Blackhawk (DC Comics)ကိုပြန်လည်ရိုက်ကူးတော့မယ့် Steven Spielberg

Steven Spielberg ကတော့ DC Comics ဖြစ်တဲ့ Blackhawk ကို ရိုက်ကူးဖို့ အဆင်သင့်ဖြစ်နေပြီလို့ Amblin Entertainment နဲ့ Warner Bros တို့မှတစ်ဆင့် အသိပေးကြေညာလိုက်ပါ ပြီ။ ဒီကြေညာချက်နဲ့ပတ်သတ်ပြီး Warner Bros. Pictures Group Chairman Toby Emmerich က ” Steven Spielberg က Blackhawk ကိုရိုက်ကူးတော့မယ်ဆိုတော့ ကျွန်တော်တို့ဝမ်းသာအားရမိပါတယ်။ Action Adventure အသစ်ကို သူနဲ့အတူပူးပေါင်းပြီး အလုပ်လုပ်ရတော့မယ်ဆိုတော့ စိတ်လှုပ်ရှားမိတယ်။ ကမ္ဘာတစ်ဝှမ်းက ပရိတ်သတ်တွေကို Blackhawk နဲ့ သူဘယ်လောက်ထိဖောက်ထွက်နိုင်ဦးမလဲဆိုတာ ရင်ခုန်လွန်းလို့ မစောင့်နိုင်တော့ဘူး ” လို့ ပြောခဲ့ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့
၁၉၅၇ခုနှစ် Comics ထဲက ဒုတိယကမ္ဘာစစ်အတွင်း လေတပ်တစ်ခုရဲ့ လေယာဉ်မှူး Blackhawkရဲ့အကြောင်းကိုပြန်လည်ရိုက်ကူးမှာဖြစ်ပါတယ်။

Blackhawk ရဲ့ဇာတ်ညွန်းကို Spielberg နဲ့ ပူးတွဲ ဇာတ်ညွန်းရေးဆရာ David Koepp က ရေးသားနေပါတယ်။ David Koepp ဟာ Spielberg ရဲ့ Jurassic Park, The Lost World: Jurassic Park, War of the Worlds နဲ့ Indiana Jones and the Kingdom of the Crystal Skull တို့ရဲ့ဇာတ်ညွန်းရေးဆရာတစ်ယောက်လည်းဖြစ်ပါတယ်။ ရုပ်ရှင်ကို Kristie Macosko Kriegerနဲ့ အတူထုတ်လုပ်သွားမှာပါ။

” Ready Player One ကို Warner Bros.နဲ့အတူပူးပေါင်း အလုပ်လုပ်ခွင့်ရတဲ့အတွက် ကျွန်တော်အရမ်းဝမ်းသာပါတယ်။ အခုလည်း Blackhawk ကို သူတို့နဲ့အတူတွဲလုပ်ရမယ်ဆိုတော့ ကျွန်တော်စိတ်လှုပ်ရှားနေတယ် ” လို့ Spielberg ကဆိုပါတယ်။

Ref : DC 

10 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.