အလုပ္အရမ္း႐ႈပ္တဲ့သူေတြအတြက္ ဖုန္းေခၚဆိုေပးႏိုင္ေတာ့မယ့္ Google Assistant

Google Assistant ဆုိတာ Virtual Assistant ( တစ္ဦးခ်င္းစီအတြက္ သီးသန္႔လုပ္ေဆာင္မႈေတြေပးတဲ့ ) software agent မ်ဳိးျဖစ္ပါတယ္။ အထူးသျဖင့္ မိုဘိုင္းဖုန္းနဲ႔ smart home device ေတြမွာရ႐ွိႏုိင္ေအာင္ Google ကေနထုတ္လုပ္ထားတာျဖစ္ပါတယ္။

Assistant ကို ၂ဝ၁၆ခုႏွစ္ ေမလမွာ ပထမဦးဆံုးအေနနဲ႔ Google’s messaging app Allo မွာ ထည့္သြင္းခဲ့ျပီး Google Home မွာလည္း voice-activated speaker အျဖစ္ပါ႐ွိခဲ့ပါတယ္။ Pixel နဲ႔ Pixel XL စမတ္ဖုန္းေတြမွာ အထူးသီးသန္႔ထည့္သြင္းျပီးေနာက္ ၂ဝ၁၇ ေဖေဖာ္ဝါရီမွာ third-party smartphones နဲ႔ Andriod Wearေတြမွာလည္း စတင္ျမွင့္တင္ခဲ့ပါတယ္။ အျခားၾကီးမားတဲ့ အမ်ဳိးမ်ဳိးေသာ Deviceေတြျဖစ္တဲ့ ( ကားနဲ႔ smart home)ေတြမွာပါ ထည့္သြင္းလာႏုိင္ေအာင္လည္း ခ်ဲ ႔ထြင္လာပါျပီ။

လက္႐ွိ Google Now လိုမဟုတ္ပဲ Google Assistant ကေတာ့ two-way conversations ပံုစံမ်ဳိးကို မိတ္ဆက္ေပးလုိက္တာျဖစ္ပါတယ္။Google Assistant ရဲ႕လုပ္ေဆာင္ခ်က္ပံုစံကေတာ့ –
ဆိုပါေတာ့ သင္ဟာ အဂၤါေန႔ မနက္(၁ဝ)နာရီကေန (၁၂)နာရီအတြင္းမွာ ဆံပင္သြားညွပ္
ဖို႔ ခ်ိန္းဆိုခ်က္လုပ္ခ်င္တယ္။ Google Assistant က သင့္အတြက္ ဆံပင္ညွပ္ဆုိင္နဲ႔ သူဘယ္လို ရက္ခ်ိန္းယူမလဲဆိုတာကို ေအာက္ပါဗီဒီယုိမွာၾကည့္႐ႈႏုိင္ပါတယ္။

တကယ့္ ေခၚဆိုမႈအစစ္တိုင္းပါပဲ။ ေနာက္ထပ္ အံ့ၾသစရာေကာင္းတာက Assistant ဟာ စကားအျပန္လွန္ေျပာဆိုမႈရဲ႕အသိမ္အနက္ကို ခံစားသိ႐ွိေနျခင္းပဲျဖစ္ပါတယ္။ ဒီလိုနည္းပညာရ႐ွိဖို႔အတြက္ သူတို႔ႏွစ္ေပါင္းမ်ားစြာ လုပ္ခဲ့ရတာပါ။ သူ႔ကို Google Duplex လို႔လည္း ေခၚပါတယ္။ အြန္လုိင္းကေန ဘုိကင္လုပ္လုိ႔အဆင္မေျပႏုိင္တဲ့ ဆိုင္မ်ဳိးေတြကိုဖုန္းဆက္တဲ့အခါ  ထင္ထားထက္ ပိုခက္ခဲတဲ့ ခ်ိန္းဆိုမႈေတြကို ဒီ Assistant က ေျဖ႐ွင္းေပးႏုိင္ပါတယ္။ ဘယ္လိုအခ်ိန္မွုာ ဘယ္လုိအဆင္ေျပေအာင္ တစ္ဖက္လူနဲ႔ ညွိႏိႈင္းျပီး စကားေျပာရမလဲဆိုတာကို သိေနတာဟာ သေဘာက်စရာအေကာင္းဆံုးအခ်က္ပါပဲ။

စီးပြားေရးအရေရာ ၊ သာမန္ သံုးစဲြသူေတြအတြက္ပါ အဆင္ေျပေခ်ာေမြ႔ေအာင္ သံုးစဲြသူေတြရဲ႕ အေတြ႕ၾကံဳေတြကို ရယူျပီး ဒီနည္းပညာကို ျမွင့္တင္ေနတုန္းပါပဲလို႔ Google မွ ဆိုပါတယ္။ တကယ္ေတာ့ အရမ္းအလုပ္႐ႈပ္ေတြအတြက္ တကယ္ကိုအသံုးဝင္ေစမယ့္ Assistant တစ္ခုျဖစ္ပါတယ္။

2018 CES ပဲြ မွာ ပထမဆံုး Google Assistant ကို smart speakers နဲ႔တကြ Video Screen ကို ၂ဝ၁၈ ဇန္နဝါရီလမွာျပသသြားခဲ့ပါတယ္။

(Unicode)

Google Assistant ဆိုတာ Virtual Assistant ( တစ်ဦးချင်းစီအတွက် သီးသန့်လုပ်ဆောင်မှုတွေပေးတဲ့ ) software agent မျိုးဖြစ်ပါတယ်။ အထူးသဖြင့် မိုဘိုင်းဖုန်းနဲ့ smart home device တွေမှာရရှိနိုင်အောင် Google ကနေထုတ်လုပ်ထားတာဖြစ်ပါတယ်။

Assistant ကို ၂ဝ၁၆ခုနှစ် မေလမှာ ပထမဦးဆုံးအနေနဲ့ Google’s messaging app Allo မှာ ထည့်သွင်းခဲ့ပြီး Google Home မှာလည်း voice-activated speaker အဖြစ်ပါရှိခဲ့ပါတယ်။ Pixel နဲ့ Pixel XL စမတ်ဖုန်းတွေမှာ အထူးသီးသန့်ထည့်သွင်းပြီးနောက် ၂ဝ၁၇ ဖေဖော်ဝါရီမှာ third-party smartphones နဲ့ Andriod Wearတွေမှာလည်း စတင်မြှင့်တင်ခဲ့ပါတယ်။ အခြားကြီးမားတဲ့ အမျိုးမျိုးသော Deviceတွေဖြစ်တဲ့ ( ကားနဲ့ smart home)တွေမှာပါ ထည့်သွင်းလာနိုင်အောင်လည်း ချဲ ့ထွင်လာပါပြီ။

လက်ရှိ Google Now လိုမဟုတ်ပဲ Google Assistant ကတော့ two-way conversations ပုံစံမျိုးကို မိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။Google Assistant ရဲ့လုပ်ဆောင်ချက်ပုံစံကတော့ –
ဆိုပါတော့ သင်ဟာ အင်္ဂါနေ့ မနက်(၁ဝ)နာရီကနေ (၁၂)နာရီအတွင်းမှာ ဆံပင်သွားညှပ်
ဖို့ ချိန်းဆိုချက်လုပ်ချင်တယ်။ အဲ့ဒီအခါ Google Assistant က သင့်အတွက် ဆံပင်ညှပ်ဆိုင်နဲ့ သူဘယ်လို ရက်ချိန်းယူမလဲဆိုတာကို အောက်ပါဗီဒီယိုမှာကြည့်ရှုနိုင်ပါတယ်။

တကယ့် ခေါ်ဆိုမှုအစစ်တိုင်းပါပဲ။ နောက်ထပ် အံ့သြစရာကောင်းတာက Assistant ဟာ စကားအပြန်လှန်ပြောဆိုမှုရဲ့အသိမ်အနက်ကို ခံစားသိရှိနေခြင်းပဲဖြစ်ပါတယ်။ ဒီလိုနည်းပညာရရှိဖို့အတွက် သူတို့နှစ်ပေါင်းများစွာ လုပ်ခဲ့ရတာပါ။ သူ့ကို Google Duplex လို့လည်း ခေါ်ပါတယ်။ အွန်လိုင်းကနေ ဘိုကင်လုပ်လို့အဆင်မပြေနိုင်တဲ့ ဆိုင်မျိုးတွေဆိုလည်း ထင်ထားထက် ပိုခက်ခဲတဲ့ ချိန်းဆိုမှုတွေကို ဒီ Assistant က ဖြေရှင်းပေးနိုင်ပါတယ်။ ဘယ်လိုအချိန်မှုာ ဘယ်လိုအဆင်ပြေအောင် တစ်ဖက်လူနဲ့ ညှိနှိုင်းပြီး စကားပြောရမလဲဆိုတာကို သိနေတာဟာ သဘောကျစရာအကောင်းဆုံးအချက်ပါပဲ။

စီးပွားရေးအရရော ၊ သာမန် သုံးစွဲသူတွေအတွက်ပါ အဆင်ပြေချောမွေ့အောင် သုံးစွဲသူတွေရဲ့ အတွေ့ကြုံတွေကို ရယူပြီး ဒီနည်းပညာကို မြှင့်တင်နေတုန်းပါပဲလို့ Google မှ ဆိုပါတယ်။ တကယ်တော့ အရမ်းအလုပ်ရှုပ်တွေအတွက် တကယ်ကိုအသုံးဝင်စေမယ့် Assistant တစ်ခုဖြစ်ပါတယ်။

2018 CES ပွဲ မှာ ပထမဆုံး Google Assistant ကို smart speakers နဲ့တကွ Video Screen ကို ၂ဝ၁၈ခုနှစ် ဇန်နဝါရီလမှာပြသသွားခဲ့ပါတယ်။

44 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.