အာကာသထဲမှာ နိုဘယ်ဂတ်စ် တစ်မျိုးထွက်ပေါ်နေကြောင်းကို နက္ခတ္တဗေဒပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အာဂွန်ဟိုက်ဒြိုက် ဂတ်စ်ဖြစ်ပြီး ပေါက်ကွဲကြယ် အကြွင်းအကျန်ဖြစ်တဲ့ Crab Nebula ထဲမှာတွေ့ရှိခဲ့တာပါ။ ဒါမျိုး ဒြပ်စင်ကို အာကာသထဲမှာ ရှာဖွေတွေ့ရှိမှုမတိုင်ခင်က ဓာတ်ခွဲခန်းထဲမှာပဲ လေ့လာဖူးတယ်လို့ Cardiff တက္ကသိုလ် သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အာဂွန်၊ ဟီလီယံ၊ ခရစ်ပတွန် တို့လို နိုဘယ်ဂတ်စ်တွေဟာ တခြားဒြပ်စင်တွေနဲ့ အလွယ်ဓာတ်မပြုပါဘူး။ တကယ့်ကို အထီးကျန်ဆန်သူတွေ ဖြစ်ပါတယ်။ တခြားဒြပ်စင်နဲ့ မော်လီကျူးတွေကို ထုတ်နိုင်တဲ့အခြေအနေဟာ အတော့်ကို ရှားပါတယ်။ ဒီလို ဖြစ်ပေါ်မှုမျိုးဟာ အာကာသအပြင်ဘက်မှာ ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးဘူးလို့ သိပ္ပံပညာရှင်တွေက တွေးမြင်ကြပါတယ်။
လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကာလ၊ ဧရာမကြယ်တစ်စင်း ပေါက်ကွဲတုန်း Crab Nebula ပေါက်ကွဲကြယ်အကြွင်းအကျန် ဖြစ်လာတာပါလို့ Cradiff တက္ကသိုလ်က ဒေါက်တာ ဟေလီ ဂိုးမက်ဇ်က ပြောသွားပါတယ်။ နက္ခတ္တဗေဒ သက်တမ်းအရဆိုရင် သိပ်နုပါတယ်။ ကမ္ဘာမြေနဲ့ အလင်းနှစ် ၆၅၀၀ အကွာမှာရှိတယ်ဆိုတော့ ကျွန်တော်တို့နဲ့လည်း အတော်နီးတယ်။ ဒီလို ကြယ်ပေါက်ကွဲမှုမျိုးတွေမှာ ဘာဖြစ်လာတယ်ဆိုတာကို လေ့လာဖို့ဆို Crab Nebula ဟာ ထူးကဲနည်းပါပဲ။
Ref:guardianlv