Unicode
ကမ္ဘာပေါ်မှာအလှဆုံးမိန်းကလေးသတ်မှတ်ခံခဲ့ရတဲ့ Thylane Blondeau ဆိုတဲ့မိန်းကလေးကို မှတ်မိကြသေးရဲ့လား? ပြင်သစ်လူမျိုးဖြစ်ပြီး သူမကို ၂၀၀၁ခုနှစ်၊ဧပြီ ၅ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ သူမရဲ ့အမေကိုယ်တိုင်ကလည်း ရုပ်ရှင်မင်းသမီးတစ်လက်ဖြစ်သလို သမီးဖြစ်သူ Thylane Blondeau ဟာလည်း ၄ နှစ်အရွယ်မှာ မော်ဒယ်လ်စလျှောက်နေပါပြီ။ သူမကိုမေ့နေလိုက်တာ အခုဆိုရင် ဆယ်ကျော်သက်အရွယ် ၁၆နှစ်မလေးဖြစ်နေပါပြီ။
မမှတ်မိလောက်အောင်ပြောင်းလဲလှပလာပေမဲ့သူမရဲ့စူးရှတဲ့ခရစ်စတယ်မျက်ဝန်းပြာလေးတွေကိုမြင်တွေ့နေရဆဲပါ။ဖက်ရှင်မော်ဒယ်လ်တစ်ယောက်အဖြစ်ခြေချနေသူဖြစ်ပြီး သူမအမေရဲ ့ဆန္ဒအရ သရုပ်ဆောင်လောကဘက်ကိုပါ ကူးပြောင်းဖို့အစီအစဉ်ရှိပါတယ်တဲ့။
အခု အသက် ၁၆နှစ်မှာ L’Oreal Paris ရဲ ့မျက်နှာဖုံးမော်ဒယ်လ်ဖြစ်နေပြီး မဂ္ဂဇင်းတွေ ၊လျှောက်လမ်းတွေပေါ်မှာအချိန်တိုင်းမြင်တွေ့နေရပါတယ်။သူမရဲ့အမေကတော့ Veronica Loubry ပါ။အဖေဖြစ်သူက Patrick Blondeauဘောလုံးကစားသမားတစ်ယောက်၊ အမေနဲ့အဖေ ဆီက လှပမှုတွေအကုန်သမီးဖြစ်သူက အမွေရထားပါတယ်။
အသက် ၄ နှစ်ကတည်း မော်ဒယ်လ်အဖြစ်စတင်ခဲ့တဲ့ Thylane Blondeau ဟာ အခုဆိုရင် အတော်လေးအောင်မြင်နေပါပြီ။အသက် ၁ဝနှစ်တုန်းက ပြင်သစ်မဂ္ဂဇင်းတစ်ခုမှာ အရွယ်ရောက်သူတစ်ယောက်လိုဝတ်စားခဲ့တာကြောင့်ဝေဖန်မှုတွေရှိခဲ့ပေမဲ့
အဲ့ဒါကြောင့်ပဲ နောက်ပိုင်းမှာ ပရိသတ်တွေရဲ ့အားပေးမှုတွေတရစပ်ရရှိခဲ့ပါတယ်။ အင်စတာဂရမ်အကောင့်မှာလည်း 1.2 သန်းဖောလိုးဝါးရှိပြီး တွစ်စ်တာမှာလည်း တွေ့နိုင်ပါတယ်။ဒါပေမဲ့သူမကတော့ တွစ်စ်တာထက် အင်စတာဂရမ်ကိုသာ ပိုသုံးပါတယ်။ငယ်ငယ်ကတည်းကသူမကိုကမ္ဘာ့အလှဆုံးမိန်းကလေးအဖြစ်သတ်မှတ်ထားလို့ မှတ်မိတဲ့သူတွေလည်းရှိမှာပါ။သူမ ဘယ်လောက်ထိပြောင်းလဲလာပြီး လှပလာသလဲဆိုတာ ပုံလေးတွေကြည့်လိုက်ပါဦး။