ခ်စ္ရက္နဲ႕စြန္႕ခြာခဲ႔ျကတယ္ဆိုတာ

လူတစ္ေယာက္နဲ႕တစ္ေယာက္ကို ခ်စ္လာဖို႕ကံျကမၼာကဖန္တီးေပးလာတယ္ဆိုေပမဲ႔ ဒီအခ်စ္ကိုဆက္လက္တည္တ့ံေအာင္လုပ္ေဆာင္ဖို႕ကေတာ႔ ကံတစ္ခုတည္းနဲ႕တင္မလံုေလာက္ေသးပါဘူး။ တစ္ခ်ိဳ႕ အခ်စ္ေတြက ေရရွည္ျဖစ္ဖို႕ဆုိရင္ နွစ္ဦးနွစ္ဖက္ရဲ႕ဇြဲ၊သတၱိနဲ႕ တစ္ေယာက္ေပၚတစ္ေယာက္ထားတဲ႔စစ္မွန္တဲ႔ေမတၱာတရားကလိုပါေသးတယ္။ ဆိုေတာ႔ တစ္ခ်ိဳ႕ေသာစံုတြဲေတြဘာေျကာင္႔ခ်စ္ရက္နဲ႕တစ္ေယာက္ကိုတစ္ေယာက္စြန္႔ခြာသြားတတ္ျကသလဲဆိုတာ…
(၁) တစ္ေယာက္နဲ႕တစ္ေယာက္စိတ္သေဘာထားခ်င္းမတူလို႕
လူတစ္ေယာက္နဲ႕တစ္ေယာက္ဟာ စိတ္သေဘာထားခ်င္းလားလားမွတူညီမႈမရွိရင္ခ်စ္ျခင္းေမတၱာဆိုတာ အခြံသက္သက္ပါပဲ။ ဒါေျကာင္႔တစ္ေယာက္ကိုတစ္ေယာက္ ျကာရွည္ပတ္သတ္ေပါင္းသင္းနုိင္စြမ္းမရွိေတာ႔ ပဲခ်စ္ရက္နဲ႕စြန္႔ပစ္ျပီး ကိုယ္မွန္တယ္ထင္ရာလမ္းေျကာင္းကို ေရြးခ်ယ္္သြားတတ္ျကတာပါ။
(၂) သည္းခံနုိ္င္စြမ္းမရွိေတာ႔လို႕
တစ္ခ်ိဳ႕သူေတြက တစ္ေယာက္နဲ႕တစ္ေယာက္မတရားခ်စ္မိလာတဲ႔အခါပိုင္ဆုိင္လိုမႈေတြရယူလိုမႈေတြမ်ားျပားလာတာေျကာင္႔ ခ်ဳပ္ခ်ယ္တာေတြ ထိန္းခ်ဳပ္တာမ်ိဳးေတြျဖစ္လာနိုင္ပါတယ္။ ဒါဟာတကယ္တမ္းေတာ႔ ခ်စ္ျခင္းေမတၱာေတြေျကာင္႔ျဖစ္တယ္ဆိုေပမဲ႔ အခ်ိန္ျကာလာတဲ႔ အခါ နာက်င္
စရာေတြျဖစ္ျပီးတစ္ေယာက္အခ်စ္ကတစ္ေယာက္အတြက္ပူေလာင္စရာေတြျဖစ္ကာ သည္းခံနုိင္စြမ္းမရွိေတာ႔ပါဘူး။
(၃) ဘ၀တည္ေဆာက္ပံုခ်င္းမတူလုိ႕
ေရရွည္လက္တြဲသြားမဲ႔ခ်စ္သူမ်ိဳးေတြမွာ အမ်ားစုအားျဖင္႔တူညီတဲ႔စိတ္ကူးစိတ္သန္းေတြ တူညီတတ္ျကပါတယ္။ ဘ၀ကိုဖန္တီးတည္ေဆာက္တဲ႔ေနရာမွာလည္းနွစ္ဦးသားတူညီတဲ႔ ဦးတည္ခ်က္ေတြရည္ရြယ္ခ်က္ေတြရွိတာေျကာင္႔ ေရရွည္ခ်စ္ဖို႕လြယ္ကူပါတယ္။ ဒါေပမဲ႔တစ္ေယာက္နဲ႕တစ္ေယာက္
ခံယူခ်က္ျခင္းမတူ ဘ၀ကိုဖန္တီးတည္ေဆာက္ပံုျခင္းအယူအဆေတြခ်င္းကြဲျပားေနရင္ေတာ႔ ဘယ္ေလာက္ခ်စ္ခ်စ္အခ်ိန္တန္စြန္႔လႊတ္ခြဲခြာရစျမဲပါပဲ။
(၄) စြန္႔ခြာေပးမွ ေအးခ်မ္းနိုင္မွာမလို႕
ဒါကေတာ႔ တစ္ေယာက္ဘ၀နဲ႕တစ္ေယာက္ေပါင္းဖက္ဖို႕ ဘယ္လိုမွမလိုက္ဖက္မသင္႔ေတာ္တဲ႔ အခ်ိန္မွာ စြန္႔ခြာေပးမွ နွစ္ဦးနွစ္ဖက္လံုးဘ၀ေကာင္းမြန္ေအးခ်မ္းမွာ မလို႕ ခ်စ္ရက္နဲ႕လမ္းခြဲေပးရတာမ်ိဳးပါ။
(၅) အခ်စ္ထက္အေရးျကီးတဲ႔အရာေတြရွိလို႕
တစ္ခ်ိဳ႕ေသာသူေတြအတြက္ ခ်စ္ျခင္းေမတၱာကအေရးျကီးဆံုးျဖစ္ေနေပမဲ႔ တစ္ခ်ိဳ႕သူေတြတြက္ကေတာ႔ ခ်စ္တာျကိုက္တာေတြထပ္တစ္ျခားဦးစားေပးထည္႔သြင္းစဥ္းစားေပးရမဲ႔အရာမ်ိဳးေတြရွိေနတတ္ျကပါတယ္။ ဥပမာ- မိသားစုရဲ႕စိတ္ခ်မ္းသာမႈ လိုအရာမ်ိဳးေပါ႔။ ဒီလိုအခ်ိန္မွာ ကိုယ္ခ်စ္ရသူေဘးနားဒီတိုင္းကပ္ေနလုိ႕မျဖစ္ပဲ ဦးစားေပးရမဲ႔ အရာေတြရွိေနတာေျကာင္႔ ခ်စ္ရဲ႕နဲ႕စြန္႔ခြာခဲ႔ရတာမ်ိဳးေတြရွိပါတယ္။
ဘယ္လိုအေျကာင္းေျကာင္႔ပဲစြန္႔ခြာဖို႕ျဖစ္လာျဖစ္လာ ေနာင္တရက်န္ခဲ႔တာမ်ိဳးမျဖစ္ေစဖို႕ ခ်စ္ေနတုန္းကာလမွာ ညိွနိႈင္းသင္႔တာေတြညိွႏိႈင္းျပီးတစ္ေယာက္ေပၚတစ္ေယာက္တန္ဖိုးထားခ်စ္ျမတ္နိုးနုိင္ျကပါေစလို႕ဆုေတာင္းရင္း…

Unicode

လူတစ်ယောက်နဲ့တစ်ယောက်ကို ချစ်လာဖို့ကံကြမ္မာကဖန်တီးပေးလာတယ်ဆိုပေမဲ့ ဒီအချစ်ကိုဆက်လက်တည်တ့ံအောင်လုပ်ဆောင်ဖို့ကတော့ ကံတစ်ခုတည်းနဲ့တင်မလုံလောက်သေးပါဘူး။ တစ်ချို့ အချစ်တွေက ရေရှည်ဖြစ်ဖို့ဆိုရင် နှစ်ဦးနှစ်ဖက်ရဲ့ဇွဲ၊သတ္တိနဲ့ တစ်ယောက်ပေါ်တစ်ယောက်ထားတဲ့စစ်မှန်တဲ့မေတ္တာတရားကလိုပါသေးတယ်။ ဆိုတော့ တစ်ချို့သောစုံတွဲတွေဘာကြောင့်ချစ်ရက်နဲ့တစ်ယောက်ကိုတစ်ယောက်စွန့်ခွာသွားတတ်ကြသလဲဆိုတာ…
(၁) တစ်ယောက်နဲ့တစ်ယောက်စိတ်သဘောထားချင်းမတူလို့
လူတစ်ယောက်နဲ့တစ်ယောက်ဟာ စိတ်သဘောထားချင်းလားလားမှတူညီမှုမရှိရင်ချစ်ခြင်းမေတ္တာဆိုတာ အခွံသက်သက်ပါပဲ။ ဒါကြောင့်တစ်ယောက်ကိုတစ်ယောက် ကြာရှည်ပတ်သတ်ပေါင်းသင်းနိုင်စွမ်းမရှိတော့ ပဲချစ်ရက်နဲ့စွန့်ပစ်ပြီး ကိုယ်မှန်တယ်ထင်ရာလမ်းကြောင်းကို ရွေးချယ််သွားတတ်ကြတာပါ။
(၂) သည်းခံနို်င်စွမ်းမရှိတော့လို့
တစ်ချို့သူတွေက တစ်ယောက်နဲ့တစ်ယောက်မတရားချစ်မိလာတဲ့အခါပိုင်ဆိုင်လိုမှုတွေရယူလိုမှုတွေများပြားလာတာကြောင့် ချုပ်ချယ်တာတွေ ထိန်းချုပ်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒါဟာတကယ်တမ်းတော့ ချစ်ခြင်းမေတ္တာတွေကြောင့်ဖြစ်တယ်ဆိုပေမဲ့ အချိန်ကြာလာတဲ့ အခါ နာကျင်
စရာတွေဖြစ်ပြီးတစ်ယောက်အချစ်ကတစ်ယောက်အတွက်ပူလောင်စရာတွေဖြစ်ကာ သည်းခံနိုင်စွမ်းမရှိတော့ပါဘူး။
(၃) ဘဝတည်ဆောက်ပုံချင်းမတူလို့
ရေရှည်လက်တွဲသွားမဲ့ချစ်သူမျိုးတွေမှာ အများစုအားဖြင့်တူညီတဲ့စိတ်ကူးစိတ်သန်းတွေ တူညီတတ်ကြပါတယ်။ ဘဝကိုဖန်တီးတည်ဆောက်တဲ့နေရာမှာလည်းနှစ်ဦးသားတူညီတဲ့ ဦးတည်ချက်တွေရည်ရွယ်ချက်တွေရှိတာကြောင့် ရေရှည်ချစ်ဖို့လွယ်ကူပါတယ်။ ဒါပေမဲ့တစ်ယောက်နဲ့တစ်ယောက်
ခံယူချက်ခြင်းမတူ ဘဝကိုဖန်တီးတည်ဆောက်ပုံခြင်းအယူအဆတွေချင်းကွဲပြားနေရင်တော့ ဘယ်လောက်ချစ်ချစ်အချိန်တန်စွန့်လွှတ်ခွဲခွာရစမြဲပါပဲ။
(၄) စွန့်ခွာပေးမှ အေးချမ်းနိုင်မှာမလို့
ဒါကတော့ တစ်ယောက်ဘဝနဲ့တစ်ယောက်ပေါင်းဖက်ဖို့ ဘယ်လိုမှမလိုက်ဖက်မသင့်တော်တဲ့ အချိန်မှာ စွန့်ခွာပေးမှ နှစ်ဦးနှစ်ဖက်လုံးဘဝကောင်းမွန်အေးချမ်းမှာ မလို့ ချစ်ရက်နဲ့လမ်းခွဲပေးရတာမျိုးပါ။
(၅) အချစ်ထက်အရေးကြီးတဲ့အရာတွေရှိလို့
တစ်ချို့သောသူတွေအတွက် ချစ်ခြင်းမေတ္တာကအရေးကြီးဆုံးဖြစ်နေပေမဲ့ တစ်ချို့သူတွေတွက်ကတော့ ချစ်တာကြိုက်တာတွေထပ်တစ်ခြားဦးစားပေးထည့်သွင်းစဉ်းစားပေးရမဲ့အရာမျိုးတွေရှိနေတတ်ကြပါတယ်။ ဥပမာ- မိသားစုရဲ့စိတ်ချမ်းသာမှု လိုအရာမျိုးပေါ့။ ဒီလိုအချိန်မှာ ကိုယ်ချစ်ရသူဘေးနားဒီတိုင်းကပ်နေလို့မဖြစ်ပဲ ဦးစားပေးရမဲ့ အရာတွေရှိနေတာကြောင့် ချစ်ရဲ့နဲ့စွန့်ခွာခဲ့ရတာမျိုးတွေရှိပါတယ်။
ဘယ်လိုအကြောင်းကြောင့်ပဲစွန့်ခွာဖို့ဖြစ်လာဖြစ်လာ နောင်တရကျန်ခဲ့တာမျိုးမဖြစ်စေဖို့ ချစ်နေတုန်းကာလမှာ ညှိနှိုင်းသင့်တာတွေညှိနှိုင်းပြီးတစ်ယောက်ပေါ်တစ်ယောက်တန်ဖိုးထားချစ်မြတ်နိုးနိုင်ကြပါစေလို့ဆုတောင်းရင်း…

344 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.