၀ိတ္ေလ်ာ႔မယ္လို႕ ျကံတိုင္းပိုပို၀၀လာတဲ႔အေျကာင္းေတြက

တစ္ခ်ိဳ႕ေသာသူေတြက ၀ိတ္ခ်မယ္ေဟ႔လို႕ျကံလိုက္တိုင္း မထင္မွတ္ပဲပိုပို ၀၀လာတတ္ျကပါတယ္။ ဆိုေတာ႔ ၀ိတ္ေလ်ာ႔မယ္ဆိုတိုင္းပိုပို၀လာတဲ႔အေျကာင္းရင္းကဘာေျကာင္႔ျဖစ္မလဲဆိုတာ…
(၁) အစားကိုအခ်ိန္မွန္မစားလို႕
အစားကိုအခိ်န္မွန္မွန္စားသံုးေပးျခင္းကလည္း၀ိတ္က်ေစတဲ႔နည္းလမ္းေကာင္းတစ္ခုပါပဲ။ တစ္ခ်ိဳ႕ေသာသူေတြက ၀ိတ္ေလ်ာ႔ေနတဲ႔ကာလအတြင္းမွာ အစားကိုအခ်ိန္မွန္မွန္စားသံုးေပးျခင္းမရွိပဲ ျဖစ္သလိုစားတတ္တာေတြေျကာင္႔ ခႏၶာကိုယ္ဟာ လိုအပ္သေလာက္ ျပည္႔၀မႈမရွိေတာ႔ပဲဆာေလာင္တာမ်ိဳးျဖစ္တတ္ျပီးဒီလိုဆာေလာင္ေနတဲ႔အခ်ိန္ျကမွစားမိရာကေနပိုျပီး၀လာနို္င္ေစပါတယ္။
(၂) အားကစားလုပ္ပံုလုပ္နည္းမွားလို႕
တစ္ခ်ိဳ႕က၀ိတ္က်ဖို႕အတြက္ အားကစားေတြလုပ္ျကတယ္ ၊ Gym ေတြကစားျကတယ္။ ဒါေပမဲ႔ကိုယ္ခႏၶာျကီးသာက်န္းမာလန္းဆန္းသြားတယ္၀ိတ္က်သြားတယ္ဆိုတာ မရွိျကတာမိ်ဳးျဖစ္တတ္ပါတယ္။ ဒါဟာ အားကစားလုပ္တဲ႔အခ်ိန္မွာ ျပင္းျပင္းထန္ထန္နဲ႕ထိေရာက္မႈရွိေအာင္ျကိုးစားတာမ်ိဳးမရွိတာ၊ ေနာက္ျပီး ေခၽြးစို႕ရံု စားေကာင္းရံုေလာက္ပဲ ကစားတာေတြေျကာင္႔ျဖစ္ပါတယ္။ ဒါေျကာင္႔တကယ္၀ိတ္က်ခ်င္တယ္ဆိုရင္ေတာ႔ target တစ္ခုထားျပီးထိေရာက္တဲ႔ နည္းလမ္းေတြနဲ႕အားကစားကိုဖိဖိစီးစီးလုပ္ေပးသင္႔ပါတယ္။
(၃) မေရွာင္သင္႔တဲ႔အစာေတြေရွာင္လုိ႕
၀ိတ္ေလ်ာ႔တဲ႔ အခါမွာတစ္ခိ်ဳ႕သူေတြက အစားေသာက္ေတြကိုလိုအပ္တဲ႔ပမာဏထပ္ပိုေရွာင္တတ္ျကပါတယ္။ ဒါလည္းအမွားျကီးတစ္ခုပါပဲ။ ဥပမာ အသားလံုး၀မစားတာမ်ိဳးတို႕ ျကက္ဥ ႏြားနို႕ေရွာင္တာမ်ိဳး ေတြပါ။ ဒီလိုအရာေတြဟာ မ်ားမ်ားစားရင္ အဆီစုနုိင္ေပမဲ႔ ခႏၶာကိုယ္က်န္းမာျကံ့ခိုင္ဖို႕ ခြန္အားျပည္႔၀ဖုိ႕လည္းသင္႔တင္႔သေလာက္စားေပးဖုိ႔လိုပါတယ္။ ဒီလုိအရာေတြကိုေရွာင္ရင္း အာဟာရမျပည္႔၀ေတာ႔ ခႏၶာကိုယ္ျကီးကအျမဲအားျပတ္ေနတတ္ျပီး ဗိုက္ခဏခဏဆာကာ တင္းတိမ္ေရာင္ရဲျခင္းမရွိတတ္ေတာ႔ပါဘူး
(၄) အိပ္ခ်ိန္မမွန္လို႕
၀ိတ္က်ေစဖုိ႕အတြက္ အခ်ိန္မွန္ အိပ္ေရး၀ေအာင္ ညဘက္ေတြကို အိပ္ဖို႕လုိအပ္ပါတယ္။ ညဘက္အိပ္ေရးပ်က္လို႕ေန႕ဘက္ျပန္အိပ္တာကက်န္းမာေရးကိုထိခို္က္ေစျပီးလူကိုပို၀ေစတာေျကာင္႔ ညဘက္သာအိပ္ေရး၀ေအာင္အိပ္စက္ျပီး မလိုအပ္တဲ႔အဆီေတြကိုေလ်ာ႔ခ်ပါ။
(၅) စိတ္ဖိစီးမႈမ်ားလို႕
လူတိုင္းေတာ႔မဟုတ္ေပမဲ႔တစ္ခ်ိဳ႕သူေတြက စိတ္ဖိစီးမႈဒဏ္မ်ားစြာခံရရင္ပိုျပီ ၀လာတတ္ျကပါတယ္။ စိတ္ပင္ပန္းေလ စားခ်င္တာေတြစားအခ်ိန္မွန္မစား၊ အခ်ိန္မွန္မအိပ္နဲ႕ခႏၶာကိုယ္ျကီးပံုပိုပ်က္ေစတာမလို႕စိတ္ဖိစီးမႈဒဏ္ေတြကင္းေ၀းေအာင္လည္းေလ်ာ႕ခ်ေနထိုင္ဖို႕လုိအပ္ပါတယ္။
ဆိုေတာ႔ ၀ိတ္ခ်တုိင္းပိုတက္တက္လာတဲ႔အေျကာင္းျပခ်က္ေလးေတြကိုမွတ္သားျပီးက်န္းမာလွပတဲ႔ ခႏၶာကိုယ္ကိုပိုင္ဆုိင္နိုင္ျကပါေစလို႕ဆုေတာင္းရင္း…

Unicode

တစ်ချို့သောသူတွေက ၀ိတ်ချမယ်ဟေ့လို့ကြံလိုက်တိုင်း မထင်မှတ်ပဲပိုပို ဝဝလာတတ်ကြပါတယ်။ ဆိုတော့ ၀ိတ်လျော့မယ်ဆိုတိုင်းပိုပိုဝလာတဲ့အကြောင်းရင်းကဘာကြောင့်ဖြစ်မလဲဆိုတာ…
(၁) အစားကိုအချိန်မှန်မစားလို့
အစားကိုအချိန်မှန်မှန်စားသုံးပေးခြင်းကလည်းဝိတ်ကျစေတဲ့နည်းလမ်းကောင်းတစ်ခုပါပဲ။ တစ်ချို့သောသူတွေက ၀ိတ်လျော့နေတဲ့ကာလအတွင်းမှာ အစားကိုအချိန်မှန်မှန်စားသုံးပေးခြင်းမရှိပဲ ဖြစ်သလိုစားတတ်တာတွေကြောင့် ခန္ဓာကိုယ်ဟာ လိုအပ်သလောက် ပြည့်ဝမှုမရှိတော့ပဲဆာလောင်တာမျိုးဖြစ်တတ်ပြီးဒီလိုဆာလောင်နေတဲ့အချိန်ကြမှစားမိရာကနေပိုပြီးဝလာနို်င်စေပါတယ်။
(၂) အားကစားလုပ်ပုံလုပ်နည်းမှားလို့
တစ်ချို့ကဝိတ်ကျဖို့အတွက် အားကစားတွေလုပ်ကြတယ် ၊ Gym တွေကစားကြတယ်။ ဒါပေမဲ့ကိုယ်ခန္ဓာကြီးသာကျန်းမာလန်းဆန်းသွားတယ်ဝိတ်ကျသွားတယ်ဆိုတာ မရှိကြတာမျိုးဖြစ်တတ်ပါတယ်။ ဒါဟာ အားကစားလုပ်တဲ့အချိန်မှာ ပြင်းပြင်းထန်ထန်နဲ့ထိရောက်မှုရှိအောင်ကြိုးစားတာမျိုးမရှိတာ၊ နောက်ပြီး ချွေးစို့ရုံ စားကောင်းရုံလောက်ပဲ ကစားတာတွေကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်တကယ်ဝိတ်ကျချင်တယ်ဆိုရင်တော့ target တစ်ခုထားပြီးထိရောက်တဲ့ နည်းလမ်းတွေနဲ့အားကစားကိုဖိဖိစီးစီးလုပ်ပေးသင့်ပါတယ်။
(၃) မရှောင်သင့်တဲ့အစာတွေရှောင်လို့
၀ိတ်လျော့တဲ့ အခါမှာတစ်ချို့သူတွေက အစားသောက်တွေကိုလိုအပ်တဲ့ပမာဏထပ်ပိုရှောင်တတ်ကြပါတယ်။ ဒါလည်းအမှားကြီးတစ်ခုပါပဲ။ ဥပမာ အသားလုံးဝမစားတာမျိုးတို့ ကြက်ဥ နွားနို့ရှောင်တာမျိုး တွေပါ။ ဒီလိုအရာတွေဟာ များများစားရင် အဆီစုနိုင်ပေမဲ့ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖို့ ခွန်အားပြည့်ဝဖို့လည်းသင့်တင့်သလောက်စားပေးဖို့လိုပါတယ်။ ဒီလိုအရာတွေကိုရှောင်ရင်း အာဟာရမပြည့်ဝတော့ ခန္ဓာကိုယ်ကြီးကအမြဲအားပြတ်နေတတ်ပြီး ဗိုက်ခဏခဏဆာကာ တင်းတိမ်ရောင်ရဲခြင်းမရှိတတ်တော့ပါဘူး
(၄) အိပ်ချိန်မမှန်လို့
၀ိတ်ကျစေဖို့အတွက် အချိန်မှန် အိပ်ရေးဝအောင် ညဘက်တွေကို အိပ်ဖို့လိုအပ်ပါတယ်။ ညဘက်အိပ်ရေးပျက်လို့နေ့ဘက်ပြန်အိပ်တာကကျန်းမာရေးကိုထိခို်က်စေပြီးလူကိုပိုဝစေတာကြောင့် ညဘက်သာအိပ်ရေးဝအောင်အိပ်စက်ပြီး မလိုအပ်တဲ့အဆီတွေကိုလျော့ချပါ။
(၅) စိတ်ဖိစီးမှုများလို့
လူတိုင်းတော့မဟုတ်ပေမဲ့တစ်ချို့သူတွေက စိတ်ဖိစီးမှုဒဏ်များစွာခံရရင်ပိုပြီ ဝလာတတ်ကြပါတယ်။ စိတ်ပင်ပန်းလေ စားချင်တာတွေစားအချိန်မှန်မစား၊ အချိန်မှန်မအိပ်နဲ့ခန္ဓာကိုယ်ကြီးပုံပိုပျက်စေတာမလို့စိတ်ဖိစီးမှုဒဏ်တွေကင်းဝေးအောင်လည်းလျော့ချနေထိုင်ဖို့လိုအပ်ပါတယ်။
ဆိုတော့ ၀ိတ်ချတိုင်းပိုတက်တက်လာတဲ့အကြောင်းပြချက်လေးတွေကိုမှတ်သားပြီးကျန်းမာလှပတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းရင်း…

172 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.