ျဖဴစင္စြာခ်စ္ျမတ္နုိးမိျခင္းရဲ႕အနွစ္သာရ

လူ႕ဘ၀မွာေနထိုင္တဲ႔အခ်ိန္မွာ မ်ိဳးစံုေသာအခ်စ္ေတြကိုခံစားရတတ္ျပီး မ်ိဳးစံုေသာအခ်စ္ေတြနဲ႕လည္းခ်စ္ခဲ႔ျကမွာပါ။ ဆိုေတာ႔ ခ်စ္တိုင္းနာက်င္ရတယ္ ပူေလာင္ရတယ္ဆိုတာမ်ိဳး ေတြအျမဲျကားေနရတတ္ျပီးေနာက္ဆံုးမွာ အခ်စ္ဆုိတာနာက်င္စရာျကီးကိုျဖစ္သြားျကျပန္ပါေရာ။ ဒီလိုျဖစ္ျကတဲ႔သူေတြဟာ ျဖဴစင္စြာခ်စ္ျမတ္နိုးျခင္းကို သင္ယူခဲ႔ျခင္းသိရွိခဲ႔ျခင္းမရွိဘူးလို႕ပဲေျပာရေတာ႔မွာေပါ႔ေလ…ဒါဆိုျဖဴစင္စြာခ်စ္ျမတ္နုိးျခင္းဆိုတာဘာလဲေပါ႔ သမီးရည္းစားျကားျဖဴစင္ဆိုတာရွိပါ႔မလား၊ ဘာညာေမးခြန္းေတြ ရွိျကမွာပါ။ တကယ္ေတာ႔ မိသားစုအေပၚမွာထားတဲ႔ ၅၂၈အခ်စ္မ်ိဳးပဲျဖစ္ျဖစ္ ခ်စ္သူရည္းစား လင္မယားျခင္းထားတဲ႔ ၁၅၀၀ အခ်စ္ပဲျဖစ္ျဖစ္ ျဖဴစင္စြာခ်စ္လို႕ရတယ္။ ဘယ္လုိပံုစံမ်ိဳးကို ျဖဴစင္စြာခ်စ္ျမတ္နုိးျခင္းလို႕ေခၚသလဲဆိုတာ…
(၁) နားလည္မႈအျပည္႔ရွိတယ္
တစ္ေယာက္ရဲ႕အားနည္းခ်က္ေတြကို တစ္ေယာက္နားလည္ေပးတာမ်ိဳး၊ တစ္ယာက္ရဲ႕စိတ္ခံစားခ်က္ကိုတစ္ေယာက္နားလည္ေပးတာမိ်ဳးပါ။ တကယ္ျဖဴစင္စြာအရိုးခံစိ္တ္နဲ႕ခ်စ္မိတဲ႔သူတစ္ေယာက္ဟာ သူခ်စ္မိတဲ႔သူရဲ႕အတိတ္ကျပစ္ခ်က္ေတြအားနည္းခ်က္ေတြကိုလက္ခံေပးျပီးလက္ရွိအခ်ိန္ကိုအေကာင္းဆံုးျဖတ္သန္းနိုင္ေအာင္ကူညီေပးတတ္ျကတာပါ။
(၂) ေပးဆပ္ဖို႕ေနာက္မတြန္႔ဘူး
ျဖဴစင္စြာခ်စ္ျမတ္နိုးတဲ႔သူတစ္ေယာက္အတြက္ သူခ်စ္တဲ႔သူကိုေပးဆပ္တယ္ဆိုတာ သိပ္ဆန္းတဲ႔ကိစၥရယ္ေတာ႔မဟုတ္ေတာ႔ပါဘူး။ခ်စ္လို႕ေပးဆပ္တာကိုေပးဆပ္ေနတယ္ လုိ႕ေတာင္မခံစားမိေတာ႔ပဲ ကိုယ္႔ခ်စ္သူရဲ႕စိတ္ခ်မ္းသာမႈကိုသာဦးစားေပးတတ္ျကတာပါ။ ငါသူ႕ကိုဘယ္ေလာက္ေပးဆပ္လိုက္ရတယ္ဆိုတာမ်ိဳး ျကံဖန္အမွတ္ယူေျပာမေနတတ္ေတာ႔ေလာက္ေအာင္ကို ခ်စ္မိတတ္ျကတာပါ။ ေပးဆပ္ရတာကိုေပ်ာ္ေနတတ္တဲ႔သူတစ္ေယာက္အတြက္ေတာ႔နာက်င္စရာဆိုတာသိပ္မရွိေတာ႔ပါဘူး။
(၃) တစ္ေယာက္အတြက္တစ္ေယာက္ျကည္႔ေပးတယ္
တစ္ေယာက္ရဲ႕ေကာင္းက်ိဳးတစ္ေယာက္အတြက္တကယ္လိုအပ္တဲ႔အရာကိုျဖည္႔ဆည္းေပးတတ္ျကတယ္၊ ေနာက္ဆံုးကြာ သူ႕ဘ၀အတြက္တကယ္လိုအပ္တာ သူတကယ္စိတ္ခ်မ္းသာရမဲ႔ သူ႕ရဲ႕လက္တြဲေဖာ္ဟာ ကုိယ္မဟုတ္ဘူးဆိုတာကို အတိအက်သိလိုက္ရရင္ေတာင္ ကိုယ္႔
ခ်စ္သူအမွန္တကယ္ေပ်ာ္ရႊင္ဖို႕ ေအးေအးခ်မ္းခ်မ္းလက္တြဲျဖဳတ္ေပးတတ္ျကတာမ်ိဳးပါ။
(၄) ေမ်ွာ္လင္႔ခ်က္အမ်ားျကီးမထားဘူး
ငါနဲ႕ျကိုက္လုိ႕နင္ဘာျဖစ္ေအာင္ျကိုးစား ငါနဲ႕လုိက္ေအာင္ဘယ္လုိေနအစရွိသျဖင္႔ တစ္ဖက္သားရဲ႕ သဘာ၀ပံုစံအမွန္ကို အတင္းလုပ္ယူျပီးေျပာင္းလဲတာမ်ိဳးမလုပ္တတ္ျကပါဘူး။ မေကာင္းတဲ႔အရာေတြကို ေတာ႔ မလုပ္မိေအာင္တားျမစ္ ေပးတာမ်ိဳး ရွိေပမဲ႔ လူတစ္ေယာက္ရဲ႕ဘ၀ကအစ ၀ါသနာေတြ
အဆံုးကိုယ္႔အတၱေျကာင္႔ အတင္းျကီးေျပာင္းလဲလုပ္ယူတာမ်ိဳးမရွိတတ္ျကပါဘူး။ အာ႔လိုအတင္းေျပာင္းလဲလုပ္ယူမဲ႔အစား ကိုုယ္႔စိတ္ကိုနားလည္လာေအာင္ အခ်ိန္တစ္ခုထိေစာင္႔ဆိုင္းျပီး ျကိုးစားရွင္းျပစည္းရံုးတတ္ျကတာမ်ိဳးပါ။
(၅) ရယူလိုစိတ္မမ်ား
လူတစ္ေယာက္ကိုခ်စ္မိတယ္၊ သူ႕ဆီကဘယ္လုိအရာမ်ိဳးေတြကို ျပန္လိုခ်င္တယ္ ၊ သူ႕ဆီကဘယ္လုိေကာင္းတာေတြရမွ စိတ္ခ်မ္းသာမယ္ဆိုတာမ်ိဳးမရွိတတ္ျကပါဘူး။ တစ္ဖက္လူကကိုယ္႔ေပၚထားတဲ႔ စိတ္ရင္းမွန္ေမတၱာမွန္ကို နည္းနည္းေလးပဲရရ ဒါေလးကိုပဲတျမတ္တနိုးနဲ႕ တန္ဖိုးထားတတ္ျကတာပါ။ေမ်ွာ္လင္႔ခ်က္သိပ္မျကီးထားေတာ႔ နာက်င္ရတာလည္းသက္သာလွပါတယ္။ ဒါေျကာင္႔ ကိုယ္႔ဘက္ကအတၱနည္းနည္းနဲ႕ခ်စ္မယ္ဆိုရင္ အခ်စ္ေျကာင္႔သိပ္ပင္ပန္းနာက်င္ရတာမ်ိဳးလည္းရွိမလာနိုင္ေတာ႔ပါဘူး။
ဒီလုိအခ်က္ေလးေတြနဲ႕သာျဖဴစင္ေအးခ်မ္းစြာတစ္ေယာက္ေပၚတစ္ေယာက္ခ်စ္နုိင္ခဲ႔မယ္ဆိုရင္ အခ်စ္ေျကာင္႔နာက်င္ရတာ ခံစားရတာ၊ နာျကည္းရတာမ်ိဳးေတြ မရွိနိုင္ေတာ႔တာမလို႕ လူတစ္ေယာက္ကိုခ်စ္မယ္လုိ႕ရည္ရြယ္ရင္ ဒီလုိျဖဴစင္စြာခ်စ္ျခင္းရဲ႕အနွစ္သာရေတြထည္႔ျပီးခ်စ္ျမတ္နိုးနိုင္ျကပါေစလို႕ဆုေတာင္းရင္း…

Unicode

လူ့ဘဝမှာနေထိုင်တဲ့အချိန်မှာ မျိုးစုံသောအချစ်တွေကိုခံစားရတတ်ပြီး မျိုးစုံသောအချစ်တွေနဲ့လည်းချစ်ခဲ့ကြမှာပါ။ ဆိုတော့ ချစ်တိုင်းနာကျင်ရတယ် ပူလောင်ရတယ်ဆိုတာမျိုး တွေအမြဲကြားနေရတတ်ပြီးနောက်ဆုံးမှာ အချစ်ဆိုတာနာကျင်စရာကြီးကိုဖြစ်သွားကြပြန်ပါရော။ ဒီလိုဖြစ်ကြတဲ့သူတွေဟာ ဖြူစင်စွာချစ်မြတ်နိုးခြင်းကို သင်ယူခဲ့ခြင်းသိရှိခဲ့ခြင်းမရှိဘူးလို့ပဲပြောရတော့မှာပေါ့လေ…ဒါဆိုဖြူစင်စွာချစ်မြတ်နိုးခြင်းဆိုတာဘာလဲပေါ့ သမီးရည်းစားကြားဖြူစင်ဆိုတာရှိပါ့မလား၊ ဘာညာမေးခွန်းတွေ ရှိကြမှာပါ။ တကယ်တော့ မိသားစုအပေါ်မှာထားတဲ့ ၅၂၈အချစ်မျိုးပဲဖြစ်ဖြစ် ချစ်သူရည်းစား လင်မယားခြင်းထားတဲ့ ၁၅၀၀ အချစ်ပဲဖြစ်ဖြစ် ဖြူစင်စွာချစ်လို့ရတယ်။ ဘယ်လိုပုံစံမျိုးကို ဖြူစင်စွာချစ်မြတ်နိုးခြင်းလို့ခေါ်သလဲဆိုတာ…
(၁) နားလည်မှုအပြည့်ရှိတယ်
တစ်ယောက်ရဲ့အားနည်းချက်တွေကို တစ်ယောက်နားလည်ပေးတာမျိုး၊ တစ်ယာက်ရဲ့စိတ်ခံစားချက်ကိုတစ်ယောက်နားလည်ပေးတာမျိုးပါ။ တကယ်ဖြူစင်စွာအရိုးခံစိ်တ်နဲ့ချစ်မိတဲ့သူတစ်ယောက်ဟာ သူချစ်မိတဲ့သူရဲ့အတိတ်ကပြစ်ချက်တွေအားနည်းချက်တွေကိုလက်ခံပေးပြီးလက်ရှိအချိန်ကိုအကောင်းဆုံးဖြတ်သန်းနိုင်အောင်ကူညီပေးတတ်ကြတာပါ။
(၂) ပေးဆပ်ဖို့နောက်မတွန့်ဘူး
ဖြူစင်စွာချစ်မြတ်နိုးတဲ့သူတစ်ယောက်အတွက် သူချစ်တဲ့သူကိုပေးဆပ်တယ်ဆိုတာ သိပ်ဆန်းတဲ့ကိစ္စရယ်တော့မဟုတ်တော့ပါဘူး။ချစ်လို့ပေးဆပ်တာကိုပေးဆပ်နေတယ် လို့တောင်မခံစားမိတော့ပဲ ကိုယ့်ချစ်သူရဲ့စိတ်ချမ်းသာမှုကိုသာဦးစားပေးတတ်ကြတာပါ။ ငါသူ့ကိုဘယ်လောက်ပေးဆပ်လိုက်ရတယ်ဆိုတာမျိုး ကြံဖန်အမှတ်ယူပြောမနေတတ်တော့လောက်အောင်ကို ချစ်မိတတ်ကြတာပါ။ ပေးဆပ်ရတာကိုပျော်နေတတ်တဲ့သူတစ်ယောက်အတွက်တော့နာကျင်စရာဆိုတာသိပ်မရှိတော့ပါဘူး။
(၃) တစ်ယောက်အတွက်တစ်ယောက်ကြည့်ပေးတယ်
တစ်ယောက်ရဲ့ကောင်းကျိုးတစ်ယောက်အတွက်တကယ်လိုအပ်တဲ့အရာကိုဖြည့်ဆည်းပေးတတ်ကြတယ်၊ နောက်ဆုံးကွာ သူ့ဘဝအတွက်တကယ်လိုအပ်တာ သူတကယ်စိတ်ချမ်းသာရမဲ့ သူ့ရဲ့လက်တွဲဖော်ဟာ ကိုယ်မဟုတ်ဘူးဆိုတာကို အတိအကျသိလိုက်ရရင်တောင် ကိုယ့်
ချစ်သူအမှန်တကယ်ပျော်ရွှင်ဖို့ အေးအေးချမ်းချမ်းလက်တွဲဖြုတ်ပေးတတ်ကြတာမျိုးပါ။
(၄) မျှော်လင့်ချက်အများကြီးမထားဘူး
ငါနဲ့ကြိုက်လို့နင်ဘာဖြစ်အောင်ကြိုးစား ငါနဲ့လိုက်အောင်ဘယ်လိုနေအစရှိသဖြင့် တစ်ဖက်သားရဲ့ သဘာဝပုံစံအမှန်ကို အတင်းလုပ်ယူပြီးပြောင်းလဲတာမျိုးမလုပ်တတ်ကြပါဘူး။ မကောင်းတဲ့အရာတွေကို တော့ မလုပ်မိအောင်တားမြစ် ပေးတာမျိုး ရှိပေမဲ့ လူတစ်ယောက်ရဲ့ဘဝကအစ ၀ါသနာတွေ
အဆုံးကိုယ့်အတ္တကြောင့် အတင်းကြီးပြောင်းလဲလုပ်ယူတာမျိုးမရှိတတ်ကြပါဘူး။ အာ့လိုအတင်းပြောင်းလဲလုပ်ယူမဲ့အစား ကိုုယ့်စိတ်ကိုနားလည်လာအောင် အချိန်တစ်ခုထိစောင့်ဆိုင်းပြီး ကြိုးစားရှင်းပြစည်းရုံးတတ်ကြတာမျိုးပါ။
(၅) ရယူလိုစိတ်မများ
လူတစ်ယောက်ကိုချစ်မိတယ်၊ သူ့ဆီကဘယ်လိုအရာမျိုးတွေကို ပြန်လိုချင်တယ် ၊ သူ့ဆီကဘယ်လိုကောင်းတာတွေရမှ စိတ်ချမ်းသာမယ်ဆိုတာမျိုးမရှိတတ်ကြပါဘူး။ တစ်ဖက်လူကကိုယ့်ပေါ်ထားတဲ့ စိတ်ရင်းမှန်မေတ္တာမှန်ကို နည်းနည်းလေးပဲရရ ဒါလေးကိုပဲတမြတ်တနိုးနဲ့ တန်ဖိုးထားတတ်ကြတာပါ။မျှော်လင့်ချက်သိပ်မကြီးထားတော့ နာကျင်ရတာလည်းသက်သာလှပါတယ်။ ဒါကြောင့် ကိုယ့်ဘက်ကအတ္တနည်းနည်းနဲ့ချစ်မယ်ဆိုရင် အချစ်ကြောင့်သိပ်ပင်ပန်းနာကျင်ရတာမျိုးလည်းရှိမလာနိုင်တော့ပါဘူး။
ဒီလိုအချက်လေးတွေနဲ့သာဖြူစင်အေးချမ်းစွာတစ်ယောက်ပေါ်တစ်ယောက်ချစ်နိုင်ခဲ့မယ်ဆိုရင် အချစ်ကြောင့်နာကျင်ရတာ ခံစားရတာ၊ နာကြည်းရတာမျိုးတွေ မရှိနိုင်တော့တာမလို့ လူတစ်ယောက်ကိုချစ်မယ်လို့ရည်ရွယ်ရင် ဒီလိုဖြူစင်စွာချစ်ခြင်းရဲ့အနှစ်သာရတွေထည့်ပြီးချစ်မြတ်နိုးနိုင်ကြပါစေလို့ဆုတောင်းရင်း…

275 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.