ခရစ်စမတ်အားလပ်ရက်မှာ မိသားစုနဲ့အချိန်ဖြုန်းမယ်ဆိုရင်တော့ ဒီလိုဇာတ်ကား ကောင်းလေးတွေကို အခုကတည်းက ကြိုတင်စုဆောင်းထားတာ ကောင်းပါလိမ့်မယ်။ မိသားစု အတူတကွ ကြည့်ရှုဖို့သင့်တော်တဲ့ ဒီလိုဇာတ်ကားလေးတွေကို စုစည်းပြီး အကြံပြပေးလိုက်ပါတယ်။
(၁) Love Actually
စိတ်ဝင်စားစရာကောင်းတဲ့ အချစ်ဇာတ်လမ်း ကိုးပုဒ်ပါဝင်ထားတဲ့ ဒီဇာတ်ကားလေးက အားလပ်ရပ်အကြောင်းလေးတွေကို အခြေခံထားတာပါ။
(၂) Elf
နှစ်တွေသာပြောင်းသွားမယ် ဟာသဆိုတာကတော့ အိုဟောင်းသွားရိုး ထုံးစံမရှိပါဘူး။ ဒါကို သူငယ်ချင်းတွေနဲ့အတူကြည့်မယ်ဆိုရင်တော့ ဆောင်းတွင်းတစ်တွင်းစာလုံးအတွက် ဖူလုံသွားပါပြီ။
(၃) A Christmas Story
ခရစ်စမတ်ရောက်တိုင်း ဒီဇာတ်ကားကို နှစ်စဉ် လွှင့်ပေးတတ်တဲ့ TBS ကို ကျေးဇူးတင်ရမယ်။ လူတိုင်း ဒီအဟောင်းလေးကို ကြည့်ဖူးကြပေမယ့် ဒါက အတော်လေးလဲ ကောင်းပါတယ်။
(၄) The Polar Express
ကလေးတုန်းကတော့ ဒါကိုဖတ်ကြည့်ဖူးနိုင်ပါတယ်။ ရုပ်ရှင်ထဲရောက်သွားတဲ့အခါမှာတော့ ဂရပ်ဖစ်တွေက အံ့သြစရာကောင်းလောက်အောင် လှတာကိုတွေ့နိုင်ပါလိမ့်မယ်။ မောင်နှမတွေ ၊ တူ ၊ တူမတွေနဲ့ အိပ်ရာပေါ်မှာ တိုးဝှေ့ပူးကပ်ပြီး ကြည့်နိုင်ပါတယ်။
(၅) The Holiday
ဟာသနဲ့ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်ကွက်လေးတွေ ရောနှောထားတဲ့ ဒီဇာတ်ကားလေး ကိုတော့ ၀ါရင့်သရုပ်ဆောင်များဖြစ်တဲ့ Cameron Diaz, Kate Winslet နဲ့ Jack Black တို့ ပါဝင်ထားပါတယ်။
(၆) How The Grinch Stole Christmas
ဒီကာတွန်းဇာတ်ကားကို Jim Carey က 2000 ခုနှစ်မှာ အသစ်ပြန်လည်ဖန်တီးထားပေမယ့် ဗားရှင်းအဟောင်းကိုတော့ အခုတိုင် နှစ်စဉ်နှစ်တိုင်း ကြည့်နေကြတုန်းဖြစ်ပြီး ဒီကားကတော့ ရယ်ရွှင်စရာ ဇာတ်ကားလေးပါ။
(၇) Home Alone
ဒီဇာတ်ကားလေးကတော့ ပရိသတ်အားပေးမှု အတော်လေးရရှိခဲ့တဲ့ ကလေးသရုပ်ဆောင် ချောလေးရဲ့ ဇာတ်ကားပါ။ တစ်မိသားစုလုံး အားလပ်ရက် ခရီးထွက်သွားတဲ့အချိန်မှာ ကယ်လ်ဗင် ဆိုတဲ့ ကောင်လေးတစ်ယောက်တည်း အိမ်မှာကျန်ခဲ့တဲ့ အကြောင်းကို ဟာသနှောပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။
Ref:seventeen