လူငယ်များအတွက် အကျိုးရှိစေမယ့် စာအုပ်ကောင်း ” နှစ်ဆယ့်တစ်ရာစု သားရွှေဥ”

ကိုယ်ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်းမသိ ပန်းတိုင်ပျောက်နေတဲ့ လူငယ်တွေ၊ ကြုံတွေ့နေရတဲ့အခက်ခဲတွေ ၊ ဖိအားတွေကို ဘယ်လိုတွန်းလှန်မလဲ ၊ ဘယ်လိုရင်ဆိုင်မလဲ ဆိုတာကို အကောင်းဆုံး လမ်းညွန်ပြသထားတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ လူငယ်တွေကိုပါမက လူကြီးတွေလည်းဖတ်သင့်တဲ့ ဆရာကျော်ဝင်းဘာသာပြန်ဆိုထားသော Sean Covey ရဲ့ ”7 Habits of Highly Effective Teens ” စာအုပ်ပါ။ အဖေဖြစ်သူ Stephen R. Covey ရဲ့စာအုပ်ကိုပြန်လည် မှီငြမ်းရေးသားထားတာဖြစ်ပေမယ့် ရည်ရွယ်ချက်က နည်းနည်းကွဲပါတယ်။ သူကတော့ လူငယ်တွေဘက်ကို ပိုအားသန်ထားတာဖြစ်ပြီး Stephen က လူကြီးတွေဘက်က ရှုထောင့်ကိုရေးသားထားတာဖြစ်ပါတယ်။

ဒါဆို စာအုပ်ထဲမှာပါဝင်တဲ့ Sean ရဲ့နည်းလမ်း(၇)ချက်ရဲ့ ခေါင်းစဉ်လေးတွေကို အမြည်းအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

(1) Be Proactive (ပထမဦးစားပေးတွေကနေ စပါ)
(2) Begin with the end in mind (စိတ်ရှင်းရှင်းနဲ့ စပါ)
(3) Put First Things First (ပထမဦးစားပေးတွေကနေ စပါ)
(4)Think Win-Win (သူလည်း နိုင်၊ ကိုယ်လည်း နိုင်ဆိုတဲ့ အခြေအနေအတိုင်းပဲ စဉ်းစားပါ)
(5) Seek First to Understand, Then to be Understood (ပထမ နားလည်အောင် ကို         စားပါ၊ ပြီးမှ နားလည်မှုကို ခံယူပါ)
(6)Synergize (ပူးပေါင်းဆောင်ရွက်ပါ)
(7) Sharpen the Saw (ပြန်သွေးပါ)

92 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.