Chris Pratt ကို Generation Award (ထူးချွန်ဆု)ပေးမယ်ဆိုတဲ့သတင်းကြောင့် ပရိသတ်တွေဝမ်းသာနေ
Unicode
“Guardians of the Galaxy”ဇာတ်ကားထဲက Peter Quill/Star-Lord ရဲ ့ Fan လေးတွေရှိကြလား?ဝမ်းသာစရာသတင်းကောင်းတစ်ခုရှိတယ်နော်။ဘာလဲဆိုတော့ Star-Lord အဖြစ်သရုပ်ဆောင်တဲ့မင်းသား Chris Pratt ကို မကြာခင်ကျင်းပမယ့် MTV Movie and TV Awards ဆုပေးပွဲမှာGeneration Award ဆိုတဲ့ဆုပေးဖို့ရွေးချယ်ခဲ့ပါတယ်တဲ့။ဒီဆုက
ဘယ်လိုမျိုးလဲဆိုရင် ရုပ်ရှင်တွေ၊ဇာတ်လမ်းတွဲတွေမှာ ထူးချွန်ပြောင်မြောက်စွာသရုပ်ဆောင်နိုင်ပြီး ပရိသတ်တွေရဲ ့အသိအမှတ်ပြုအားပေးခဲ့ရတဲ့အနုပညာရှင်ကိုရွေးချယ်ပြီးပေးအပ် တာဖြစ်ပါတယ်။Generation Award ရရှိဖူးတဲ့သူတွေကတော့ Will Smith ၊ Reese Witherspoon ၊Sandra Bullock ၊Robert Downey Jr ၊Mark Wahlberg ၊ Adam Sandler နဲ့ Jamie Foxx တို့ပဲဖြစ်ပါတယ်။
Chris Pratt ဟာ မကြာသေးခင်က ပြသခဲ့တဲ့ Avengers:Infinity War မှာ ဟီးရိုးတစ်ယောက်အဖြစ်ကောင်းကောင်းသရုပ်ဆောင်နိုင်ခဲ့သလို အဲ့ဒီမတိုင်ခင်ကလည်း Guardians of the Galaxy ၊ Jurassic World ၊ Zero Dark Thirty ၊ The Magnificent Seven ၊ Moneyball ၊The Lego Movie ၊ Her ၊ Passengers စတဲ့ဇာတ်ကားတွေ မှာပါဝင်ခဲ့ပြီး သူ့ရဲ့သရုပ်ဆောင်စွမ်းရည်ကို အကောင်းဆုံးပြသနိုင်ခဲ့သူဖြစ်ပါတယ်။
Chris Pratt ရဲ ့ပရိသတ်တွေကလည်း ဒီသတင်းကိုကြားပြီးအရမ်း စိတ်လှုပ်ရှားဝမ်းသာ နေကြပါတယ်။ ဘာလို့လဲဆိုတော့ Chris က အောင်မြင်တဲ့မင်းသားတစ်လက်ဖြစ်လာဖို့ ခရီးရှည်ကြီးကိုလျှောက်ခဲ့ရတယ်ဆိုတာသိနေကြလို့ပါတဲ့။ဒီဆုနဲ့ထိုက်တန်တဲ့သူတစ်ယောက်အဖြစ်ပရိသတ်တွေကလက်ခံကြပါတယ်။
Infinity War နမူနာဗီဒီယိုထွက်တုန်းက Chris Pratt က သူ့ရဲ ့အင်စတာဂရမ်ပို့စ်မှာ အခုလိုတင်ထားတာတွေ့ခဲ့ရပါတယ်။”အသက် ၁၂နှစ်အရွယ်တုန်းကဘင်ဂိုကစားရင်း ဒေါ်လာ ၃၀၀ နိုင်ခဲ့ပါတယ်။အဲ့ဒီငွေနဲ့ Comic စာအုပ်တွေဝယ်ခဲ့ပါတယ်”ဆိုပြီးတင်ထားတာပါ။သူ့အနေနဲ့ Infinity War မှာပါဝင်ခွင့်ရလို့အတော်လေးစိတ်ကျေနပ်နေမှာဖြစ်သလို သူ့ပရိသတ်တွေ အတွက်လည်း ဒီလိုဟီးရိုးတွေစုံလင်တဲ့ဇာတ်ကားကြီးမှာပါဝင်ထားလို့ အောင်မြင်မှုမှတ်တိုင်
တစ်ခုအဖြစ်ဝမ်းသာခဲ့ကြပါတယ်။
၂၀၁၈ခုနှစ်အတွက် MTV Movie and TV Awards ဆုပေးပွဲကို ဇွန်လ ၁၈ရက်နေ့ ည၉နာရီအချိန် လော့အိန်ဂျလိစ်စ်မှာကျင်းပသွားမှာဖြစ်ပြီး Tiffany Haddish က
ဦးစီးကျင်းပသွားမှာဖြစ်ပါတယ်။Chris Pratt ရဲ ့ပရိသတ်တွေကတော့ Chris ဆုလက်ခံယူမယ့်ပုံကို ကြည့်ရမှာတွေးပြီး စိတ်လှုပ်ရှားရင်ခုန်နေကြပါတယ်။
1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.