ဇူလိုင်လဆို ရုံတင်ပြသတော့မယ့် ” Mamma Mia! Here We Go Again”

ဒါရိုက်တာနဲ့ ဇာတ်ညွန်း Ol Paker ရိုက်ကူးထားတဲ့ အမေရိကန် ရိုမန်တစ် Musical ဇာတ်မြူး ရုပ်ရှင်လေး Mamma Mia! Here We Go Again ဟာ ၂ဝဝ၈ ခုနှစ်က Mamma  Mia ရဲ့နောက်ဆက်တွဲ ရုပ်ရှင်ဖြစ်ပါတယ်။ Musical အကြောင်းကို တူညီတဲ့နာမည်နဲ့ပဲပြန်လည်ရိုက်ကူးထားတာပါ။ ပါဝင်သရုပ်ဆောင်သူများကတော့ Meryl Streep, Amanda Seyfried, Lily James, Christine Baranski, Julie Walters, Pierce Brosnan, Colin Firth, Stellan Skarsgård, Dominic Cooper နဲ့ Cher တို့ပဲဖြစ်ပါတယ်။ အမေရိကန်နဲ့ အင်္ဂလန်မှာတော့ ၂ဝ၁၈ ဇူလိုင်လ (၂ဝ)ရက်နေ့ထွက်ရှိမယ်လို့ သိရပါတယ်။ ၁ဝနှစ်ကြာမှ ပြန်လည်ထွက်ရှိလာတဲ့ကားမို့ ဘယ်လိုဆန်းသစ် ဖန်တီးမှုတွေပါဝင်မလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

ဇာတ်လမ်းအကျဉ်း
ဂရိက Kalokairi ကျွန်းဆွယ်မှာ Sophie က Sky နဲ့ကိုယ်ဝန်ရနေပြီး အမေဖြစ်သူရဲ့ကျေးလက်စံအိမ်လေးကို ဦးစီးပေးတယ်။ သဘောထားကွဲလွဲမှုတွေဖြစ်ပြီး ဒီအလုပ်ကိုသူမ ဦးမဆောင်နိုင်တော့ဘူးလို့ ကိုယ့်ကိုကိုယ် ယုံကြည်ချက်တွေနည်းလာတယ်။ ဒါပေမယ့်Tanya and Rosie တို့ရဲ့အားပေးမှုနဲ့ Sophie က Donna အရင်တုန်းက ဟော်တယ်ကို ဘယ်လိုဦးစီးခဲ့တယ်ဆိုတာ ပြန်လေ့လာခဲ့တယ်။ အဲ့ဒီအချိန်မှာ မထင်မှတ်ထားပဲ သူမတစ်ခါမှမမြင်ဖူးတဲ့ အဘွားဖြစ်သူက သူမဆီကိုအလည်ရောက်လာခဲ့တယ်။ ဘာတွေ
ဆက်ဖြစ်မလဲဆိုတာကို ရင်ခုန်စောင့်မျှော်ကြည့်ရအောင်နော်…

18 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.