သင့်မှာ စွန့်ပစ်ခံရမှာကြောက်တဲ့စိတ်ရောဂါရှိနေပြီလား .. ဒါကိုဖတ်ပြီးဆန်းစစ်လိုက်ပါ

ကိုယ့်ကိုတစ်ယောက်ယောက်က အထူးသဖြင့် ကိုယ်ချစ်တဲ့လူတွေထဲကတစ်ယောက်ယောက်က မချစ်တော့မှာ၊စွန့်ပစ်လိုက်မှာကို လူတိုင်းက ကြောက်ရွံ့တတ်ကြပါတယ်။ ဒါဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ စိုးရိမ်ကြောက်ရွံ့ခြင်းပါပဲ။ ဒါကပုံမှန်ဆိုပြဿနာမရှိပါဘူး။ကိုယ်ချစ်တဲ့လူကို ပိုချစ်လာတယ်ဆိုတဲ့ လက္ခဏာဖြစ်တာကြောင့် ကောင်းမွန်တဲ့လက္ခဏာ လို့တောင်ပြောလို့ရပါသေးတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်းပဲ ဒီစိုးရိမ်ကြောက်ရွံ့ခြင်းက အလွန်အကျွံဖြစ်လာပြီဆိုရင်တော့ စိတ်ရောဂါအဖြစ်ပြောင်းသွားပါပြီ။ စွန့်ပစ်ခံရမှာကြောက်တဲ့စိတ်ရောဂါကို Athazagoraphobia လို့ခေါ်ပါတယ်။ ကမ္ဘာပေါ်မှာ လူပေါင်းများစွာဟာAthazagoraphobia နဲ့ စိတ်ရောဂါပညာရှင်တွေကိုပုံမှန်ဆွေးနွေးကုသမှုခံယူလျက်ရှိကြပါတယ်။Athazagoraphobiaဟာ တစ်စုံတစ်ယောက်ကို အလွန်အကျွံမှီခိုလွန်းရာကဖြစ်တည်လာတဲ့ရောဂါအမျိုးအစားဖြစ်ပါတယ်။  Athazagoraphobia ရောဂါဝေဒနာရှင်တွေရဲ့လက္ခဏာတွေကို ဖော်ပြထားပါတယ်။သင့်မှာ Athazagoraphobia ရှိမရှိ ဆန်းစစ်ကြည့်လိုက်ပါ။

 

– မကြာခဏသဝန်တိုမယ်။

– သင်ဟာမိန်းကလေးဖြစ်မယ်ဆိုရင် တွေ့သမျှအခြားမိန်းကလေးတိုင်းကိုကြည့်မရဖြစ်နေမယ်၊သင်ဟာယောက်ျားလေးဖြစ်မယ်ဆိုရင်တော့ တွေ့သမျှယောက်ျားလေးတိုင်းကိုကြည့်မရဖြစ်နေမယ်။ သင်ဟာ လိင်တူချစ်သူတစ်ဦးဆိုရင်တော့ လူတိုင်းကိုကြည့်မရဖြစ်နေမယ်။ ရန်လိုနေမယ်။

– သူ့ကိုသင့်နားကထွက်မသွားဖို့အတွက် ဘာပဲပေးရပေးရအဆင်သင့်ဖြစ်ကြောင်း မလိုအပ်ပဲခဏခဏထုတ်ပြောမိနေမယ်။

– သူသင့်ကိုချန်ထားခဲ့တော့မှာပဲလို့ခဏခဏတွေးမိနေမယ်။

– သင့်ချစ်သူကို မယုံမကြည်ဖြစ်လာမယ်။

– သင့်ချစ်သူကို တစ်ခုခုဆို အပြစ်ပဲရှာမိနေမယ်။ (သူ့ကို သင့်ဘက်ကအရင်စပြီးတွန်းထုတ်မိနေမယ်၊ဒါမှမဟုတ် တွန်းလည်းမထုတ်နိုင် ယုံကြည်လို့လည်းမရဖြစ်နေမယ်)

– ရည်းစားတစ်ယောက်နဲ့ပြတ်သွားခဲ့ပြီိဆိုရင် တစ်ယောက်တည်းကြာကြာမနေနိုင်ဘူး၊ချက်ချင်းပဲ ဘေးကနေရာလွတ်ကိုအခြားတစ်ယောက်နဲ့ အစားထိုးလိုက်တတ်တယ်။

– သင်ချစ်တဲ့သူက သူ့သူငယ်ချင်းတွေနဲ့ဒါမှမဟုတ် အခြားသူတွေနဲ့တစ်နေရာရာကို သင်မပါပဲသွားရင် မကျေမနပ်ဖြစ်လို့မဆုံးဘူး၊အပြစ်ရှာလို့မဆုံးဘူးဖြစ်နေမယ်။

– ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်နေမယ်။အလိုလိုနေရင်းနဲ့ အချစ်ခံရဖို့မထိုက်တန်ပါဘူးလို့တွေးမိနေမယ်။

– ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေပျောက်ဆုံးလာမယ်။ကိုယ့်ကိုယ်ကိုယ်လေးစားမှုတွေပျောက်ချင်းမလှပျောက်သွားမယ်။

– ချစ်သူရတဲ့အခါ ချစ်သူသက်တမ်းမကြာသေးပဲနဲ့ကို တစ်ဖက်လူကိုချည်နှောင်ထားမယ့်အပြုအမူတွေလုပ်မိနေမယ်။ ကြာကြာနေရင် လမ်းခွဲသွားမှာစိုးလို့ ချက်ချင်းလက်ထပ်ကြဖို့ အရေးဆိုမိမယ်။

– တစ်ယောက်တည်းမနေချင်တာကြောင့်၊ဒါမှမဟုတ် စွန့်ပစ်ခံရမှာကြောက်တာကြောင့်ပဲ အချစ်ရေးမှာ တစ်ဖက်လူက အနိုင်ကျင့်တာ၊ပလစ်တာတွေကိုခေါင်းငုံ့ခံပြီးကပ်တွယ်နေမယ်။

– ကိုယ့်ချစ်သူကို အချိန်ရှိသရွေ့ချုပ်ကိုင်ဖို့ကြိုးစားမိနေမယ်။အရမ်းကို Control လုပ်မိနေမယ်။

 

သင့်မှာ စွန့်ပစ်ခံရမှာကြောက်တဲ့စိတ်ရောဂါ Athazagoraphobia ရှိနေပြီိဆိုရင် အထက်မှာဖော်ပြထားတဲ့အချက်တွေတော်တော်များများနဲ့ငြိနေပါလိမ့်မယ်။ ပြောစရာရှိတာက စိတ်ရောဂါရှိနေလည်းကြောက်စရာတုန်လှုပ်စရာမလိုပါဘူး။ တတ်ကျွမ်းတဲ့ဆရာဝန်နဲ့တစ်ပတ်တစ်ကြိမ်လောက်ဆွေးနွေးကုသမှုခံယူပေးရင်ရောဂါအနုအရင့်အလိုက် အချိန်တိုအတွင်းပျောက်ကင်းနိုင်တာကြောင့်ပါပဲ။ နောက်ပြီးတော့ လူတွေဟာ တစ်မျိုးမဟုတ်တစ်မျိုးစိတ်ရောဂါတွေရှိနေကြပြီး ရှိနေမှန်းတောင်သူတို့ကိုယ်သူတို့မသိတဲ့လူတွေမို့ ဘာမှရှက်စရာမလိုဘူးဆိုတာပါပဲ။

 

Unicode Format




113 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.