်ခုမှာ “Park Hyung Sik နဲ့ဒိတ်လုပ်တယ်ဆိုတဲ့သတင်းက ထွက်လာဖို့မရှိပါဘူး။ပြီးတော့ ကျွန်မက ခံစားချက်တွေကိုပွင့်ပွင့်လင်းလင်း တိုက်ရိုက်ဖော်ပြတတ်တဲ့ ယောကျ်ားလေးပုံစံကိုနှစ်သက်ပါတယ်။ဒါပေမဲ့ အခုချိန်ထိ အဲ့လိုပွင့်ပွင့်လင်းလင်းတိုက်ရိုက်ဝန်ခံဖော်ပြတတ်တဲ့သူမျိုးမတွေ့သေးပါဘူး”လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ ဖူးစာကပြောလို့မရဘူးလေနော့။
အခုဆိုရင်တော့ နှစ်ယောက်သား ဒရာမာဇာတ်လမ်းတွဲအသစ်ကိုယ်စီနဲ့အလုပ်တွေ ရှုပ်နေကြပါတယ်။Park Hyung Sik က Suit ဇာတ်လမ်းတွဲရိုက်ကူးနေပြီး
Park Bo Young ကတော့ Your Wedding ဆိုတဲ့ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင် နေပါတယ်။ဒါပေမဲ့ ပရိသတ်တွေကတော့ သူတို့စုံတွဲနဲ့ပတ်သက်ပြီးရသမျှသတင်းတွေ ကိုစုကာ ship နေကြဆဲပါ။ဇာတ်လမ်းတွဲပြီးဆုံးသွားလို့ အတူတူသရုပ်မဆောင်ဖြစ်ဘူးဆိုပေမဲ့ တစ်ယောက်ရဲ ့ရှုတင်ရိုက်ကွင်းကိုတစ်ယောက် ကော်ဖီတွေ၊မုန့်တွေ တစ်လှည့်စီလက်ဆောင် ပို့ပေးကြတယ်လို့သိရပါတယ်။
သတိရနေတဲ့ပရိသတ်တွေအတွက် မင်မင်နဲ့ဘုံဘုံတို့ရဲ ့ချစ်စရာပုံရိပ်လေးတွေကို ပြန်ပြီးမျှဝေလိုက်တယ်နော်။
971 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.