သူများနဲ့မတူတဲ့ ဖန်တီးမှုပုံစံကို တင်ဆက်ပြသခဲ့တဲ့ ကမ္ဘာ့ပထမဆုံးရေအောက် Band

ရေအောက်မှာသီချင်းဆိုတယ်ဆိုတော့ အားလုံးက အထူးဆန်းဖြစ်နေကြတယ်။ သီချင်းရောဆိုနိုင်သလို ၊ သံစဉ်တွေကိုရော တီးခတ်နိုင်ပါ့မလား ? AquaSonic ဆိုတာ ကမ္ဘာ့ပထမဆုံး ရေအောက် band တစ်ခုဖြစ်ပြီး ဒိန်းမတ်လူမျိုး အဖွဲ့ဝင်ငါးယောက်ပါတဲ့ ဂီတပညာရှင်တွေက ဖန်ရေလှောင်ကန်ကြီးထဲမှာ ရေငုပ်ပြီး ဖျော်ဖြေတာဖြစ်ပါတယ်။

ဒီလိုရေအောက်ထဲမှာ ဖျော်ဖြေနိုင်ဖို့အတွက် ပင်လယ်ရေငုပ်သမားများ ၊ သိပံ္ပပညာရှင်များနဲ့ လက်မှုပညာသည်များမှ အကူညီယူပြီး သူတို့ရဲ့တူရိယာတွေကို အဆင့်မြှင့်ပါတယ်။ ရေအောက်ထဲမှာ နေနိုင်ဖို့အတွက်လည်း နှစ်တွေအကြာကြီးရင်းနှီးခဲ့ကြတာပါ။

၂ဝ၁၆ ခုနှစ် နယ်သာလန်မှာ AquaSonic band အဖွဲ့ ဖန်ရေကန်ထဲမှာ ရေငုပ်ပြီး ဖျော်ဖြေပွဲကျင်းပခဲ့ပါတယ်။ အခုလည်း ဒီနှစ်ထဲတွင် သြစတေးလျ Sydney Festival မှာ သူတို့ဖျော်ဖြေဖို့ အစီစဉ်ရှိပါတယ်။

AquaSonic band ရဲ့အဖွဲ့ခေါင်းဆောင် Robert Karlsson က ” ရေအောက်ထဲမှာ သီချင်းဆိုဖို့ ၊ တီးခတ်ဖို့ဆိုတာ ကျွန်တော်တို့အတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ စိန်ခေါ်မှုတစ်ခုပါပဲ … ဖျာ်ဖြေမှုမှာ ပရိတ်သတ်တွေ တစ်စုံတစ်ရာကိုတော့ ခံစားနိုင်မယ်ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

55 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.