အႏုပညာသက္တမ္း ၁၂ႏွစ္ျပည့္သြားျပီျဖစ္တဲ႔ လီမင္ဟုိ

ေတာင္ကုိရီးယားႏုိင္ငံရဲ ႔ေအာင္ျမင္ေနတဲ႔ေငြၾကယ္ပြင့္တစ္ပြင့္ျဖစ္တဲ႔ လီမင္ဟုိဟာ ေမလ ၁၀ရက္ေန႔က အႏုပညာသက္တမ္း ၁၂ႏွစ္ျပည့္သြားခဲ႔ျပီလုိ႔သိရပါတယ္။ပထမဆံုးသူ႔ရဲ ႔ပြဲဦးထြက္က ‘Secret Campus’ ဆုိတဲ႔တီဗီဇာတ္လမ္းတစ္ခုပါ။ပထမဆံုး အပိုင္းကုိ ၂၀၀၆ ၊ေမလ ၁၀ရက္က
ထုတ္လႊင့္ျပသခ႔ဲတာျဖစ္ျပီး ၂၀၀၆ ၊ဇူလိုင္ ၂၇မွာျပီးဆံုးခဲ႔တာျဖစ္ပါတယ္။အဲ႔ဒီဇာတ္ကားဟာ လီမင္ဟုိဆုိျပီးစတင္ခဲ႔တဲ႔ဇာတ္လမ္းတြဲျဖစ္ကာ မင္းသမီး ပတ္ဘုိေယာင္း၊ကန္ေဟးအင္ တုိ႔နဲ႔အတူတြဲဖက္သရုပ္ေဆာင္ခဲ႔တာျဖစ္ပါတယ္။

‘Secret Campus’ ဇာတ္ကားမွာစတင္သရုပ္ေဆာင္ခဲ႔တာျဖစ္ျပီး ပရိသတ္ေတြ သူ႔ကုိ သတိထားမိျပီးသည္းသည္းလႈပ္ျဖစ္သြားၾကတဲ႔ဇာတ္ကားကေတာ့အားလံုးမွတ္မိၾကတဲ႔ “Boys Over Flowers” ဇာတ္လမ္းတြဲပဲျဖစ္ပါတယ္။ေနာက္ပုိင္းမွာ Personal Taste ၊ City Hunter ၊ Faith ၊ The Heirs ၊7 First Kisses ၊Legend of Blue Sea စတဲ႔ဇာတ္လမ္းတြဲေတြနဲ႔ မိန္းကေလးပရိသတ္ေတြအသည္းစြဲမင္းသားတစ္လက္ျဖစ္လာခဲ႔ပါတယ္။

တစ္ကားခ်င္းရုပ္ရွင္အေနနဲ႔ကေတာ့ Bounty Hunters ၊ Gangnam Blues ၊ Get Up ၊ Our School’s E.T ၊ The Bittersweet စတဲ႔ဇာတ္ကားေတြရိုက္ကူးထားပါတယ္။ အခုဆုိရင္ေတာ့ ေတာင္ကုိရီးယားႏုိင္ငံမွာသာမက ကမာၻတစ္၀န္းလံုးကပရိသတ္ေတြသေဘာက်ႏွစ္သက္ တဲ႔မင္းသားတစ္လက္ျဖစ္ေနပါျပီ။

၂၀၀၆ခုႏွစ္က အႏုပညာေလာကထဲေရာက္လာခဲ႔တာ၂၀၁၈၊ေမလ ၁၀ရက္ကေတာ့ အႏုပညာသက္တမ္း ၁၂ႏွစ္ျပည့္သြားတဲ႔အမွတ္တရေန႔ေလးပါပဲ။သူ႔ရဲ ႔ပရိသတ္ေတြ ကလည္း မေမ့မေလ်ာ့ လက္ေဆာင္ေတြ၊ကိတ္ေတြပုိ႔ေပးခဲ႔ၾကတယ္လိ႔ုသိရပါတယ္။လီမင္ဟုိက သူ႔ရဲ ႔အင္စတာဂရမ္မွာပရိသတ္ေတြေပးတဲ႔လက္ေဆာင္ေတြနဲ႔သူ႔ရဲ ႔ဓာတ္ပံုေလးကုိတင္ထားျပီး ၁၂ႏွစ္ျပည့္သြားခဲ႔ျပီ။အရာအားလံုးအတြက္ေက်းဇူးတင္ပါတယ္ဆုိျပီး စာေလးေရးသားခဲ႔ပါတယ္။

အခုလက္ရွိမွာေတာ့ ဂန္းနမ္အစိုးရရံုးမွာ လူမႈ၀န္ထမ္းအျဖစ္တာ၀န္ထမ္းေဆာင္ေနျပီး ၂၀၁၉ ေမလမွာမွ စစ္မႈထမ္းေဆာင္တာျပီးဆံုးမွာျဖစ္ပါတယ္။ဒီေတာ့ အႏုပညာသက္တမ္း ၁၂ႏွစ္ျပည့္သြားျပီျဖစ္တဲ႔ မင္းသားေခ်ာလီမင္ဟုိအတြက္ အမွတ္တရ ဂုဏ္ျပဳစကား ေလးေတြေျပာေပးဖုိ႔မေမ့နဲ႔ဦးေနာ္။

Unicode

တောင်ကိုရီးယားနိုင်ငံရဲ ့အောင်မြင်နေတဲ့ငွေကြယ်ပွင့်တစ်ပွင့်ဖြစ်တဲ့ လီမင်ဟိုဟာ မေလ ၁ဝရက်နေ့က အနုပညာသက်တမ်း ၁၂နှစ်ပြည့်သွားခဲ့ပြီလို့သိရပါတယ်။ပထမဆုံးသူ့ရဲ ့ပွဲဦးထွက်က ‘Secret Campus’ ဆိုတဲ့တီဗီဇာတ်လမ်းတစ်ခုပါ။ပထမဆုံး အပိုင်းကို ၂၀၀၆ ၊မေလ ၁ဝရက်ကထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး ၂၀၀၆ ၊ဇူလိုင် ၂ရမှာပြီးဆုံးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားဟာ လီမင်ဟိုဆိုပြီးစတင်ခဲ့တဲ့ဇာတ်လမ်းတွဲဖြစ်ကာ မင်းသမီး ပတ်ဘိုယောင်း၊ကန်ဟေးအင် တို့နဲ့အတူတွဲဖက်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

‘Secret Campus’ ဇာတ်ကားမှာစတင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေ သူ့ကို သတိထားမိပြီးသည်းသည်းလှုပ်ဖြစ်သွားကြတဲ့ဇာတ်ကားကတော့အားလုံးမှတ်မိကြတဲ့ “Boys Over Flowers” ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။နောက်ပိုင်းမှာ Personal Taste ၊ City Hunter ၊ Faith ၊ The Heirs ၊7 First Kisses ၊Legend of Blue Sea စတဲ့ဇာတ်လမ်းတွဲတွေနဲ့ မိန်းကလေးပရိသတ်တွေအသည်းစွဲမင်းသားတစ်လက်ဖြစ်လာခဲ့ပါတယ်။

တစ်ကားချင်းရုပ်ရှင်အနေနဲ့ကတော့ Bounty Hunters ၊ Gangnam Blues ၊ Get Up ၊ Our School’s E.T ၊ The Bittersweet စတဲ့ဇာတ်ကားတွေရိုက်ကူးထားပါတယ်။ အခုဆိုရင်တော့ တောင်ကိုရီးယားနိုင်ငံမှာသာမက ကမ္ဘာတစ်ဝန်းလုံးကပရိသတ်တွေသဘောကျနှစ်သက် တဲ့မင်းသားတစ်လက်ဖြစ်နေပါပြီ။

၂၀၀၆ခုနှစ်က အနုပညာလောကထဲရောက်လာခဲ့တာ၂၀၁၈၊မေလ ၁ဝရက်ကတော့ အနုပညာသက်တမ်း ၁၂နှစ်ပြည့်သွားတဲ့အမှတ်တရနေ့လေးပါပဲ။သူ့ရဲ ့ပရိသတ်တွေ ကလည်း မမေ့မလျော့ လက်ဆောင်တွေ၊ကိတ်တွေပို့ပေးခဲ့ကြတယ်လို့သိရပါတယ်။လီမင်ဟိုက သူ့ရဲ ့အင်စတာဂရမ်မှာပရိသတ်တွေပေးတဲ့လက်ဆောင်တွေနဲ့သူ့ရဲ ့ဓာတ်ပုံလေးကိုတင်ထားပြီး ၁၂နှစ်ပြည့်သွားခဲ့ပြီ။အရာအားလုံးအတွက်ကျေးဇူးတင်ပါတယ်ဆိုပြီး စာလေးရေးသားခဲ့ပါတယ်။

အခုလက်ရှိမှာတော့ ဂန်းနမ်အစိုးရရုံးမှာ လူမှုဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေပြီး ၂၀၁၉ မေလမှာမှ စစ်မှုထမ်းဆောင်တာပြီးဆုံးမှာဖြစ်ပါတယ်။ဒီတော့ အနုပညာသက်တမ်း ၁၂နှစ်ပြည့်သွားပြီဖြစ်တဲ့ မင်းသားချောလီမင်ဟိုအတွက် အမှတ်တရ ဂုဏ်ပြုစကား လေးတွေပြောပေးဖို့မမေ့နဲ့ဦးနော်။

337 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.