အဆင်တန်ဆာအမိုက်စားတွေ စိတ်ဝင်စားတယ်၊ ဈေးကြီးပေမယ့် အကောင်းစား အဆင်တန်ဆာတွေကိုမှ ၀တ်ဆင်တတ်သူတွေကတော့ ပြင်သစ်က အထင်ကရ brand တစ်ခုဖြစ်တဲ့ Lancaster Paris ကို သိပြီးသားဖြစ်မှာပါ။ ခုလို Lancaster Paris ဟာ နာမည်ကြီးမော်ဒယ် Karlie Kloss နဲ့ သူ့ရဲ့ ကုန်ပစ္စည်းတွေကို လူပိုစိတ်ဝင်စားအောင် ကြော်ငြာလိုက်ပါပြီ။ ပြိုင်ဘက် brand တွေထက် သာအောင် အမိုက်စား မော်ဒယ်၊ အမိုက်စား ဓာတ်ပုံဆရာ တွေနဲ့ ကြိုးစားပုံဖော်လိုက်တဲ့ Lancaster Paris ရဲ့ လက်ကိုင်အိတ်၊ ပိုက်ဆံအိတ် ကြော်ငြာဟာ ခုဆို 2013ခုနှစ်ရဲ့ customer အာရုံအဆွဲဆောင်နိုင်ဆုံး ကြော်ငြာတွေထဲမှာ ပါဝင်ခဲ့ပြီး ကုန်ပစ္စည်းရောင်းရနှုန်းပါ တက်လာခဲ့တယ်လို့ သိရပါတယ်။ ကမ်းလှမ်းတဲ့ ကြော်ငြာတိုင်း လက်ခံရိုက်ကူးလေ့မရှိတဲ့ မော်ဒယ် Karlie Kloss ကတော့ ခုလို ရိုက်ကူးဖြစ်ခဲ့ခြင်းဟာ ဒီ brand အပေါ်ယုံကြည်ချက်ရှိနေတာကြောင့်ရယ်၊ သူမကိုယ်တိုင် ကြိုက်နှစ်သက်တဲ့ brand ဖြစ်နေတာကြောင့်ပါလို့ ဖွင့်ဟခဲ့ပါတယ်။
Ref:herworldplus.com