Relationship တစ်ခုမှာတစ်ယောက်ပေါ်တစ်ယောက်အနိုင်ယူလို့ရတိုင်းယူတာကောင်းတယ်လို့ထင်လား

တစ်ခါတစ်လေကိုယ့်ချစ်သူရဲ့အချော့လေးတွေ အကြင်နာလေးတွေကိုယ့်ပေါ်တန်ဖိုးထားမှုလေးတွေကိုလိုချင်လို့ ကလေးဆိုးဆိုးပြီးဖြူဖြူစင်စင်လေးအနိုင်ယူတာမျိုးကတော့ထားပါတော့လေ။ ဒါမဲ့တစ်ချို့သောအတွဲတွေမှာတစ်ယောက်ဖက်ကပဲတစ်ဖက်သတ်ကြီးစိတ်ဆိုးစိတ်ကောက်ခဏခဏပြဿနာရှာအနိုင်ပိုင်းပြီးမှိုချိုးမျှစ်ချိုးပြောတတ်တာတွေရှိပါတယ်။ ဒီလိုကိုယ်နိုင်လို့ရတယ်ဆိုတိုင်းနိုင်ပေမဲ့ အချိန်ကြာလာရင်ဒီRS တစ်ခုဟာ ဘယ်လိုတွေဖြစ်လာနိုင်သလဲဆိုတာ…
(၁) စိတ်ပျက်လာတယ်
တစ်ခါတလေရစ်တာလေးစိတ်ကောက်တာလေးနဲ့တော်ရုံတန်ရုံကိစ္စတွေကိုနားလည်ပေးလို့ရပေမဲ့ မကြာခဏကို ကြံဖန်ပြဿနာရှာတာတွေရန်ထောင်တာမျိုးတွေလုပ်တဲ့အခါ တစ်ဖက်လူကတစ်ဖြည်းဖြည်းနဲ့ ကိုယ့်အပေါ်စိတ်ပျက်လာစေပါတယ်။ ချစ်တဲ့စိတ်ကြောင့်သာသည်းခံနေပေမဲ့ အချိန်ကြာလာတဲ့အခါစိတ်ပျက်ရင်းပျက်လာတတ်တာကြောင့် အတိုင်းတာတစ်ခု အခြေနေတစ်ခုပေါ်မူတည်ပြီးသာ ရစ်တာအနိုင်ယူတာဗိုလ်ကျမျိုးကိုလုပ်သင့်ပါတယ်။
(၂) အချစ်လျော့လာတယ်
လူတိုင်းဟာပျော်စရာကောင်းတဲ့အရပ်မှာပဲသာယာတတ်ကြတာသဘာဝပါ။ ကိုယ်ကသူ့ကိုပျော်အောင်ထားတဲ့အချိန်နည်းပြီး အနိုင်ယူလို့ရတာနဲ့ပဲအနိုင်တွေယူရင်း ကိုယ့်အပေါ်ထားတဲ့အချစ်တွေလျော့သွားတတ်ပါတယ်။ ဘယ်လိုနေနေ အပြစ်ကမလွတ်ပဲ အမြဲပြဿနာရှာအနိုင်ယူနေတတ်တဲ့သူ
နားကနေ ထွက်ပြေးချင်စိတ်ပေါက်တတ်ကြပါတယ်။
(၃) တန်ဖိုးထားရကောင်းမှန်းမသိတော့ဘူး
ချစ်သူကြိုက်သူဘ၀မှာတစ်ယောက်ကိုတစ်ယောက်တန်ဖိုးထားမြတ်နိုးတတ်ဖို့ကအဓိကပါ။ ဒီလိုအမြဲတစေပြဿနာရှာအနိုင်ယူနေရင်တော့ကိုယ့်အပေါ်တန်ဖိုးထားချစ်မြတ်နိုးဖို့ကိုတစ်ဖက်သူကမေ့လျော့သွားတတ်ပြီး ကိုယ့်တန်ဖိုးကိုတစ်ဖြည်းဖြည်းနားလည်နိုင်တော့မှာ မဟုတ်ပါဘူး။ သူ့ဘ၀မှာကိုယ်မရှိလည်းဖြစ်တယ်ဆိုတာမျိုးတွေဖြစ်လာစေနိုင်ပါတယ်။
(၄) တစ်ခြားသာယာရာနောက်ကိုလိုက်တတ်ကြတယ်
လူတိုင်းကကိုယ့်ပေါ်တန်ဖိုးထားမြတ်နိုးတတ်တဲ့သူအပေါ်မှာ သံယောဇဉ်ကြီးတတ်ကြတာသဘာဝပါ။ ပြဿနာရှာအနိုင်ယူနေတဲ့သူထက်နားလည်မှုတွေအပြည့်ဝပေးပြီး တန်ဖိုးထားချစ်မြတ်နိုးပေးတဲ့သူနားမှာသာ နေချင်တတ်ကြပါတယ်။ ငါ့ကိုသူချစ်တာပဲ ငါဘယ်လောက်ဆိုးဆိုးမထားခဲ့ပါဘူးလို့တွေးလိုက်တာဟာ သိပ်မှားသွားပါတယ်၊ သူလည်းခံစားချက်ရှိတဲ့သူတစ်ယောက်မို့ သူ့တန်ဖိုးကိုနားလည်တဲ့သူ နားမှာသာနေချင်တတ်ကြပါတယ်။
(၅) စိတ်ဓာတ်ကျလာတယ်
အနိုင်ယူခံရပါများလာတော့ တစ်ခါတစ်လေမှာ အမြဲတမ်းအရှုံးသမားကြီးလို ၊ အမြဲ အမှားတွေကြီးလုပ်မိသလိုလိုနဲ့မွန်းကြပ်ပြီးစိတ်ဓာတ်တွေကျလာတတ်ကြပါတယ်။ ဒီလိုစိတ်ဓာတ်တွေကျတာများလာတဲ့အခါ တစ်ယောက်တည်းနေချင်သွားတတ်ကြပြီးသူတို့အပေါ်အမြဲအနိုင်လိုချင်သူတွေ
နားကနေတစ်ဖြည်းဖြည်းရှောင်ပြေးကုန်တတ်ကြပါတယ်။
ဒါကြောင့် တကယ်ကို ပျော်ရွှင်အေးချမ်းတဲ့ Relationship တစ်ခုကိုတည်ဆောက်ချင်တယ်ဆိုရင်တော့ တစ်ယောက်ပေါ်တစ်ယောက်နားလည်မှုအပြည့်နဲ့ ကြည်နူးပျော်ရွှင်စရာ အနိုင်ယူမိတာလေးတွေသာပြုလုပ်ကြဖို့နဲ့တရားလွန်တစ်ဖက်သားပေါ်အနိုင်မယူမိစေဖို့ဆုတောင်းရင်း…

Unicode

9 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.