အေရွ႔ေတာင္အာရွပရိသတ္ေတြ အေတြ႔ခ်င္ဆံုးအႏုပညာရွင္အျဖစ္ ေရြးခ်ယ္ခံခဲ႔ရတဲ႔ ေဆာင္ဂ်ီဟို

Korea Trade-Investment Promotion Agency ဟာ ၂၀၁၈ခုႏွစ္အတြင္း မတ္လကေန ဧျပီလအထိ အာရွ၊အင္ဒိုနီးရွား၊ဗီယက္နမ္၊ထုိင္း၊ျမန္မာ၊ဖိလစ္ပုိင္စတဲ႔ႏုိင္ငံေတြ အပါအ၀င္ႏုိင္ငံေပါင္း  ၉ႏုိင္ငံကုိစစ္တမ္းေကာက္ခဲ႔ပါတယ္။ဘယ္လိုစစ္တမ္းေကာက္တာလဲဆုိရင္ ႏုိင္ငံကုိးႏုိင္ငံအတြက္ေရြးခ်ယ္စရာအကြက္ေလးေတြလုပ္ေပးထားျပီး ကုိရီးယားႏုိင္ငံရဲ ႔ကုန္ပစၥည္းေတြအေၾကာင္း၊ကုိရီးယားႏုိင္ငံမွာနာမည္ၾကီးတဲ႔အႏုပညာရွင္ေတြနဲ႔ပတ္သက္တဲ႔ အေၾကာင္းစသျဖင့္ ေမးခြန္းေလးေတြေမးထားတာပါ။

 မတ္လနဲ႔ဧျပီ ၂လ စစ္တမ္းေကာက္ယူျပီးတဲ႔ေနာက္မွာေတာ့ ကုိရီးယားႏုိင္ငံအႏုပညာရွင္ေတြနဲ ႔ပတ္သက္ျပီးေရြးခ်ယ္ထားၾကတဲ႔အေျဖေတြကေန အေရွ႔ေတာင္အာရွပရိသတ္ေတြ အေတြ႔ခ်င္ဆံုးအႏုပညာရွင္ေပၚထြက္လာခဲ႔ပါတယ္။သူမကေတာ့ မင္းသမီး ေဆာင္ဂ်ီဟုိျဖစ္ပါတယ္။

ဒရာမာဇာတ္လမ္းတြဲေတြမွာ သိပ္ျပီးမေတ႔ြရေပမဲ႔လူၾကိဳက္အမ်ားဆံုးအစီအစဥ္ တစ္ခုျဖစ္တဲ႔ Running Man အဖြဲ႔၀င္မိန္းမေခ်ာေလးတစ္ေယာက္ျဖစ္လုိ႔ သူမမွာ RM ပရိသတ္ေတြအမ်ားၾကီး
ရွိပါတယ္။ျမန္မာႏုိင္ငံမွာလည္း ဂ်ီဟုိကုိခ်စ္တဲ႔ RM ပရိသတ္ေတြအမ်ားၾကီးပါ။ အဲ႔ဒါေၾကာင့္ပဲ ျမန္မာႏုိင္ငံအပါအ၀င္ အေရွ႔ေတာင္အာရွနုိင္ငံေတြက ပရိသတ္ေတြအေတြ႔ခ်င္ဆံုး အႏုပညာရွင္အျဖစ္ ေဆာင္ဂ်ီဟုိကုိေရြးခ်ယ္ခဲ႔ၾကတာပါ။

နာမည္ေက်ာ္မင္းသမီးေတြကုိေက်ာ္လြန္ျပီး ပရိသတ္အေတြ႔ခ်င္ဆံုးအႏုပညာရွင္အျဖစ္ေရြးခ်ယ္ခံ ခဲ႔ရရံုသာမက သူမဟာ ကုိရီးယားႏုိင္ငံရဲ ႔ေၾကာ္ျငာအားအေကာင္းဆံုးမင္းသမီး၊ ကုိရီးယားႏုိင္ငံရဲ႔ ထူးျခားခ်က္ေတြကုိေဖာ္ျပႏုိင္ဆံုးအႏုပညာရွင္၊ပါ၀င္ေရြးခ်ယ္ၾကသူေတြရဲ ႔ပါးစပ္ဖ်ားမွာ လွပျပီးအရည္အခ်င္းအရွိဆံုးလုိ႔သတ္မွတ္ျခင္းခံရတဲ႔ကုိရီးယားအႏုပညာရွင္တစ္ေယာက္ အျဖစ္အားလံုးက ေရြးခ်ယ္မဲေပးခဲ႔ၾကပါတယ္။

ျပီးခဲ႔တဲ႔ႏွစ္ ၂၀၁၇ တုန္းက ေဆာင္ဂ်ီဟုိဟာ ဂ်ာကာတာမွာရွိတဲ႔ Korea Brand & Entertainment Expo ၊ ဟုိခ်ီမင္းျမိဳ႔မွာရွိတဲ႔ Korea Brand & Entertainment Expo ႏွစ္ခုစလံုးရဲ႔ ကုိယ္စားလွယ္အျဖစ္ခန္႔အပ္ျခင္းခံခဲ႔ရပါတယ္။ဒရာမာကားေတြမွာ ေတြ႔ရနည္းေပမဲ႔ ေၾကာ္ျငာအမ်ားဆံုးရိုက္ကူးရတဲ႔မင္းသမီးတစ္လက္ျဖစ္ျပီးအခုဆိုရင္ “Song Ji Hyo’s Beautiful Life” ဆုိျပီးပရိုဂရမ္တစ္ခုမွာအစီအစဥ္တစ္ခုမွာပါ၀င္ရိုက္ကူးေနပါတယ္။ နာမည္အၾကီးဆံုး “Running Man”အစီအစဥ္မွာလည္း ပါ၀င္ရိုက္ကူးေနဆဲပါပဲ။SBS ရုပ္သံဌာနကဒရာမာဇာတ္လမ္းတြဲေတြရိုက္ကူးဖုိ႔ကမ္းလွမ္းခ်က္ေတြရရွိထားတယ္လို႔သိရပါတယ္။

သူမရုိက္ကူးထားတဲ႔ဒရာမာကားေတြကေတာ့…A Frozen Flower ၊ Princess Hours ၊ Emergency Couple ၊ Jumong ၊Ex-Girlfriend Club ၊ New World ၊ Super Express ၊Detectives in Trouble၊Wishing Stairs နဲ႔ ၂၀၁၈ ဒီႏွစ္အတြင္းမွာ What a Man Wants ဇာတ္ကားရိုက္ကူးထားပါတယ္။ဂ်ီဟုိကုိခ်စ္တဲ႔ပရိသတ္ေတြအတြက္ သူမရဲ ႔ပံုရိပ္ေလးေတြ မ်ွေ၀ေပးလိုက္ပါတယ္ေနာ္။

Unicode

Korea Trade-Investment Promotion Agency ဟာ ၂၀၁၈ခုနှစ်အတွင်း မတ်လကနေ ဧပြီလအထိ အာရှ၊အင်ဒိုနီးရှား၊ဗီယက်နမ်၊ထိုင်း၊မြန်မာ၊ဖိလစ်ပိုင်စတဲ့နိုင်ငံတွေ အပါအဝင်နိုင်ငံပေါင်း ၉နိုင်ငံကိုစစ်တမ်းကောက်ခဲ့ပါတယ်။ဘယ်လိုစစ်တမ်းကောက်တာလဲဆိုရင် နိုင်ငံကိုးနိုင်ငံအတွက်ရွေးချယ်စရာအကွက်လေးတွေလုပ်ပေးထားပြီး ကိုရီးယားနိုင်ငံရဲ ့ကုန်ပစ္စည်းတွေအကြောင်း၊ကိုရီးယားနိုင်ငံမှာနာမည်ကြီးတဲ့အနုပညာရှင်တွေနဲ့ပတ်သက်တဲ့အကြောင်းစသဖြင့် မေးခွန်းလေးတွေမေးထားတာပါ။

မတ်လနဲ့ဧပြီ ၂လ စစ်တမ်းကောက်ယူပြီးတဲ့နောက်မှာတော့ ကိုရီးယားနိုင်ငံအနုပညာရှင်တွေနဲ ့ပတ်သက်ပြီးရွေးချယ်ထားကြတဲ့အဖြေတွေကနေ အရှေ့တောင်အာရှပရိသတ်တွေ အတွေ့ချင်ဆုံးအနုပညာရှင်ပေါ်ထွက်လာခဲ့ပါတယ်။သူမကတော့ မင်းသမီး ဆောင်ဂျီဟိုဖြစ်ပါတယ်။

ဒရာမာဇာတ်လမ်းတွဲတွေမှာ သိပ်ပြီးမတွေ့ရပေမဲ့လူကြိုက်အများဆုံးအစီအစဉ် တစ်ခုဖြစ်တဲ့ Running Man အဖွဲ့ဝင်မိန်းမချောလေးတစ်ယောက်ဖြစ်လို့ သူမမှာ RM ပရိသတ်တွေအများကြီးရှိပါတယ်။မြန်မာနိုင်ငံမှာလည်း ဂျီဟိုကိုချစ်တဲ့ RM ပရိသတ်တွေအများကြီးပါ။ အဲ့ဒါကြောင့်ပဲမြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေက ပရိသတ်တွေအတွေ့ချင်ဆုံးအနုပညာရှင်အဖြစ် ဆောင်ဂျီဟိုကိုရွေးချယ်ခဲ့ကြတာပါ။

နာမည်ကျော်မင်းသမီးတွေကိုကျော်လွန်ပြီး ပရိသတ်အတွေ့ချင်ဆုံးအနုပညာရှင်အဖြစ်ရွေးချယ်ခံ ခဲ့ရရုံသာမက သူမဟာ ကိုရီးယားနိုင်ငံရဲ ့ကြော်ငြာအားအကောင်းဆုံးမင်းသမီး၊ ကိုရီးယားနိုင်ငံရဲ့ ထူးခြားချက်တွေကိုဖော်ပြနိုင်ဆုံးအနုပညာရှင်၊ပါဝင်ရွေးချယ်ကြသူတွေရဲ ့ပါးစပ်ဖျားမှာ လှပပြီးအရည်အချင်းအရှိဆုံးလို့သတ်မှတ်ခြင်းခံရတဲ့ကိုရီးယားအနုပညာရှင်တစ်ယောက် အဖြစ်အားလုံးက ရွေးချယ်မဲပေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၁၇ တုန်းက ဆောင်ဂျီဟိုဟာ ဂျာကာတာမှာရှိတဲ့ Korea Brand & Entertainment Expo ၊ ဟိုချီမင်းမြို့မှာရှိတဲ့ Korea Brand & Entertainment Expo နှစ်ခုစလုံးရဲ့ ကိုယ်စားလှယ်အဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ဒရာမာကားတွေမှာ တွေ့ရနည်းပေမဲ့ ကြော်ငြာအများဆုံးရိုက်ကူးရတဲ့မင်းသမီးတစ်လက်ဖြစ်ပြီးအခုဆိုရင် “Song Ji Hyo’s Beautiful Life” ဆိုပြီးပရိုဂရမ်တစ်ခုမှာအစီအစဉ်တစ်ခုမှာပါဝင်ရိုက်ကူးနေပါတယ်။ နာမည်အကြီးဆုံး “Running Man”အစီအစဉ်မှာလည်း ပါဝင်ရိုက်ကူးနေဆဲပါပဲ။SBS ရုပ်သံဌာနကဒရာမာဇာတ်လမ်းတွဲတွေရိုက်ကူးဖို့ကမ်းလှမ်းချက်တွေရရှိထားတယ်လို့သိရပါတယ်။သူမရိုက်ကူးထားတဲ့ဒရာမာကားတွေကတော့…A Frozen Flower ၊ Princess Hours ၊ Emergency Couple ၊ Jumong ၊Ex-Girlfriend Club ၊ New World ၊ Super Express ၊Detectives in Trouble၊Wishing Stairs နဲ့ ၂၀၁၈ ဒီနှစ်အတွင်းမှာ What a Man Wants ဇာတ်ကားရိုက်ကူးထားပါတယ်။ဂျီဟိုကိုချစ်တဲ့ပရိသတ်တွေအတွက် သူမရဲ ့ပုံရိပ်လေးတွေ မျှဝေပေးလိုက်ပါတယ်နော်။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.