ချစ်တာကိုအမြဲပြောပြနေမှချစ်တာမဟုတ်ပါဘူး…
(၁) ဂရုစိုက်မှုရှိတယ်
(၂) အလေးထားတယ်
(၃) တန်ဖိုးထားတယ်
(၄) သည်းခံလာတတ်ကြတယ်
(၅) ပြောင်းလဲတတ်ကြတယ်
Unicode
တစ်ချို့သူတွေရဲ့အတွေးမယ်ထင်ထားတာက တစ်ယောက်ကိုတစ်ယောက်အမြဲလိုလိုချစ်စကားကြိုက်စကားတွေပြောနေမှ ဒီချစ်သူစုံတွဲကတကယ်ချစ်ကြတယ်ဘာညာထင်တာပေါ့။ တကယ်တော့ဒီလိုအမြဲပြောပြနေစရာမလိုပဲ တစ်ယောက်ကိုတစ်ယောက်ချစ်မှန်း ဘေးလူတွေကတောင်ပြောစရာမလိုပဲသိနေတာလည်းချစ်ခြင်းတစ်မျိုးပါပဲ။ ဆိုတော့ဘယ်လိုအရာမျိုးလေးတွေက ချစ်တယ်ဆိုတာကိုအမြဲပြောပြနေစရာမလိုအောင်ကိုဘေးကကြည့်ရင်တောင်သိသာစေတာလဲ…
(၁) ဂရုစိုက်မှုရှိတယ်
တစ်ယောက်နဲ့တစ်ယောက်ဂရုစိုက်မှုဆိုတာဖန်တီးယူလို့ရတဲ့အရာမျိုးမဟုတ်ပါဘူး။ တစ်ယောက်ပေါ်တစ်ယောက်တကယ်စိတ်ပူရင်းဖြစ်ပေါ်လာတာတွေ ၊ တစ်ယောက်ကိုတစ်ယောက်ထိခိုက်မှာဆိုးလို့ဖြစ်လာတာတွေမလို့ တကယ်ချစ်မှသာဂရုစိုက်မှုကိုရရှိနိုင်တာပါ။ ဒါကြောင့်ကိုယ့်ကို ဂရုတစိုက်နဲ့ချစ်ပေးနေတဲ့ချစ်သူမျိုးရှိရင် ပါးစပ်ကမပြောတောင်သူ့အချစ်ကိုနားလည်နိုင်ပါစေ။
(၂) အလေးထားတယ်
တစ်ယောက်နဲ့ပတ်သတ်တဲ့အကြောင်းအရာတွေ အရေးကိစ္စတွေကို အလေးထားတတ်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက်ပွင့်ပွင့်လင်းလင်းတိုင်ပင်ပြောဆိုလို့ရပြီး တစ်ယောက်ဘဝဖြစ်တည်မှုကိုတစ်ယောက်အလေးထား လေးစားတတ်ကြတဲ့ RS မျိုးကိုပိုင်ဆိုင်ထားရင်တော့ သင်တို့ဟာကွဲဖို့အခြေအနေမရှိသလောက်ရှားသွားပါပြီ။
(၃) တန်ဖိုးထားတယ်
တကယ်ချစ်တဲ့သူဟာ ကိုယ့်ချစ်သူရဲ့သိက္ခာ ကိုယ့်ချစ်သူရဲ့အရှက်တရား အရာအားလုံးကို တန်ဖိုးထားတတ်ကြပါတယ်။ ကိုယ့်ချစ်ရသူရဲ့အကျိုးကိုထိခိုက်မဲ့ကိစ္စတွေကိုရှောင်ဖယ်သွားတတ်ကြပါတယ်။ ဒီလိုနညး်းနဲ့ ကိုယ့်ချစ်သူကို ခဏခဏချစ်တယ်ထုတ်ပြောစရာမလိုပဲနဲ့ကိုတင်ချစ်မှန်းသိသာလွန်းပါတယ်
(၄) သည်းခံလာတတ်ကြတယ်
လူ့စိတ်ဆိုတာတော်တော်များများ သူများကိုသည်းခံတတ်ဖို့ခဲယဉ်းလှပါတယ်။ ဒီလိုသည်းခံတဲ့စိတ်ဆိုတာတော်ရုံတန်ရုံအချစ်မျိုးနဲ့ဆိုမဖြစ်နို်င်တာကြောင့် ကိုယ့်အပေါ်နားလည်မှုအပြည့်နဲ့သည်းခံပြီးချစ်တတ်တဲ့လူတစ်ယောက်နားက ဘယ်တော့မှထွက်ခွာမသွားပါနဲ့။
(၅) ပြောင်းလဲတတ်ကြတယ်
လူတစ်ယောက်ဟာ သူ့ရဲ့ပုံမှန်လုပ်နေကျအကျင့်တွေ ပုံမှန်လုပ်နေကြအရာတွေကို မင်းမကြိုက်ဘူးဆိုတဲ့ အကြောင်းပြချက်လေးတစ်ခုနဲ့တင်ပြောင်းလဲပစ် ပြုပြင်ပစ်လိုက်နိုင်ပြီဆိုရင်တော့ သူမင်းကို တကယ်ချစ်မှန်းသေချာသွားပါပြီ။ ကိုယ့်ကိုချစ်တဲ့စိတ်နဲ့သူ့အကျင့်တွေကိုပြောင်းလဲပစ်လိုက်တဲ့
လူတစ်ယောက်သင့်ဘေးနားမှာရှိနေပြီဆိုရင်တော့ သူ့အချစ်ဟာထုတ်ပြောစရာမလိုအောင်ကိုဂုဏ်ယူစရာကောင်းနေပါပြီ။
ချစ်သူရည်းစားဘဝမှာချစ်စကားကြိုက်စကားတွေကတော့ ပြောဖို့လိုတာပေါ့လေ၊ ဒါပေမဲ့လည်းတစ်ချို့သူတွေက ခဏခဏ ချစ်တယ်မပြောတတ်ပဲ အလုပ်နဲ့သက်သေပြတတ်ကြတာမလို့ တစ်ယောက်စိတ်ထဲကတစ်ယောက်အချစ်ကိုထိုးထွင်းမြင်တတ်ဖို့ပဲလိုပါတယ်။ လူပြောများနေတဲ့စာလေးတစ်ကြောင်းလိုပေါ့ Mr Bean ကသူ့အရုပ်လေးကိုချစ်တယ်ခဏခဏမပြောပင်မဲ့သူချစ်တာလူတိုင်းသိတာမို့ Mr Bean လိုအရုပ်လေးပေါ်ထားတဲ့အချစ်မျိုးပိုင်ဆိုင်ထားရင်တော့ ပါးစပ်ကခဏခဏချစ်တယ်မပြောတိုင်းစိတ်မကောင်းဖြစ်စရာမလိုတော့ပါဘူး…
931 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.