ဆေးခြောက်ဝယ်ယူသုံးစွဲမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ မင်းသား Han Joo Wan
Unicode
တောင်ကိုရီးယားအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသား Han Joo Wan ကို ဆေးခြောက် ၁ဝဂရမ် ဝယ်ယူနေတာတွေ့ရှိရသဖြင့် ထိန်းသိမ်းခဲ့ပြီးမေလ ၁ဝရက်နေ့က တရားရုံးက စီရင်ချက်ချခဲ့တယ်လို့သိရပါတယ်။ တရားရုံးရဲ ့စီရင်ချက်အရ စောင့်ကြည့်ကာလ ၂နှစ်နဲ့ ထောင်ဒဏ် ၈လ သတ်မှတ်ခံခဲ့ရပါတယ်။
အဓိပ္ပာယ်ကတော့ စောင့်ကြည့်ကာလ ၂နှစ်အတွင်းမှာ ဥပဒေကိုထပ်ပြီးချိုးဖောက်မယ်ဆိုရင် ထောင် ၈လကျခံရမှာပဲဖြစ်ပါတယ်။ဆေးခြောက်သုံးစွဲမှုကိုကုသဖို့အတွက် နာရီ ၄၀ အချိန်ပေးခဲ့ပြီး ဝမ်ငွေ ၃.၂သန်း ဒဏ်ကြေးကောက်ခံခဲ့တယ်လို့လည်းသိရပါတယ်။မင်းသား Han Joo Wan ရဲ ့အေဂျင်စီဖြစ်တဲ့
Starhaus Entertainment က “ဧပြီလမှာ တရားရုံးရဲ ့စည်းကမ်းဥပဒေသတ်မှတ်ပြီးတဲ့နောက် မင်းသားက သူ့ကိုယ်သူပြန်ပြီး ပြင်ဆင်နေပါတယ်။တရားဥပဒေနဲ့အညီဆောင်ရွက်နေတဲ့အတွက် သေချာမသိပဲသတင်းတွေကိုရမ်းသမ်းပြီးမဖြန့်ဝေဖို့လည်းရှောင်ကြဉ်ပေးကြပါလို့မီဒီယာတွေကိုတောင်းဆိုခဲ့ပါတယ်။
မင်းသား Han Joo Wan ဟာ ၂၀၀၉ခုနှစ်ကစကာ အနုပညာလောကထဲဝင်ရောက်ခဲ့ပြီးနောက် “School 2017” ၊ “Meloholic” ၊ “Blow Breeze” ၊”Splendid Politics”၊”Splendid Politics”၊ “Wang’s Family” စတဲ့ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။သူ့ကို ပရိသတ်တွေပိုသိခဲ့တာကတော့ “Blow Breeze”ဇာတ်ကားမှာဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားဟာ မကြာသေးခင်က MRTV 4 ရုပ်သံဌာနကနေ ထုတ်လွှင့်ပြသခဲ့တာပါ။သူ့ရဲ ့ပရိသတ်တွေကတော့ ကရုဏာဒေါသောနဲ့ဝေဖန်ကြသလို အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် နာမည်ထိခိုက်မှာစိုးလို့နောက်ထပ် မလုပ်ဖို့လည်းကောမန့်တွေမှာ ရေးသားထားတာမြင်တွေ့ရပါတယ်။
39 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.