ပင့်ကူလူသား ဇာတ်လမ်းမူပိုင်ခွင့် ပေါ်အခြေခံပြီး ရုပ်ရှင်ဇာတ်ကားသစ် အနည်းဆုံး ၂ခု ရိုက်ကူးနေပါတယ် လို့ ကိုလံဘီယာ ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီက ကြေညာလိုက်ပါတယ်။ ဇာတ်လမ်းတွဲတွေ အများကြီးထပ်ရိုက်ဖို့ စီစဉ်ထားတဲ့ထဲကမှ နောက်ထပ် နှစ်ကားမှာ Venom နဲ့ Electro အပါအ၀င် စူပါလူဆိုးကြီး ၆ဦး နဲ့ သရုပ်ဖော်ထားပါတယ်။ နောက်ထွက်မယ့် ဇာတ်လမ်းရဲ့ အဓိက ရန်ဘက်အဖြစ် Jamie Foxx သရုပ်ဆောင်မယ့် အံ့ဖွယ် ပင့်ကူလူသား (၂) (The Amazing Spider-Man 2) ပါပဲ။
“ကျွန်တော်တို့ စတူဒီယိုရဲ့ အဖိုးအတန်ဆုံး မူပိုင်ခွင့်ကတော့ The Spider-Man ပါပဲ။ ကမ္ဘာမှာ ဒီ့ထက်ပိုပေါက်မြောက် လိမ့်မယ်လို့ ကျွန်တော်တို့ဖွဲ့စည်းထားတဲ့ ဖန်တီးမှုအားကောင်းတဲ့ အဖွဲ့နဲ့အတူ ရင်ခုန်နေရပါတယ်။”လို့ စတူဒီယို ဥက္ကဋ္ဌ Doug Belgrad ကပြောပါတယ်။
ပင့်ကူလူသား ဇာတ်လမ်းတွဲအသစ်တွေအတွက် အလုပ်လုပ်ကြမယ့် အဖွဲ့မှာ Amazing 1 နဲ့ 2 ထုတ်လုပ်သူတွေဖြစ်တဲ့ Avi Arad နဲ့ Matt Tolmach တို့နဲ့အတူ ဒါရိုက်တာ Drew Goddard, စာရေးဆရာ Ed Soloman, ထုတ်လုပ်သူ Jeff Pinkner, ဇာတ်ညွှန်းရေးဆရာ Alex Kurtzman နဲ့ Roberto Orci တို့ပါဝင်ပါတယ်။
The Amazing Spider-Man 2 မှာပါဝင်သရုပ်ဆောင်မယ့် သူတွေကတော့ Andrew Garfield, Emma Stone, Jamie Foxx, Dane DeHann, Campbell Scott, Embeth Davidtz, Colm Feore, Pal, Sally Field တို့ပါပဲ။ ဗြိတိန်မှာ ၂၀၁၄၊ ဧပြီ၊ ၁၈ရက်နေ့၊ ဘရာဇီးမှာ ၂၀၁၄၊မေ၊ ၁ရက်နေ့၊ အမေရိကမှာ ၂၀၁၄၊ မေ ၂ရက်နေ့တို့မှာ အသီးသီး ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။ 2D, 3D နဲ့ IMAX 3D ဗီဒီယို formatတွေနဲ့ ဖြစ်ပါတယ်။
Ref:Starpulse