ေလဆိပ္မွာပရိသတ္ေတြျပည့္က်ပ္ညပ္ေနတာေတာင္ မထင္မွတ္ထားတဲ႔အျပဳအမူတစ္ခုလုပ္ခဲ႔တဲ႔ Krystal

ေတာင္ကုိရီးယားႏုိင္ငံက နာမည္ေက်ာ္အဆုိေတာ္တစ္ေယာက္ျဖစ္တဲ႔ Krystal Jung ဟာ မထင္မွတ္ပဲ သူမလုပ္ခဲ႔မိတဲ႔အျပဳအမူတစ္ခုေၾကာင့္ ပရိသတ္ေတြဆီကအခ်စ္ေတြကုိထပ္မံ သိမ္းပိုက္ရရွိခဲ႔ပါတယ္။ကုိရီးယားႏုိင္ငံမီဒီယာတစ္ခုကေန Krystal ရဲ ႔ေလဆိပ္ေရာက္ဓာတ္ပံုေတြ ကုိတင္ခဲ့ရာကေန ပရိသတ္ေတြရဲ႔အသည္းႏွလံုးျဖစ္ခဲ႔တာပါ။

မီဒီယာကတင္ထားတဲ႔ပံုေတြအရ ေလဆိပ္မွာ ပရိသတ္ေတြ၀ုိင္းအံုေနတာကုိျမင္ေတြ႔ရပါတယ္။ ပရိသတ္ေတြက သူတို႔ရဲ ႔အိုင္ေဒါလ္အျပန္ နႈတ္ဆက္ခ်င္လို႔အေစာၾကီးတည္းကလာေစာင့္ျပီး လက္ေဆာင္ေတြလာေပးၾကတာပါ။သတင္းေထာက္ေတြေရာ၊ပရိသတ္ေတြေရာျပည့္က်ပ္ေနလုိ႔ လံုျခံဳေရး၀န္ထမ္းေတြအကူအညီနဲ႔သြားေနရတာျဖစ္ပါတယ္။ပရိသတ္ဆိုတာလည္းသိတဲ႔အတိုင္း အတင္းတုိးျပီး Krystal ကုိျမင္ရဖုိ႔နဲ႔လက္ေဆာင္ေတြေပးဖုိ႔လုပ္ၾကပါတယ္။

ပရိသတ္ေတြက Krystal ရဲ ႔လက္ကုိလွမ္းကုိင္ဖုိ႔ၾကိဳးစားၾကသလို ပုိ႔စကတ္ေတြ၊လက္ေဆာင္ေတြ ေပးေနရင္းက Krystal ကလည္း သူမတတ္ႏုိင္သေလာက္လက္ေဆာင္ေတြ လွမ္းယူျပီးႏႈတ္ဆက္ခဲ႔ပါတယ္။ တစ္ၾကိမ္မွာေတာ့ ပရိသတ္တစ္ေယာက္္က သူမဆီကုိပုိ႔စကတ္လွမ္းေပးရာကေန Krystal ရဲ ႔လက္ထဲကုိမေရာက္ပဲေအာက္ကုိ ျပဳတ္က်သြားတာျမင္ေတြ႔ရပါတယ္။တစ္ျခားသူေတြသာဆုိ ျပည့္က်ပ္ေနတဲ့ပရိသတ္အုပ္ထဲက ျမန္ျမန္ထြက္ျပီးေလယာဥ္ဆီသြားဖုိ႔ၾကိဳးစားႏုိင္ပါတယ္။ပုိ႔စကတ္ေအာက္ျပဳတ္က်သြားတာကုိ သတိမထားမိပဲဆက္သြားမိတာလည္းျဖစ္ႏုိင္ပါတယ္။

Krystal ကေတာ့ ပရိသတ္ေတြမထင္မွတ္ထားတဲ့အျပဳအမူတစ္ခုကုိလုပ္ခဲ႔ပါတယ္။အဲ႔ဒါကေတာ့ ေရွ႔ကုိျမန္ျမန္ဆက္သြားရမယ့္အစား ေအာက္ျပဳတ္က်သြားတဲ႔ပို႔စကတ္ကုိ ေတြ႔ျပီးထိုင္ေကာက္လိုက္တာပါပဲ။ဒီအျပဳအမူကပဲသူမပရိသတ္ေတြအေပၚဘယ္ေလာက္အေလးထားတယ္ဆိုတာျပသလိုက္တာပါ။ေတာ္ရံုအႏုပညာရွင္ဆုိ ပရိသတ္ေတြကုိခဏပဲႏႈတ္ဆက္ျပီး ေခါင္းငံု႔ဆက္သြားမွာ ျဖစ္ေပမဲ႔ Krystal ကေတာ့ ပရိသတ္ေပးတဲ႔စာျပဳတ္က်သြားတာကုိေတာင္
သတိထားမိျပီး ျပန္ေကာက္ခဲ႔တဲ႔ အႏုပညာရွင္တစ္ေယာက္ပါပဲ။ဒီေလာက္မ်ားတဲ႔လူအုပ္ထဲမွာ အႏုပညာရွင္တစ္ေယာက္က ပရိသတ္တစ္ေယာက္လွမ္းေပးတဲ႔စာျပဳတ္က်သြားတာကုိ
တကူးတကျပန္ေကာက္လိုက္တယ္ဆုိတာမ်ိဳးကလည္း ရွားပါတယ္။သူမရဲ ႔အျပဳအမူက ပရိသတ္ေတြရဲ ႔ရင္ထဲကုိေႏြးေထြးသြားေစခဲ႔တာအမွန္ပါ။

ေအာက္ကဓာတ္ပံုႏွစ္ပံုကိုလည္းၾကည့္လုိက္ပါဦး။အလုပ္ေတြရႈပ္ေနျပီးမဖတ္ျဖစ္မွာစုိးလုိ႔ ကားစီးရင္း ပရိသတ္ေပးတဲ႔စာေတြကုိဖတ္ေနတာျမင္ေတြ႔ရမွာပါ။ဒီရုိးရွင္းတဲ႔အျပဳအမူေလးေတြက သူမရဲ ႔ပရိသတ္ေတြ သူမအတြက္ဘယ္ေလာက္အေရးၾကီးတယ္ဆုိတာျပသေနပါတယ္။ ပရိသတ္ေတြကုိအေလးထားတဲ႔သူတစ္ေယာက္ျဖစ္လုိ႔ ရုိးရွင္းတဲ႔စိတ္အခံအတိုင္း ပရိသတ္ေပးတဲ့စာကုိျပန္ေကာက္လိုက္ေပမဲ႔ ပရိသတ္ေတြရဲ ႔စိတ္ထဲမွာေတာ့ ဒါက ဘယ္လုိပီတိမ်ိဳးနဲ႔မွႏိႈင္းယွဥ္လို႔မရတဲ႔ပီတိမ်ိဳးျဖစ္မွာအမွန္ပါပဲ။

Krystal က ေတာင္ကုိရီးယားအဆိုေတာ္တစ္ေယာက္ျဖစ္သလုိ သူမကုိ High Kick 3 (2011–2012) ၊ The Heirs (2013) ၊My Lovely Girl (ေရႊအိုေရာင္သံစဥ္) (2014) ၊
The Bride of Habaek (2017) ၊ Wise Prison Life (2017) စတဲ႔ရုပ္ရွင္ကားေတြမွာ ျမင္ေတြ႔ႏိုင္ပါတယ္။ထူးျခားတာက သူမက ေတာင္ကုိရီးယားသူစစ္စစ္မဟုတ္ပါဘူး။ ကယ္လီဖုိးနီးယား၊ဆန္ဖရန္စစၥကုိမွာ သူမကုိေမြးဖြားခဲ႔တာျဖစ္ပါတယ္။ေနာက္ပုိင္းမွာမွ ကုိရီးယားကုိေျပာင္းေရြ႔ေနထုိင္ခဲ႔တာပါ။

အခု ပရိသတ္ေတြအတြက္ရုပ္ကေလးကလည္းေခ်ာ စိတ္ထားေလးကလည္းျဖဴစင္တဲ့ Krystal ရဲ ႔ပံုလးေတြျပန္ျပီးမ်ွေ၀လိုက္ပါတယ္ေနာ္။

Unicode

တောင်ကိုရီးယားနိုင်ငံက နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Krystal Jung ဟာ မထင်မှတ်ပဲ သူမလုပ်ခဲ့မိတဲ့အပြုအမူတစ်ခုကြောင့် ပရိသတ်တွေဆီကအချစ်တွေကိုထပ်မံ သိမ်းပိုက်ရရှိခဲ့ပါတယ်။ကိုရီးယားနိုင်ငံမီဒီယာတစ်ခုကနေ Krystal ရဲ ့လေဆိပ်ရောက်ဓာတ်ပုံတွေ ကိုတင်ခဲ့ရာကနေ ပရိသတ်တွေရဲ့အသည်းနှလုံးဖြစ်ခဲ့တာပါ။

မီဒီယာကတင်ထားတဲ့ပုံတွေအရ လေဆိပ်မှာ ပရိသတ်တွေဝိုင်းအုံနေတာကိုမြင်တွေ့ရပါတယ်။ ပရိသတ်တွေက သူတို့ရဲ ့အိုင်ဒေါလ်အပြန် နှုတ်ဆက်ချင်လို့အစောကြီးတည်းကလာစောင့်ပြီး လက်ဆောင်တွေလာပေးကြတာပါ။သတင်းထောက်တွေရော၊ပရိသတ်တွေရောပြည့်ကျပ်နေလို့ လုံခြုံရေးဝန်ထမ်းတွေအကူအညီနဲ့သွားနေရတာဖြစ်ပါတယ်။ပရိသတ်ဆိုတာလည်းသိတဲ့အတိုင်း အတင်းတိုးပြီး Krystal ကိုမြင်ရဖို့နဲ့လက်ဆောင်တွေပေးဖို့လုပ်ကြပါတယ်။

ပရိသတ်တွေက Krystal ရဲ ့လက်ကိုလှမ်းကိုင်ဖို့ကြိုးစားကြသလို ပို့စကတ်တွေ၊လက်ဆောင်တွေ ပေးနေရင်းက Krystal ကလည်း သူမတတ်နိုင်သလောက်လက်ဆောင်တွေ လှမ်းယူပြီးနှုတ်ဆက်ခဲ့ပါတယ်။ တစ်ကြိမ်မှာတော့ ပရိသတ်တစ်ယောက််က သူမဆီကိုပို့စကတ်လှမ်းပေးရာကနေ Krystal ရဲ ့လက်ထဲကိုမရောက်ပဲအောက်ကို ပြုတ်ကျသွားတာမြင်တွေ့ရပါတယ်။တစ်ခြားသူတွေသာဆို ပြည့်ကျပ်နေတဲ့ပရိသတ်အုပ်ထဲက မြန်မြန်ထွက်ပြီးလေယာဉ်ဆီသွားဖို့ကြိုးစားနိုင်ပါတယ်။ပို့စကတ်အောက်ပြုတ်ကျသွားတာကို သတိမထားမိပဲဆက်သွားမိတာလည်းဖြစ်နိုင်ပါတယ်။

Krystal ကတော့ ပရိသတ်တွေမထင်မှတ်ထားတဲ့အပြုအမူတစ်ခုကိုလုပ်ခဲ့ပါတယ်။အဲ့ဒါကတော့ ရှေ့ကိုမြန်မြန်ဆက်သွားရမယ့်အစား အောက်ပြုတ်ကျသွားတဲ့ပို့စကတ်ကို တွေ့ပြီးထိုင်ကောက်လိုက်တာပါပဲ။ဒီအပြုအမူကပဲသူမပရိသတ်တွေအပေါ်ဘယ်လောက်အလေးထားတယ်ဆိုတာပြသလိုက်တာပါ။တော်ရုံအနုပညာရှင်ဆို ပရိသတ်တွေကိုခဏပဲနှုတ်ဆက်ပြီး ခေါင်းငုံ့ဆက်သွားမှာ ဖြစ်ပေမဲ့ Krystal ကတော့ ပရိသတ်ပေးတဲ့စာပြုတ်ကျသွားတာကိုတောင်
သတိထားမိပြီး ပြန်ကောက်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါပဲ။ဒီလောက်များတဲ့လူအုပ်ထဲမှာ အနုပညာရှင်တစ်ယောက်က ပရိသတ်တစ်ယောက်လှမ်းပေးတဲ့စာပြုတ်ကျသွားတာကို
တကူးတကပြန်ကောက်လိုက်တယ်ဆိုတာမျိုးကလည်း ရှားပါတယ်။သူမရဲ ့အပြုအမူက ပရိသတ်တွေရဲ ့ရင်ထဲကိုနွေးထွေးသွားစေခဲ့တာအမှန်ပါ။

အောက်ကဓာတ်ပုံနှစ်ပုံကိုလည်းကြည့်လိုက်ပါဦး။အလုပ်တွေရှုပ်နေပြီးမဖတ်ဖြစ်မှာစိုးလို့ ကားစီးရင်း ပရိသတ်ပေးတဲ့စာတွေကိုဖတ်နေတာမြင်တွေ့ရမှာပါ။ဒီရိုးရှင်းတဲ့အပြုအမူလေးတွေက သူမရဲ ့ပရိသတ်တွေ သူမအတွက်ဘယ်လောက်အရေးကြီးတယ်ဆိုတာပြသနေပါတယ်။ ပရိသတ်တွေကိုအလေးထားတဲ့သူတစ်ယောက်ဖြစ်လို့ ရိုးရှင်းတဲ့စိတ်အခံအတိုင်း ပရိသတ်ပေးတဲ့စာကိုပြန်ကောက်လိုက်ပေမဲ့ ပရိသတ်တွေရဲ ့စိတ်ထဲမှာတော့ ဒါက ဘယ်လိုပီတိမျိုးနဲ့မှနှိုင်းယှဉ်လို့မရတဲ့ပီတိမျိုးဖြစ်မှာအမှန်ပါပဲ။

Krystal က တောင်ကိုရီးယားအဆိုတော်တစ်ယောက်ဖြစ်သလို သူမကို High Kick 3 (2011–2012) ၊ The Heirs (2013) ၊My Lovely Girl (ရွှေအိုရောင်သံစဉ်) (2014) ၊
The Bride of Habaek (2017) ၊ Wise Prison Life (2017) စတဲ့ရုပ်ရှင်ကားတွေမှာ မြင်တွေ့နိုင်ပါတယ်။ထူးခြားတာက သူမက တောင်ကိုရီးယားသူစစ်စစ်မဟုတ်ပါဘူး။ ကယ်လီဖိုးနီးယား၊ဆန်ဖရန်စစ္စကိုမှာ သူမကိုမွေးဖွားခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာမှ ကိုရီးယားကိုပြောင်းရွေ့နေထိုင်ခဲ့တာပါ။

အခု ပရိသတ်တွေအတွက်ရုပ်ကလေးကလည်းချော စိတ်ထားလေးကလည်းဖြူစင်တဲ့ Krystal ရဲ ့ပုံလးတွေပြန်ပြီးမျှဝေလိုက်ပါတယ်နော်။

 

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.