ေသြးအမ်ိဳးအစားကေနတစ္ဆင့္ လူတစ္ေယာက္ရဲ ႔အက်င့္စရိုက္နဲ႔စိတ္ေနစိတ္ထားကုိခန္႔မွန္းၾကမယ္

ဒီေလ့လာေတြ႔ရွိခ်က္က နာမည္ေက်ာ္စာေရးဆရာၾကီးေတြနဲ႔ဂ်ပန္သုေတသနပညာရွင္ေတြ ေသခ်ာရွာေဖြေလ့လာထားတဲ႔စစ္တမ္းေကာက္ခ်က္ျဖစ္တာေၾကာင့္ ေသြးအမ်ိဳးအစားကုိၾကည့္ျပီး အက်င့္စရိုက္ကုိခန္႔မွန္းတဲ႔ေနရာမွာအနီးစပ္ဆံုးမွန္ကန္တယ္လို႔ေျပာလို႔ရပါတယ္။ေသြးအမ်ိဳးအစားကုိၾကည့္ျပီး အက်င့္စရုိက္၊စိတ္ေနစိတ္ထားကုိခန္႔မွန္းတယ္ဆုိတာဘယ္လိုဆက္စပ္လဲ ဆုိျပီးေတြးမိႏုိင္ပါတယ္။ဥပမာ ေအေသြးေတြက အတၱၾကီးတယ္လုိ႔ေျပာၾကတယ္ဆုိပါေတာ့။ ဘယ္လုိဆက္စပ္တာလဲဆုိရင္ ပညာရွင္ေတြက ေအေသြးပုိင္ရွင္ေတြကုိေလ့လာၾကည့္ျပီး အမ်ားစုက အတၱၾကီးတာကုိေတြ႔ရွိခဲ႔ၾကပါတယ္။အဲ႔ဒါေၾကာင့္ ေယဘူယ်အားျဖင့္ ေအေသြးပုိင္ရွင္ေတြက အတၱၾကီးတယ္လို႔ယူဆလုိက္ၾကတာပါ။တစ္ဦးတည္းေသာကေလးေတြက အႏုိင္လိုခ်င္ၾကတယ္ဆိုတာမ်ိဳးေပါ့။တကယ္ေတာ့ ညီအစ္ကုိေမာင္ႏွမမရွိတဲ႔အတြက္ သူ႔မွာ မ်ွေ၀ခံစားတတ္တဲ႔စိတ္မရွိေသးတာပါ။အဲ႔ဒါေၾကာင့္ တစ္ဦးတည္းေသာသား၊တစ္ဦးတည္းေသာ သမီးေတြ ဆုိရင္ ဆုိးၾကတယ္၊အႏုိင္လုိခ်င္ၾကတယ္လုိ႔ ေယဘူယ်အားျဖင့္ သတ္မွတ္လိုက္ၾကတာျဖစ္ပါတယ္။

ေသြးအမ်ိဳးအစားကုိၾကည့္ျပီး အက်င့္စရိုက္နဲ႔စိတ္ေနစိတ္ထားကုိ ခန္႔မွန္းရမယ္ဆိုရင္… ေသြးအမ်ိဳးအစားအေနနဲ႔ ေလးမ်ိဳးရွိပါတယ္။ေအေသြး၊ဘီေသြး၊အုိေသြး၊ေအဘီေသြးေပါ့။ ဂ်ပန္ႏိုင္ငံမွာဆုိရင္ လူဦးေရရဲ ႔၇၄ရာခုိင္ႏႈန္းက ေအေသြးပုိင္ရွင္ေတြပါ။ဂ်ပန္လူမ်ိဳးေတြက ေသြးအမ်ိဳးအစားကုိၾကည့္ျပီးလူတစ္ေယာက္ရဲ႔႔စိတ္ေနစိတ္ထား ၊အက်င့္စရိုက္ေတြကုိ ခန္႔မွန္းတဲ႔ေနရာမွာနာမည္ၾကီးတယ္လုိ႔သိရပါတယ္။အခု နာမည္ေက်ာ္စာေရးဆရာၾကီးေတြျဖစ္တဲ႔ Dr .James နဲ႔ Dr.Peter D’Adamo တို႔ရဲ ႔စာအုပ္၊ဂ်ပန္လူမ်ိဳးေတြရဲ ႔ေသြးအမ်ိဳးအစား ကုိၾကည့္ျပီးခန္႔မွန္းထားတဲ႔ စစ္တမ္းေကာက္ခ်က္ေတြ ကုိၾကည့္ျပီးေျပာျပေပးသြားပါမယ္။

A ေသြးပုိင္ရွင္ေတြကေတာ့..ေကာင္းမြန္တဲ႔အခ်က္ေတြကုိေျပာရမယ္ဆုိရင္ ပူးေပါင္းေဆာင္ရြက္လို စိတ္ရွိသလုိတစ္သီးတသန္႔ခြဲထြက္ေနတတ္တဲ႔စိတ္လည္း ရွိတယ္။ဥာဏ္ေကာင္းတယ္။တီထြင္ဖန္တီးလုိစိတ္ရွိတယ္၊တာ၀န္ယူတတ္တဲ႔စိတ္ရွိတယ္၊သတိ၊လံု႔လ၊၀ီရိယလည္းရွိတာေတြ႔ရပါတယ္။
မေကာင္းတဲ႔အခ်က္ေတြကေတာ့….ေခါင္းမာတယ္၊လိုအပ္တာထက္ပုိျပီးလံု႔လ၀ီရိယရွိလြန္းေနတယ္၊ဇီဇာေၾကာင္တယ္၊စိတ္ခံစားခ်က္လြယ္ျပီးတစ္ျခားေသြးအမ်ိဳးအစားေတြထက္ စိတ္ထိခိုက္လြယ္၊အားနည္းလြယ္ပါတယ္။က်န္းမာေရးနဲ႔ပတ္သက္ျပီးေျပာရမယ္ဆုိရင္ေတာ့ ငယ္ငယ္တည္းကအစာအိမ္နဲ႔ပတ္သက္ျပီးအျမဲဂရုစိုက္ေနရတတ္ပါတယ္။A ေသြးပုိင္ရွင္အမ်ားစုက အစာအိမ္အခ်ဥ္ဓာတ္ေလ်ာ့နည္းတာေတြ႔ရွိရပါတယ္။အဲ႔ဒါေၾကာင့္ အစားအစာနဲ႔ပတ္သက္ျပီး
ေသခ်ာဂရုစိုက္သင့္ပါတယ္။A ေသြးေတြက မ်ားေသာအားျဖင့္ စာရင္းအင္းနဲ႔ပတ္သက္သူ၊ စီးပြားေရးသမား၊ စာေရးဆရာ၊ေရွ႔ေနေတြျဖစ္တတ္ၾကပါတယ္။အခ်စ္ေရးမွာေတာ့ သူတုိ႔နဲ႔တူတဲ႔
A ေသြး၊ဒါမွမဟုတ္ AB ေတြနဲ႔ပိုျပီးလုိက္ေလ်ာညီေထြရွိတယ္။

B ေသြးပုိင္ရွင္ေတြရဲ ႔အားသာခ်က္ကေတာ့…တက္တက္ၾကြၾကြေနတတ္တယ္၊ ဖန္တီးလိုစိတ္ရွိတယ္။တိရစာၦန္ေလးေတြခ်စ္တတ္တယ္။စိတ္ထားႏူးညံ႔
ေပ်ာ့ေပ်ာင္းတယ္။ရင္းနွီးေဖာ္ေရြတတ္ျပီးအေကာင္းျမင္တတ္တယ္။A ေသြးပုိင္ရွင္လို အေတြးအေခၚေတြရွိျပီး O ေသြးပုိင္ရွင္ေတြလိုရည္မွန္းခ်က္ၾကီးတယ္လို႔ေတာင္ ေျပာၾကပါတယ္။မ်ွေ၀ခံစားတတ္ျပီး တစ္ျခားသူရဲ႔ဆုိလိုရင္းကုိလြယ္လြယ္ကူကူနားလည္ တတ္ပါတယ္။Dr Peter D’Adamo ရဲ႔ေတြ႔ရွိခ်က္အရ သူတို႔ရဲ ႔ကုိယ္ခံအားစနစ္က ေကာင္းမြန္ပါတယ္တဲ႔။ေက်ာက္ကပ္၊နာတာရွည္ေရာဂါစတဲ႔ေရာဂါေတြ၊ကူးစက္ေရာဂါျဖစ္ပြားႏႈန္းလည္း ေႏွးေကြးပါတယ္။အမ်ားဆံုးျဖစ္တတ္တာကေတာ့ အစားအစာမွားယြင္းစားတဲ႔အခါမွာ ေသြးတြင္းသၾကားဓာတ္မ်ားတာနဲ႔ ေသြးတြင္းသၾကားဓာတ္အလြန္နည္းပါးတာေတြပါပဲ။
အားနည္းခ်က္ကေတာ့...ေမ့လြယ္တယ္၊ပ်င္းရိတယ္၊စိတ္မရွည္တတ္ဘူး၊အားကုိးရေလာက္တဲ႔သူမဟုတ္ဘူး၊တာ၀န္ယူေျဖရွင္းဖုိ႔လည္းတံု႔ဆုိင္းေနတတ္တယ္။ဒါေတြက ျပင္ဆင္သင့္တဲ ႔အားနည္းခ်က္ေတြပါပဲ။B ေသြးေတြကေတာ့ တစ္ျခားသူေတြရဲ ႔စိတ္ကုိဖတ္ႏုိင္သူေတြျဖစ္သလုိ စိတ္ပညာနဲ႔ပတ္သက္ျပီးေလ့လာသူ၊စံုေထာက္၊ဂ်ာနယ္လစ္စ္စတဲ႔အလုပ္ေတြလုပ္သူမ်ားပါတယ္။ အခ်စ္ေရးအေနနဲ႔ကေတာ့ A ဒါမွမဟုတ္ AB ေတြနဲ႔ ပုိျပီးသင့္ျမတ္ပါတယ္။

AB ေသြးပုိင္ရွင္ေတြရဲ ႔အားသာခ်က္ကေတာ့...ဖန္တီးလုိစိတ္အျပည့္ရွိတယ္။ တည္ျငိမ္တယ္၊အေပါင္းအသင္းဆန္႔တယ္၊ဥာဏ္ေကာင္းတယ္၊အက်ိဳးအေၾကာင္း
ဆီေလ်ာ္ေအာင္စဥ္းစားဆင္ျခင္တတ္တယ္၊ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတတ္ျပီး လူအမ်ားခ်စ္ခင္မႈ ကုိခံရတတ္တယ္။လူဦးေရရဲ ႔၂ရာခိုင္ႏႈန္းကေန ၅ရာခိုင္ႏႈန္းေလာက္သာေတြ႔ႏုိင္တဲ႔ရွားပါးေသြး အမ်ဳိးအစားလည္းျဖစ္ပါတယ္။တကယ္လို႔ သင့္မွာ AB ေသြး သူငယ္ခ်င္းရွိရင္ကံေကာင္းျပီလို႔ မွတ္လိုက္ပါ။မၾကာခဏဆိုသလိုေပ်ာ္ရႊင္စရာေတြ၊ စိတ္လႈပ္ရွားစရာေတြကုိ ဖန္တီးေလ့ရွိပါတယ္တဲ့။
အားနည္းခ်က္ေတြကေတာ့…A ေသြးပုိင္္ရွင္ေတြလိုပဲ စိတ္ဖိစီးမႈကိုမၾကာခဏရတတ္တယ္။ စိတ္ကသန္မာျပီးA ေသြးေတြထက္တက္ၾကြေပမဲ႔ စိတ္ဖိစီးမႈရလာတဲ႔အခါ ေသခ်ာအာရုံစုိက္ေျဖရွင္းဖုိ႔ေတာ့လိုပါတယ္။ေ၀ဖန္လိုစိတ္ရွိတယ္၊ဆံုးျဖတ္ခ်က္ကုိခုိင္မာစြာ
မခ်ႏုိင္ဘူး၊လြယ္လြယ္နဲ႔ခြင့္မလႊတ္တတ္ဘူး၊တစ္ျခားသူေတြကုိလည္း သိပ္ျပီးအဖတ္မလုပ္ပဲ တသီးတသန္႔ေနတတ္တဲ႔စိတ္မ်ိဳးရွိတယ္။AB ေသြးေတြကေတာ့ လူအမ်ားနဲ႔ဆက္သြယ္ လုပ္ရတဲ႔အလုပ္၊စီမံခန္႔ခြဲမႈအလုပ္၊ပညာေရးဆုိင္ရာတာ၀န္တစ္ခုခုမွာ လုပ္ကုိင္သူေတြျဖစ္တတ္ပါတယ္။ဘယ္ေသြးအမ်ိဳးအစားနဲ႔မဆုိ အဆင္ေျပကုိက္ညီတဲ႔ အခ်စ္ေရးမ်ိဳးပုိင္ဆုိင္ထားပါတယ္။

O ေသြးပိုင္ရွင္ေတြရဲ ႔အားသာခ်က္ကေတာ့...ကုိယ့္ကိုယ္ကုိယ္ယံုၾကည္မႈအျပည့္ ရွိတယ္။ကုိယ္ပုိင္ဆုံးျဖတ္ႏုိင္စြမ္းရွိတယ္၊ၾကီးပြားလုိစိတ္ရွိတယ္၊စိတ္ဆႏၵျပင္းျပတယ္၊ ယွဥ္ျပိဳင္လုိစိတ္ရွိတယ္။အားကစား၀ါသနာပါသူေတြျဖစ္တယ္။တျခားေသြးအမ်ိဳးအစားေတြထက္ စိတ္ဖိစီးမႈကုိထိန္းခ်ဳပ္ႏုိင္ျပီး စိတ္ခြန္အားသန္မာသူေတြျဖစ္တယ္။
အားနည္းခ်က္ေတြကေတာ့...ေသြးေအးတယ္၊ခန္႔မွန္းရခက္တယ္၊မုန္းတီးရန္ျငိဳးဖြဲ႔တတ္တယ္။ေမာက္မာတတ္တယ္။တစ္ျခားသူအေပၚမွာ မနာလိုစိတ္ရွိျပီးစည္းမ်ဥ္းစည္းကမ္းနဲ႔ ပတ္သက္ရင္ ခ်ိဳးဖ်က္တတ္သူေတြျဖစ္တယ္။ဒါေတြကေတာ့ သတိထားျပင္ဆင္ဖုိ႔လိုတဲ႔ အားနည္းခ်က္ေတြ ျဖစ္ပါတယ္။O ေသြးေတြကေတာ့ စာရင္းကုိင္အလုပ္မ်ိဳး၊ႏုိင္ငံေရး ၊စီးပြားေရးလုပ္ငန္းရွင္ ၊ရုပ္ပုိင္းဆုိင္ရာကုသေပးသူစတဲ႔အလုပ္္ေတြမွာ ပုိျပီးလုပ္ကုိင္သူမ်ားပါတယ္။

သင့္ရဲ ႔ေသြးအမ်ိဳးအစားနဲ႔ဒီေလ့လာေတြ႔ရွိခ်က္ေတြက ထပ္တူညီတယ္၊ဒါမွမဟုတ္ တစ္ျခားလိုအပ္တာေတြရွိေသးတယ္ဆုိရင္ ေကာမန္႔ေလးေတြမ်ွေ၀ေပးခဲ႔ဦးေနာ္။

Unicode

ဒီလေ့လာတွေ့ရှိချက်က နာမည်ကျော်စာရေးဆရာကြီးတွေနဲ့ဂျပန်သုတေသနပညာရှင်တွေ သေချာရှာဖွေလေ့လာထားတဲ့စစ်တမ်းကောက်ချက်ဖြစ်တာကြောင့် သွေးအမျိုးအစားကိုကြည့်ပြီး အကျင့်စရိုက်ကိုခန့်မှန်းတဲ့နေရာမှာအနီးစပ်ဆုံးမှန်ကန်တယ်လို့ပြောလို့ရပါတယ်။သွေးအမျိုးအစားကိုကြည့်ပြီး အကျင့်စရိုက်၊စိတ်နေစိတ်ထားကိုခန့်မှန်းတယ်ဆိုတာဘယ်လိုဆက်စပ်လဲ ဆိုပြီးတွေးမိနိုင်ပါတယ်။ဥပမာ အေသွေးတွေက အတ္တကြီးတယ်လို့ပြောကြတယ်ဆိုပါတော့။ ဘယ်လိုဆက်စပ်တာလဲဆိုရင် ပညာရှင်တွေက အေသွေးပိုင်ရှင်တွေကိုလေ့လာကြည့်ပြီး အများစုက အတ္တကြီးတာကိုတွေ့ရှိခဲ့ကြပါတယ်။အဲ့ဒါကြောင့် ယေဘူယျအားဖြင့် အေသွေးပိုင်ရှင်တွေက အတ္တကြီးတယ်လို့ယူဆလိုက်ကြတာပါ။တစ်ဦးတည်းသောကလေးတွေက အနိုင်လိုချင်ကြတယ်ဆိုတာမျိုးပေါ့။တကယ်တော့ ညီအစ်ကိုမောင်နှမမရှိတဲ့အတွက် သူ့မှာ မျှဝေခံစားတတ်တဲ့စိတ်မရှိသေးတာပါ။အဲ့ဒါကြောင့် တစ်ဦးတည်းသောသား၊တစ်ဦးတည်းသော သမီးတွေ ဆိုရင် ဆိုးကြတယ်၊အနိုင်လိုချင်ကြတယ်လို့ ယေဘူယျအားဖြင့် သတ်မှတ်လိုက်ကြတာဖြစ်ပါတယ်။

သွေးအမျိုးအစားကိုကြည့်ပြီး အကျင့်စရိုက်နဲ့စိတ်နေစိတ်ထားကို ခန့်မှန်းရမယ်ဆိုရင်… သွေးအမျိုးအစားအနေနဲ့ လေးမျိုးရှိပါတယ်။အေသွေး၊ဘီသွေး၊အိုသွေး၊အေဘီသွေးပေါ့။ ဂျပန်နိုင်ငံမှာဆိုရင် လူဦးရေရဲ ့ရ၄ရာခိုင်နှုန်းက အေသွေးပိုင်ရှင်တွေပါ။ဂျပန်လူမျိုးတွေက သွေးအမျိုးအစားကိုကြည့်ပြီးလူတစ်ယောက်ရဲ့့စိတ်နေစိတ်ထား ၊အကျင့်စရိုက်တွေကို ခန့်မှန်းတဲ့နေရာမှာနာမည်ကြီးတယ်လို့သိရပါတယ်။အခု နာမည်ကျော်စာရေးဆရာကြီးတွေဖြစ်တဲ့ Dr .James နဲ့ Dr.Peter D’Adamo တို့ရဲ ့စာအုပ်၊ဂျပန်လူမျိုးတွေရဲ ့သွေးအမျိုးအစား ကိုကြည့်ပြီးခန့်မှန်းထားတဲ့ စစ်တမ်းကောက်ချက်တွေ ကိုကြည့်ပြီးပြောပြပေးသွားပါမယ်။

A သွေးပိုင်ရှင်တွေကတော့..ကောင်းမွန်တဲ့အချက်တွေကိုပြောရမယ်ဆိုရင် ပူးပေါင်းဆောင်ရွက်လို စိတ်ရှိသလိုတစ်သီးတသန့်ခွဲထွက်နေတတ်တဲ့စိတ်လည်း ရှိတယ်။ဉာဏ်ကောင်းတယ်။တီထွင်ဖန်တီးလိုစိတ်ရှိတယ်၊တာဝန်ယူတတ်တဲ့စိတ်ရှိတယ်၊သတိ၊လုံ့လ၊ဝီရိယလည်းရှိတာတွေ့ရပါတယ်။
မကောင်းတဲ့အချက်တွေကတော့….ခေါင်းမာတယ်၊လိုအပ်တာထက်ပိုပြီးလုံ့လဝီရိယရှိလွန်းနေတယ်၊ဇီဇာကြောင်တယ်၊စိတ်ခံစားချက်လွယ်ပြီးတစ်ခြားသွေးအမျိုးအစားတွေထက် စိတ်ထိခိုက်လွယ်၊အားနည်းလွယ်ပါတယ်။ကျန်းမာရေးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ ငယ်ငယ်တည်းကအစာအိမ်နဲ့ပတ်သက်ပြီးအမြဲဂရုစိုက်နေရတတ်ပါတယ်။A သွေးပိုင်ရှင်အများစုက အစာအိမ်အချဉ်ဓာတ်လျော့နည်းတာတွေ့ရှိရပါတယ်။အဲ့ဒါကြောင့် အစားအစာနဲ့ပတ်သက်ပြီး
သေချာဂရုစိုက်သင့်ပါတယ်။A သွေးတွေက များသောအားဖြင့် စာရင်းအင်းနဲ့ပတ်သက်သူ၊ စီးပွားရေးသမား၊ စာရေးဆရာ၊ရှေ့နေတွေဖြစ်တတ်ကြပါတယ်။အချစ်ရေးမှာတော့ သူတို့နဲ့တူတဲ့
A သွေး၊ဒါမှမဟုတ် AB တွေနဲ့ပိုပြီးလိုက်လျောညီထွေရှိတယ်။

B သွေးပိုင်ရှင်တွေရဲ ့အားသာချက်ကတော့…တက်တက်ကြွကြွနေတတ်တယ်၊ ဖန်တီးလိုစိတ်ရှိတယ်။တိရစ္ဆာန်လေးတွေချစ်တတ်တယ်။စိတ်ထားနူးညံ့
ပျော့ပျောင်းတယ်။ရင်းနှီးဖော်ရွေတတ်ပြီးအကောင်းမြင်တတ်တယ်။A သွေးပိုင်ရှင်လို အတွေးအခေါ်တွေရှိပြီး O သွေးပိုင်ရှင်တွေလိုရည်မှန်းချက်ကြီးတယ်လို့တောင် ပြောကြပါတယ်။မျှဝေခံစားတတ်ပြီး တစ်ခြားသူရဲ့ဆိုလိုရင်းကိုလွယ်လွယ်ကူကူနားလည် တတ်ပါတယ်။Dr Peter D’Adamo ရဲ့တွေ့ရှိချက်အရ သူတို့ရဲ ့ကိုယ်ခံအားစနစ်က ကောင်းမွန်ပါတယ်တဲ့။ကျောက်ကပ်၊နာတာရှည်ရောဂါစတဲ့ရောဂါတွေ၊ကူးစက်ရောဂါဖြစ်ပွားနှုန်းလည်း နှေးကွေးပါတယ်။အများဆုံးဖြစ်တတ်တာကတော့ အစားအစာမှားယွင်းစားတဲ့အခါမှာ သွေးတွင်းသကြားဓာတ်များတာနဲ့ သွေးတွင်းသကြားဓာတ်အလွန်နည်းပါးတာတွေပါပဲ။
အားနည်းချက်ကတော့…မေ့လွယ်တယ်၊ပျင်းရိတယ်၊စိတ်မရှည်တတ်ဘူး၊အားကိုးရလောက်တဲ့သူမဟုတ်ဘူး၊တာဝန်ယူဖြေရှင်းဖို့လည်းတုံ့ဆိုင်းနေတတ်တယ်။ဒါတွေက ပြင်ဆင်သင့်တဲ ့အားနည်းချက်တွေပါပဲ။B သွေးတွေကတော့ တစ်ခြားသူတွေရဲ ့စိတ်ကိုဖတ်နိုင်သူတွေဖြစ်သလို စိတ်ပညာနဲ့ပတ်သက်ပြီးလေ့လာသူ၊စုံထောက်၊ဂျာနယ်လစ်စ်စတဲ့အလုပ်တွေလုပ်သူများပါတယ်။ အချစ်ရေးအနေနဲ့ကတော့ A ဒါမှမဟုတ် AB တွေနဲ့ ပိုပြီးသင့်မြတ်ပါတယ်။

AB သွေးပိုင်ရှင်တွေရဲ ့အားသာချက်ကတော့…ဖန်တီးလိုစိတ်အပြည့်ရှိတယ်။ တည်ငြိမ်တယ်၊အပေါင်းအသင်းဆန့်တယ်၊ဉာဏ်ကောင်းတယ်၊အကျိုးအကြောင်း
ဆီလျော်အောင်စဉ်းစားဆင်ခြင်တတ်တယ်၊ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး လူအများချစ်ခင်မှု ကိုခံရတတ်တယ်။လူဦးရေရဲ ့၂ရာခိုင်နှုန်းကနေ ၅ရာခိုင်နှုန်းလောက်သာတွေ့နိုင်တဲ့ရှားပါးသွေး အမျိုးအစားလည်းဖြစ်ပါတယ်။တကယ်လို့ သင့်မှာ AB သွေး သူငယ်ချင်းရှိရင်ကံကောင်းပြီလို့ မှတ်လိုက်ပါ။မကြာခဏဆိုသလိုပျော်ရွှင်စရာတွေ၊ စိတ်လှုပ်ရှားစရာတွေကို ဖန်တီးလေ့ရှိပါတယ်တဲ့။
အားနည်းချက်တွေကတော့…A သွေးပိုင််ရှင်တွေလိုပဲ စိတ်ဖိစီးမှုကိုမကြာခဏရတတ်တယ်။ စိတ်ကသန်မာပြီးA သွေးတွေထက်တက်ကြွပေမဲ့ စိတ်ဖိစီးမှုရလာတဲ့အခါ သေချာအာရုံစိုက်ဖြေရှင်းဖို့တော့လိုပါတယ်။ဝေဖန်လိုစိတ်ရှိတယ်၊ဆုံးဖြတ်ချက်ကိုခိုင်မာစွာ
မချနိုင်ဘူး၊လွယ်လွယ်နဲ့ခွင့်မလွှတ်တတ်ဘူး၊တစ်ခြားသူတွေကိုလည်း သိပ်ပြီးအဖတ်မလုပ်ပဲ တသီးတသန့်နေတတ်တဲ့စိတ်မျိုးရှိတယ်။AB သွေးတွေကတော့ လူအများနဲ့ဆက်သွယ် လုပ်ရတဲ့အလုပ်၊စီမံခန့်ခွဲမှုအလုပ်၊ပညာရေးဆိုင်ရာတာဝန်တစ်ခုခုမှာ လုပ်ကိုင်သူတွေဖြစ်တတ်ပါတယ်။ဘယ်သွေးအမျိုးအစားနဲ့မဆို အဆင်ပြေကိုက်ညီတဲ့ အချစ်ရေးမျိုးပိုင်ဆိုင်ထားပါတယ်။

O သွေးပိုင်ရှင်တွေရဲ ့အားသာချက်ကတော့…ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့် ရှိတယ်။ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းရှိတယ်၊ကြီးပွားလိုစိတ်ရှိတယ်၊စိတ်ဆန္ဒပြင်းပြတယ်၊ ယှဉ်ပြိုင်လိုစိတ်ရှိတယ်။အားကစားဝါသနာပါသူတွေဖြစ်တယ်။တခြားသွေးအမျိုးအစားတွေထက် စိတ်ဖိစီးမှုကိုထိန်းချုပ်နိုင်ပြီး စိတ်ခွန်အားသန်မာသူတွေဖြစ်တယ်။
အားနည်းချက်တွေကတော့…သွေးအေးတယ်၊ခန့်မှန်းရခက်တယ်၊မုန်းတီးရန်ငြိုးဖွဲ့တတ်တယ်။မောက်မာတတ်တယ်။တစ်ခြားသူအပေါ်မှာ မနာလိုစိတ်ရှိပြီးစည်းမျဉ်းစည်းကမ်းနဲ့ ပတ်သက်ရင် ချိုးဖျက်တတ်သူတွေဖြစ်တယ်။ဒါတွေကတော့ သတိထားပြင်ဆင်ဖို့လိုတဲ့ အားနည်းချက်တွေ ဖြစ်ပါတယ်။O သွေးတွေကတော့ စာရင်းကိုင်အလုပ်မျိုး၊နိုင်ငံရေး ၊စီးပွားရေးလုပ်ငန်းရှင် ၊ရုပ်ပိုင်းဆိုင်ရာကုသပေးသူစတဲ့အလုပ််တွေမှာ ပိုပြီးလုပ်ကိုင်သူများပါတယ်။

သင့်ရဲ ့သွေးအမျိုးအစားနဲ့ဒီလေ့လာတွေ့ရှိချက်တွေက ထပ်တူညီတယ်၊ဒါမှမဟုတ် တစ်ခြားလိုအပ်တာတွေရှိသေးတယ်ဆိုရင် ကောမန့်လေးတွေမျှဝေပေးခဲ့ဦးနော်။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.