အမ်ားသံုးသန္႔စင္ခန္း၀င္ေတာ့မယ္ဆုိရင္ ဒါေလးေတြေတာ့သတိထားေစခ်င္…

အမ်ားသံုးသန္႔စင္ခန္းေတြက ဘယ္ေလာက္ပဲသန္႔ရွင္းေရးလုပ္လုပ္ လူအမ်ားစု အသံုးျပဳေနတာ ျဖစ္လုိ႔ ဘတ္တီးရီးယားပုိးမႊားေတြအနည္းနဲ႔အမ်ားဆိုသလိုရွိေနတတ္ပါတယ္။ ေနရာတိုင္းမွာ ဘတ္တီးရီးယားေတြရွိေနတယ္ဆိုတာမွန္ေပမဲ႔ ဒီလုိအမ်ားသံုးသန္႔စင္ခန္းအသံုးျပဳတဲ႔
အခါ ပိုျပီးေတာ့သတိထားဖုိ႔လိုပါတယ္။က်န္းမာေရးအသိဆိုတာ ပိုတယ္ရယ္မရွိပါဘူး။ အဲ႔ဒါေၾကာင့္အမ်ားသံုးသန္႔စင္ခန္းအသံုးျပဳေတာ့မယ္ဆိုရင္က်န္းမာေရးအတြက္ သတိထားသင့္တဲ႔အခ်က္ေလးေတြကုိ ေျပာျပေပးခ်င္ပါတယ္။

၁)ပထမဆံုးသန္႔စင္ခန္းကုိေရြးခ်ယ္ပါ
အမ်ားသံုးသန္႔စင္ခန္းဆုိတာနဲ႔ အနည္းဆံုး ၃ခန္းေလာက္ပါပါတယ္။ အဲ႔ဒီအခါမွာ ပထမဆံုးအခန္းလြတ္ရင္ ပထမဆံုးအခန္းကုိသံုးပါ။ဘာလို႔လဲဆုိရင္ေလ့လာခ်က္ေတြ အရ လူအမ်ားစုက ပထမဆံုးအခန္းထက္တံခါးေပါက္နဲ႔အေတာ္အတန္ေ၀းတဲ႔ေနရာက အခန္းကုိသံုးေလ့ရွိတယ္လုိ႔သိရပါတယ္။အဲ႔ဒါေၾကာင့္ ပထမဆံုးအခန္းကုိေရြးခ်ယ္တာက အေကာင္းဆံုးျဖစ္ပါလိမ့္မယ္။

၂)သန္႔စင္ခန္းၾကမ္းျပင္မွာ ပစၥည္းေတြမခ်ပါနဲ႔
တကယ္လုိ႔အေဖာ္မပါပဲ တစ္ေယာက္တည္းျဖစ္ေနတယ္ဆုိပါေတာ့။ သန္႔စင္ခန္း၀င္တုန္း အိတ္ကုိထားစရာမရွိဘူးဆိုျပီး ၾကမ္းျပင္ေပၚခ်ထားေကာင္းခ်ထားႏုိင္ပါတယ္။ ခ်ထားတဲ႔သူေတြလည္းရွိႏုိင္ ပါတယ္။သတိေပးခ်င္တာကေတာ့ ၾကမ္းျပင္ေပၚမခ်ပါနဲ႔။ ဖိနပ္ကအညစ္ေၾကးေတြတိုက္ရိုက္ေပပြေနတဲ႔ေနရာမွာ အိတ္ကုိခ်ထားလိုက္မယ္ဆုိရင္ ဘတ္တီးရီးယားပိုးေတြအိတ္ကိုကူးစက္လာႏုိင္ပါတယ္။အဲ႔ဒီအိတ္ကိုသင္ျပန္ကုိင္တဲ႔အခ်ိန္မွာေတာ့
အိတ္ကေနတစ္ဆင့္သင့္လက္၊လက္ကေနတစ္ဆင့္တျဖည္းျဖည္းကူးစက္ပ်ံ႔ႏွံ႔သြားရင္က်န္းမာေရးအတြက္မေကာင္းနုိင္ပါဘူး။သန္႔စင္ခန္း၀င္တဲ႔အခါအိတ္ကိုလြယ္ထားလုိက္ တာက အေကာင္းဆံုးပါပဲ။

၃)ေရဆြဲခ်တဲ႔အခါသတိထားပါ
အခုဆုိရင္တျဖည္းျဖည္းေခတ္မီလာလို႔ စတီးတံေလးေတြရွိလာသလို ဖိခ်ရတဲ႔ခလုတ္ေလးေတြ ရွိလာပါျပီ။တကယ္လို႔ သင္အဲ႔ဒါကုိသံုးေတာ့မယ္ဆုိရင္လက္ကုိ တစ္ရွဴးနဲ႔ပတ္ထားျပီး မွႏိွပ္ဖုိ႔အၾကံေပးခ်င္ပါတယ္။အဲ႔ဒီေနရာမွာ မျမင္ရတဲ႔ေရာဂါပိုးမႊားေလးေတြအမ်ားဆံုးရွိေန တတ္ပါတယ္။ျပီးရင္အဲ႔ဒီတစ္ရွဴးကုိခ်က္ခ်င္းအမိႈက္ပံုးထဲပစ္ထည့္ျပီး ျမန္ျမန္ထြက္လာခဲ႔ပါ။

၄)အေျခာက္ခံစက္ကုိမသံုးပါနဲ႔
အေျခာက္ခံစက္၊တစ္ရွဴးႏွစ္ခုလံုးရွိေနတယ္ဆုိရင္ အေျခာက္ခံစက္ကုိလံုး၀မသံုးပဲ တစ္ရွဴးကုိပဲသံုးပါ။ဘတ္တီးရီးယားေတြက ပူေႏြးတဲ႔ပတ္၀န္းက်င္မွာေပါက္ဖြားရတာ ပိုၾကိဳက္တယ္ဆုိတာသတိရပါ။ေလနဲ႔အေျခာက္ခံလုိက္မယ္ဆိုရင္ အဲ႔ဒီေနရာမွာရွိေနတဲ ႔ေလထုထဲကဘတ္တီးရီးယားေတြက သင့္လက္ကိုေရာက္လာပါလိ့မ္မယ္။ အေကာင္းဆံုးကေတာ့ တစ္ရွဴးကုိသံုးဖုိ႔ပါပဲ။

၅)တံခါးလက္ကုိင္ကုိ ဂရုတစိုက္ဖြင့္ပါ
တံခါးလက္ကုိင္ဆုိတာ လူတိုင္းဖြင့္လုိက္ပိတ္လိုက္လုပ္ေနတာေၾကာင့္အဲ႔ဒီမွာ ေသးငယ္တဲ႔ေရာဂါပုိးမႊားေတြရွိေနပါတယ္။တစ္ေန႔တည္းမွာတင္လက္ေပါင္းမ်ားစြာ
သံုးလာခ႔ဲၾကတာျဖစ္လုိ႔ သင့္က်န္းမာေရးကုိသင္ဂရုစုိက္တယ္ဆုိရင္ တံခါးဖြင့္တဲ႔အခါ သင့္လက္ကုိတစ္ရွဴးနဲ႔ပတ္ျပီးျဖစ္ေစ တံခါးကိုတစ္ရွဴးနဲ႔ကိုင္ျပီးျဖစ္ေစဖြင့္ပါ။ အဲ႔ဒီတစ္ရွဴးကုိလႊင့္ပစ္ဖုိ႔လည္းမေမ့ပါနဲ႔ဦး။

၆)အျမဲတမ္းတစ္ရွဴး ဒါမွမဟုတ္ wet papar ေဆာင္ထားပါ
မေမ်ွာ္လင့္ထားတာေတြက အျမဲျဖစ္တတ္ပါတယ္။အမ်ားသံုးသန္႔စင္ခန္းထဲမွာ တစ္ရွဴးမရွိဘူးဆုိရင္အဆင္မေျပပါဘူး။အဲ႔ဒါေၾကာင့္ သင့္အိတ္ထဲမွာတစ္ရွဴးကုိအျမဲတေစ ထည့္ထားဖုိ႔မေမ့ပါနဲ႔။

Unicode

အများသုံးသန့်စင်ခန်းတွေက ဘယ်လောက်ပဲသန့်ရှင်းရေးလုပ်လုပ် လူအများစု အသုံးပြုနေတာ ဖြစ်လို့ ဘတ်တီးရီးယားပိုးမွှားတွေအနည်းနဲ့အများဆိုသလိုရှိနေတတ်ပါတယ်။ နေရာတိုင်းမှာ ဘတ်တီးရီးယားတွေရှိနေတယ်ဆိုတာမှန်ပေမဲ့ ဒီလိုအများသုံးသန့်စင်ခန်းအသုံးပြုတဲ့
အခါ ပိုပြီးတော့သတိထားဖို့လိုပါတယ်။ကျန်းမာရေးအသိဆိုတာ ပိုတယ်ရယ်မရှိပါဘူး။ အဲ့ဒါကြောင့်အများသုံးသန့်စင်ခန်းအသုံးပြုတော့မယ်ဆိုရင်ကျန်းမာရေးအတွက် သတိထားသင့်တဲ့အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

၁)ပထမဆုံးသန့်စင်ခန်းကိုရွေးချယ်ပါ
အများသုံးသန့်စင်ခန်းဆိုတာနဲ့ အနည်းဆုံး ၃ခန်းလောက်ပါပါတယ်။ အဲ့ဒီအခါမှာ ပထမဆုံးအခန်းလွတ်ရင် ပထမဆုံးအခန်းကိုသုံးပါ။ဘာလို့လဲဆိုရင်လေ့လာချက်တွေ အရ လူအများစုက ပထမဆုံးအခန်းထက်တံခါးပေါက်နဲ့အတော်အတန်ဝေးတဲ့နေရာက အခန်းကိုသုံးလေ့ရှိတယ်လို့သိရပါတယ်။အဲ့ဒါကြောင့် ပထမဆုံးအခန်းကိုရွေးချယ်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

၂)သန့်စင်ခန်းကြမ်းပြင်မှာ ပစ္စည်းတွေမချပါနဲ့
တကယ်လို့အဖော်မပါပဲ တစ်ယောက်တည်းဖြစ်နေတယ်ဆိုပါတော့။ သန့်စင်ခန်းဝင်တုန်း အိတ်ကိုထားစရာမရှိဘူးဆိုပြီး ကြမ်းပြင်ပေါ်ချထားကောင်းချထားနိုင်ပါတယ်။ ချထားတဲ့သူတွေလည်းရှိနိုင် ပါတယ်။သတိပေးချင်တာကတော့ ကြမ်းပြင်ပေါ်မချပါနဲ့။ ဖိနပ်ကအညစ်ကြေးတွေတိုက်ရိုက်ပေပွနေတဲ့နေရာမှာ အိတ်ကိုချထားလိုက်မယ်ဆိုရင် ဘတ်တီးရီးယားပိုးတွေအိတ်ကိုကူးစက်လာနိုင်ပါတယ်။အဲ့ဒီအိတ်ကိုသင်ပြန်ကိုင်တဲ့အချိန်မှာတော့
အိတ်ကနေတစ်ဆင့်သင့်လက်၊လက်ကနေတစ်ဆင့်တဖြည်းဖြည်းကူးစက်ပျံ့နှံ့သွားရင်ကျန်းမာရေးအတွက်မကောင်းနိုင်ပါဘူး။သန့်စင်ခန်းဝင်တဲ့အခါအိတ်ကိုလွယ်ထားလိုက် တာက အကောင်းဆုံးပါပဲ။

၃)ရေဆွဲချတဲ့အခါသတိထားပါ
အခုဆိုရင်တဖြည်းဖြည်းခေတ်မီလာလို့ စတီးတံလေးတွေရှိလာသလို ဖိချရတဲ့ခလုတ်လေးတွေ ရှိလာပါပြီ။တကယ်လို့ သင်အဲ့ဒါကိုသုံးတော့မယ်ဆိုရင်လက်ကို တစ်ရှူးနဲ့ပတ်ထားပြီး မှနှိပ်ဖို့အကြံပေးချင်ပါတယ်။အဲ့ဒီနေရာမှာ မမြင်ရတဲ့ရောဂါပိုးမွှားလေးတွေအများဆုံးရှိနေ တတ်ပါတယ်။ပြီးရင်အဲ့ဒီတစ်ရှူးကိုချက်ချင်းအမှိုက်ပုံးထဲပစ်ထည့်ပြီး မြန်မြန်ထွက်လာခဲ့ပါ။

၄)အခြောက်ခံစက်ကိုမသုံးပါနဲ့
အခြောက်ခံစက်၊တစ်ရှူးနှစ်ခုလုံးရှိနေတယ်ဆိုရင် အခြောက်ခံစက်ကိုလုံးဝမသုံးပဲ တစ်ရှူးကိုပဲသုံးပါ။ဘတ်တီးရီးယားတွေက ပူနွေးတဲ့ပတ်ဝန်းကျင်မှာပေါက်ဖွားရတာ ပိုကြိုက်တယ်ဆိုတာသတိရပါ။လေနဲ့အခြောက်ခံလိုက်မယ်ဆိုရင် အဲ့ဒီနေရာမှာရှိနေတဲ ့လေထုထဲကဘတ်တီးရီးယားတွေက သင့်လက်ကိုရောက်လာပါလိ့မ်မယ်။ အကောင်းဆုံးကတော့ တစ်ရှူးကိုသုံးဖို့ပါပဲ။

၅)တံခါးလက်ကိုင်ကို ဂရုတစိုက်ဖွင့်ပါ
တံခါးလက်ကိုင်ဆိုတာ လူတိုင်းဖွင့်လိုက်ပိတ်လိုက်လုပ်နေတာကြောင့်အဲ့ဒီမှာ သေးငယ်တဲ့ရောဂါပိုးမွှားတွေရှိနေပါတယ်။တစ်နေ့တည်းမှာတင်လက်ပေါင်းများစွာ
သုံးလာခဲ့ကြတာဖြစ်လို့ သင့်ကျန်းမာရေးကိုသင်ဂရုစိုက်တယ်ဆိုရင် တံခါးဖွင့်တဲ့အခါ သင့်လက်ကိုတစ်ရှူးနဲ့ပတ်ပြီးဖြစ်စေ တံခါးကိုတစ်ရှူးနဲ့ကိုင်ပြီးဖြစ်စေဖွင့်ပါ။ အဲ့ဒီတစ်ရှူးကိုလွှင့်ပစ်ဖို့လည်းမမေ့ပါနဲ့ဦး။

၆)အမြဲတမ်းတစ်ရှူး ဒါမှမဟုတ် wet papar ဆောင်ထားပါ
မမျှော်လင့်ထားတာတွေက အမြဲဖြစ်တတ်ပါတယ်။အများသုံးသန့်စင်ခန်းထဲမှာ တစ်ရှူးမရှိဘူးဆိုရင်အဆင်မပြေပါဘူး။အဲ့ဒါကြောင့် သင့်အိတ်ထဲမှာတစ်ရှူးကိုအမြဲတစေ ထည့်ထားဖို့မမေ့ပါနဲ့။

485 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.