အချစ်နဲ့ စိတ်ကူးယဉ်သိပံ္ပဇာတ်လမ်းကိုပေါင်းစပ် ရိုက်ကူးထားတဲ့ Eternal Sunshine of the Spotless Mind

Eternal Sunshine of the Spotless Mind ရုပ်ရှင်ဟာ ၂ဝဝ၄ခုနှစ်ကထွက်ရှိခဲ့တဲ့
အမေရိကန် ရိုမန်တစ် ၊ စိတ်ကူးယဉ်သိပံ္ပဇာတ်လမ်းပုံစံမျိုးလေးဖြစ်ပါတယ်။ ဒါရိုက်တာ
Michel Gondry ၊ ဇာတ်ညွန်း Charlie Kaufman တို့ရိုက်ကူးထားတာပါ။ ပါဝင်သရုပ်ဆောင်သူများကတော့ Jim Carrey, Kate Winslet, Kirsten Dunst, Mark Ruffalo, Elijah Wood နဲ့ Tom Wilkinson တို့ပဲဖြစ်ပါတယ်။

ဇာတ်လမ်းပုံစံက စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်ခြောက်ခြားစရာနဲ့ ရှုပ်ထွေးတဲ့ ဇာတ်လမ်းပုံ
ပြင်ကို ကြည်နူးဖွယ်အချစ်ဇာတ်လမ်းတို့ ပေါင်းစပ်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးဝင်ငွေ ဒေါ်လာ သန်း၇ဝ ရရှိခဲ့ပါတယ်။ အကောင်းဆုံးမူရင်း ဇာတ်လမ်းနဲ့ အကယ်ဒမီရရှိခဲ့ပြီး Kate Winslet လည်း အကောင်းဆုံးဇာတ်ဆောင်အမျိုးသမီးဆုကို ရရှိခဲ့ပါတယ်။ ၂၁နှစ်ရာစုမှာ အကောင်းဆုံးဇာတ်ကားအဖြစ် ဝေဖန်သုံးသပ်ရေးသမားတွေဆီကတောင် ချီးကျုးမှုကိုရရှိထားတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ ဇာတ်လမ်း Trailer Video လေးဖော်ပြပေးလိုက်တယ်နော်..

40 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.