Mexican talk Show စီစဉ်တင်ဆက်သူတွေရဲ့ အပြုအမူကြောင့် Super Junior ပရိသတ်တွေဒေါသထွက်နေ
အဖွဲ့ဖြစ်ပါတယ်။
Unicode
Super Junior ဆိုတာ တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးအဆိုတော်အဖွဲ့ပါ။၂၀၀၅ခုနှစ်တုန်းက Leeteuk ၊ Heechul ၊ Hangeng ၊Yesung ၊ Kangin ၊Shindong ၊ Sungmin ၊ Eunhyuk ၊ Siwon ၊ Donghae ၊ Ryeowook ၊ Kibum စတဲ့အဖွဲ့ဝင် ၁၂ယောက်နဲ့ ဖွဲ့ခဲ့ပြီး ၂၀၀၆ခုနှစ်မှာ Kyuhyun ဆိုတဲ့အဖွဲ့ဝင်တစ်ယောက်တိုးလာခဲ့ပါတယ်။လက်ရှိ အဖွဲ့ဝင် ၁၃ယောက်နဲ့ နိုင်ငံတကာပရိသတ်တွေအများအပြားပိုင်ဆိုင်ထားတဲ့ ယောကျ်ားလေးအဆိုတော်
အဖွဲ့ဖြစ်ပါတယ်။
ပြည်ပမီဒီယာတစ်ခုရဲ ့ဖော်ပြချက်အရ မကြာသေးခင်က Super Junior အဖွဲ့သားတွေဟာ ‘Super Junior World Tour Super Show 7’ အတွက်ပြည်ပနိုင်ငံတော်တော်များများ ကိုသွားရောက်ခဲ့ပါတယ်။Mexico နိုင်ငံကိုလည်းသွားရောက်ခဲ့ပြီး နာမည်ကျော် တော့ခ်ရှိုးတစ်ခုဖြစ်တဲ့ ‘Monste & Joe’ ကနေဧည့်သည်အဖြစ်ဖိတ်ကြား ခံခဲ့ရတယ်လို့သိရပါတယ်။
အဲ့ဒီတော့ခ်ရှိုးကြောင့်ပဲ Super Juniorပရိသတ်တွေအပြင်းအထန်ဝေဖန်ဒေါသထွက်ခဲ့ကြတာပါ။ အဖြစ်အပျက်ကတော့ တော့ခ်ရှိုးရဲ ့အစီအစဉ်တင်ဆက်သူတွေက Super Junior အဖွဲ့ဝင်တွေကို ပုံထဲမှာမြင်ရတဲ့အတိုင်းအနမ်းပေးခဲ့ကြပါတယ်။တင်ဆက်သူတစ်ယောက်ကဆိုရင် ဖျော်ဖြေနေတုန်း Siwon ရဲ ့နှုတ်ခမ်းကို နမ်းခဲ့တာကိုမြင်တွေ့ရပါတယ်။ အဲ့ဒီအဖြစ်အပျက်ကို မြင်တွေ့ရတဲ့ Super Junior ပရိသတ်တွေက ဒါက လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှု
ပဲလို့တောင် ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။Super Junior အဖွဲ့ဝင်တွေကိုုယ်တိုင်ကလည်း အံ့သြနေကြပုံကိုမြင်တွေ့ရတဲ့အတွက် ပရိသတ်တွေကအစီအစဉ်တင်ဆက်သူတွေ ကိုပိုုပြီးတော့တောင်ဝေဖန်ပြောဆိုခဲ့ကြပါတယ်။
တစ်ချို့ကတော့ ဒါကယဉ်ကျေးမှုကွာခြားတာကြောင့်ဖြစ်သလို အဖွဲ့ဝင်တွေကလည်း အဲ့ဒီလိုအနမ်းခံရတာကြော့င်စိတ်အနှောင့်အယှက်ဖြစ်ပုံမရပါဘူးလို့ရေးသားထားကြပါတယ်။ကောမန့်ဝင်ရေးသူတစ်ယောက်ကလည်း အစီအစဉ်တင်ဆက်သူတွေက Super Junior အဖွဲ့ဝင်တွေကိုနမ်းခဲ့ကြသလို အဖွဲ့ဝင်တွေကလည်း အစီအစဉ်တင်ဆက်သူတစ်ယောက်ရဲ ့ပါးကိုပြန်ပြီးနမ်းခဲ့ပါတယ်။တကယ်တော့ ဒါက လိင်ပိုင်းဆိုုင်ရာထိပါးနှောင့်ယှက်မှု
မဟုတ်ပါဘူး။အစီအစဉ်တင်ဆက်သူက Super Junior ခေါင်းဆောင် Leeteuk ရဲ့ပါးကိုနမ်းလို့ရမလားလို့မေးခဲ့ပါတယ်။ပြီးတော့အားလုံးပျော်ပျော်ရွှင်ရွှင်ပါပဲ။
ဒါက သူ့အရပ်နဲ့သူ့ဇာတ်ဆိုသလို သူတို့ရဲ့အစဉ်အလာကို အားလုံးကနားလည်ပြီးသား ပါလို့ရေးသားထားတာမြင်တွေ့ရပါတယ်။
229 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.