အောင်မြင်သူတွေပြောတတ်ကြတဲ့စကာပုံစံတွေက
Unicode
တစ်ကယ်ထူးချွန်ပြီး ဘဝမှာအောင်မြင်နေကြသူတဲ့သူတွေကိုကြည့်လိုက်ပါ။ သူတို့စကားပြောတဲ့အခါ လူတွေနဲ့ဆက်ဆံပေါင်းသင်းတဲ့အခါ အပေါင်းသင်းတွေကြား ပြောဆိုတိုင်ပင်ကြတဲ့အခါ ဘယ်လိုပုံစံတွေပြောတတ်ကြသလဲပေါ့။ လူတစ်ယောက်ရဲ့လူနေမှုအဆင့်အတန်းမြင့်မား၏ နိမ့်ပါး၏ဆိုတာဒီလူရဲ့ငွေကြေးချမ်းသာမှု ပညာတတ်မြောက်မှုတွေနဲ့မဆိုင်ပဲ ဒီလူရဲ့စိတ်ဓာတ်နဲ့မပြောဆိုနဲ့သာသက်ဆိုင်တာမလို့ထူးချွန်စွာအောင်မြင်နေကြတဲ့သူတွေရဲ့စကားပြောပုံတွေကို အနည်းငယ်လေ့လာသိရှိရသလောက်ဖော်ပြပေးလိုက်ပါတယ်…
(၁) ချစ်စဖွယ်ပြောဆိုတတ်တယ်
စကားပြောတဲ့နေရာမှာ သူတစ်ပါးချစ်ခင်လာအောင်ပြောဆိုတတ်ကြပါတယ်။ သူများဂရုစိုုက်စရာမလိုဘူး ငါမှန်ရင်ပြီးတာပဲမျိုးမပြောဆိုတတ်ပဲလူချစ်အောင်စကားပြောတတ်တာကြောင့် နေရာတကာမှာလူရာသွင်းခံပြီးဦးစားပေးခံရတတ်ပါတယ်။
(၂) သူများကိုချီးကျူးဖို့ဝန်မလေးတတ်ကြဘူး
သူများရဲ့တိုးတတ်မှုတွေ အကျိုးတွေကိုမြင်တွေ့ကြားသိတဲ့အခါ နှောင့်နှေးမနေပဲ မြန်မြန်ချီးကျူးတတ်ကြပါတယ်။ သူများးကိုချီးကျူးဖို့ဝန်မလေးတတ်တာကြောင့် လူအများကြားမှာ ကိုယ်ဟာပိုပြီးလူဝင်ဆန့်လာပြီးလူတိုင်းလိုလိုရဲ့ချစ်ခင်ခြင်းကိုရရှိတတ်ပါတယ်။
(၃) ကိုယ့်ကိုယ်ကိုယ်နှိမ့်ချပြောဆိုတတ်တယ်
ကိုယ့်ဘာသာဘယ်လောက်ပဲထူးချွန်ထူးချွန် သူတစ်ပါးရှေ့မှာမောက်မာပြောဆိုတာမျိုးမရှိပဲ အမြဲတစေ နိမ့်ချယဉ်ကျေးစွာပြောဆိုတတ်ခြင်းဟာ လူမုန်းနည်းစေပါတယ်။ အောင်မြင်နေတဲ့လူတော်တော်များများတိုင်းဟာ လက်ရှိချိန်မှာအောင်မြင်နေတာတောင်မှ ကိုယ့်ကိုယ်ကိုယ် ထောင်လွှားမပြောဆိုတတ်တာကြောင့်ပိုပိုအောင်မြင်လာတတ်ကြပါတယ်။
(၄) စကားပြောတိုင်းငါစွဲ တွေ အတ္တတွေကင်းတယ်
စကားပြောတိုင်းစကားလုံးတိုင်းမှာ ကိုယ်လုပ်လို့ဖြစ်တာ ကိုယ့်ကြောင့်အောင်မြင်တာ ကိုယ်သာလျှင်ဘာကြီး ညာကြီးစသည်ဖြင့် ငါစွဲတွေ အတ္တကြီးတွေထည့်ပြီးမပြောတတ်ကြပဲ အောင်မြင်ရင်တောင် ဒါဟာဘယ်သူတွေရဲ့အားပေးမှုကြောင့် ဒါဟာဘယ်သူတွေရဲ့ပံ့ပိုးမှုကြောင့်ဆိုပြီး ကျေးဇူးတင်ပြောဆိုတတ်တာကြပါတယ်။
(၅) တောင်းပန်စကားပြောဖို့ဝန်မလေးတတ်ကြဘူး
တောင်ပန်ဖို့ကိုဝန်မလေးတတ်ကြပါဘူး။ တစ်စုံတစ်ယောက်ကိုတောင်းပန်ဖို့တစ်ယောက်တစ်ယောက်ကို စိတ်မရှိပါနဲ့လို့အောက်ကျစွာပြောဆိုဖို့ဝန်မလေးတတ်ကြပါဘူး။ နောက်ဆုံးကုန်ကုန်ပြောရရင် ကိုယ့် ဘက်ကမှန်နေရင်တောင် တောင်းပန်လိုက်မှ အဆင်ပြေအေးချမ်းသွားမဲ့ကိစ္စတွေရှိရင်ဝန်မလေးပဲတောင်းပန်တတ်ကြပါတယ်။
တော်တော်များများအောင်မြင်နေကြတဲ့သူတိုင်းမှာ အပေါ်ကလိုအချက်တွေနဲ့သည်းခံစိတ်တွေရှိကြတာမလို့ဒီလိုနေရာထိ အောင်မြင်စွာရရှိခဲ့တာဖြစ်တာကြောင့် ကိုယ့်ရဲ့စကားတွေကြောင့်အောင်မြင်မှုတွေကို အထိခိုက်မခံပဲ ပြောတတ်ဆိုတတ်ကြပါစေလို့ရည်ရွယ်ရင်း…
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.