အချိန်မရှိဘူး၊နောက်ကျနေပြီလို့အမြဲအော်နေရတဲ့ဘဝကလွတ်မြောက်ဖို့

အချိန်နှင့်ဒီရေသည်လူကိုမစောင့်ဆိုတဲ့အတိုင်း လူတွေကသာသတိမထားမိတာ အချိန်ဆိုတာကတော့ သူ့အတိုင်းတိုင်းကို တစ်ဖဲ့ချင်းစီကုန်လွန်နေတာဟာ ပြောင်းပြန်လှန်ထားတဲ့သဲနာရီလေးတွေကိုကြည့်ရင်သိနိုင်ပါတယ်။ တကယ်တော့ လူတွေရဲ့ဘဝမှာ အချိန်ဖြုန်းနေကြတာက များပြီး အတကယ်အရေးကြီးတဲ့ဘယ်လိုကိစ္စရပ်မျိုးကိုမှထိထိရောက်ရောက်လုပ်နိုင်တာကဖြစ်တတ်တဲ့သဘောသဘာဝတွေပါ။ဒါကြောင့် ကိုယ်ပိုင်အချိန်တွေကို ဘဝအတွက်ထိရောက်စွာစီမံခန့်ခွဲနိုင်စေဖို့ အသုံးဝင်နိုင်မယ့်အချက်ကလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

 

အချိန်ဆွဲနေခြင်းကိုလျှော့ပါ

တစ်ခုခုကိုလုပ်ဖို့ရာ မလိုအပ်ပဲအချိန်ဆွဲနေတာဟာ ရေရှည်မှာကိုယ့်ကိုထိခိုက်စေနိုင်တဲ့ အကျင့်ဆိုးတစ်ခုပါ။ ရေချိုးဖို့အချိန်ဆွဲနေတာ၊အိပ်ရာထဖို့အချိန်ဆွဲနေတာလိုမျိုး သေးသေးမွှားမွှားကိစ္စလေးတွေကနေ ဘဝနဲ့ချီိတဲ့ကြီးကြီိးမားမားကိစ္စတွေအထိကိုအချိန်ဆွဲခြင်းက အကျင့်ပါသွားပြီးကောင်းကောင်းကြီးဒုက္ခပေးနိုင်ပါတယ်။ဒါကြောင့်အချိန်ဆွဲတာကိုရပ်သင့်ပါပြီ။

 

ငြင်းပယ်ဖို့ဝန်မလေးပါနဲ့

လူတစ်ယောက်ဟာ တစ်ဘဝလုံးမှာသတ်မှတ်ထားတဲ့အချိန်ကိုပဲရကြတာပါ။သင့်အချိန်တွေဟာသိပ်ကိုတန်ဖိုးရှိတာမို့ တော်တန်ရုံကိစ္စရပ်တွေ၊အရေးမပါတဲ့၊အကျိုးမဖြစ်ထွန်းနိုင်တဲ့ကိစ္စရပ်တွေကိုအလွယ်တကူဖဲ့ပေးခြင်းမပြုပါနဲ့။ တစ်စုံတစ်ခုဟာ သင့်အတွက် ပိုက်ဆံ၊ပျော်ရွှင်မှု ဒါမှမဟုတ် ကုသိုလ်နဲ့ ပညာ တစ်ခုခုမှမရဘူးဆိုရင် NO လို့ပြောဖို့ဝန်မလေးပါနဲ့။

 

မတွေဝေပါနဲ့

လူအများစုဟာ ဘဝသက်တမ်းရဲ့ လေးပုံတစ်ပုံကို တွေဝေငေးမောနေခြင်းတွေနဲ့ကုန်ဆုံးတတ်ကြပါတယ်တဲ့။ တစ်ခုခုကိုရွေးချယ်ဖို့တွေဝေနေတာဟာ ကောင်းတဲ့အကျင့်မဟုတ်ပါဘူး။ ဆုံးဖြတ်ချက်ချဖို့အချိန်ယူတာကကောင်းပါတယ်။လိုအပ်သည်ထက်ပိုပြီးအချိန်အကြာကြီးယူနေတယ်ဆိုရင်တော့ ဒါဟာစဉ်းစားနေတာမဟုတ်တော့ပဲတွေဝေတွန့််ဆုတ်နေတာသာဖြစ်သွားပါပြီ။ တွေဝေမှုဟာ သင့်ဆီကိုလာတဲ့အခွင့်အလမ်းတွေကိုလွတ်သွားစေရုံတင်မကပါဘူး။သင့်ကိုလည်းစိတ်ရှုပ်ထွေးစေပါတယ်။ ဈေးထဲမှာဘဲဥဝယ်တဲ့အခါ အချိန်နည်းနည်းကြာကြာစိုက်ကြည့်လိုက်မိရင် ဘဲဥတွေက ဘယ်ဟာအသေးအကြီးလဲခွဲလို့မရတော့ပဲ အကုန်လုံးအတူတူတွေဖြစ်ကုန်တာမျိုးပေါ့။ ဒါကြောင့် မတွေဝေပါနဲ့။

 

လူမှုကွန်ယက်တွေအသုံးပြုခြင်းကိုသတိပြုပါ

21ရာစုရဲ့လူငယ်တွေဟာ ဖုန်းကို သူတို့ရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလိုကိုထင်မှတ်ထားကြတာပါ။အချိန်တော်တော်များများကိုလည်း ဖုန်း Screen ကိုမီးပွင့်အောင်ပွတ်နေခြင်းနဲ့ကုန်ဆုံးလေ့ရှိကြပါတယ်။ အမှန်တော့ ဖုန်းဟာ အချိန်တွေကိုကုန်စေတဲ့အဓိကအကြောင်းရင်းကြီးတစ်ခုပါပဲ။ ဖုန်းသုံးနေလို့အရေးကြီးတဲ့လုပ်စရာတစ်ခုခုကိုမေ့သွားတာမျိုးဟာလူတိုင်းတစ်ကြိမ်တစ်ခါလောက်တော့ဖြစ်ဖူးကြတဲ့အရာပါ။ဒါကိုလည်းလူတွေကမသိမဟုတ် သိပါတယ်။သိရက်နဲ့မဖြတ်နိုင်တာကဆိုးပါတယ်။ လူမှုကွန်ယက်တွေဟာ ပင့်ကူအိမ်လို ဆိုးရွားတဲ့ရည်းစားတစ်ယောက်လိုပါပဲ။ဒီလိုအရာတွေရဲ့ရစ်တွယ်မှုကိုမခံပါနဲ့။ဖုန်းသုံးတဲ့အချိန်ကို ကန့််သတ်ထားပါ။

 

မနက်စောစောထပါ

မနက်စောစောထပါဆိုတာက ပြောတော့သာလွယ်တာ တကယ်တမ်းထရတာတော့သိပ်စိတ်ညစ်စရာကောင်းမှန်းလူတိုင်းသိပါတယ်။ဒါပေမယ့်စိတ်မပူပါနဲ့ ထပါများရင်အကျင့်ဖြစ်သွားပါလိမ့်မယ်။အကျင့်ဖြစ်အောင်တော့ တစ်ပတ်လောက်တော့ထပေးရမှာပေါ့နော်။မနက်စောစောထတဲ့လူတွေဟာ လောလောလောလောမလုပ်ရတဲ့အတွက် စိတ်အေးချမ်းသာမှုရပြီိး ဦးနှောက်ကြည်လင်စေပါတယ်။ဒါ့အပြင်မနက်စောစောထတဲ့သူတွေက စောစောမထတဲ့သူတွေထက် ကိုယ်ပိုင်အချိန်ပိုရတာကြောင့် ကိုယ့်အကြောင်းကိုယ်တွေးချိန်ပိုရပြီး ကိစ္စရပ်တွေကိုတုံ့ပြန်တဲ့အခါမှာ ပိုမိုမြန်ဆန်ပါတယ်။ အိုဘားမားမှအစ နာမည်ကျော်ကြားသူတွေအများစုဟာ မနက်စောစောထတတ်သူတွေလည်းဖြစ်ပါတယ်။

ခုဖော်ပြသွားတဲ့အကြောင်းအရာတွေကတော့ အချိန်ကိုစီမံခန့်ခွဲရာမှာ အသုံးဝင်မယ့်အချက်လေးတွေပဲဖြစ်ပါတယ်။ဘဝရဲ့အရေးကြီးတဲ့အချိန်တွေတိုင်းကို မှန်မှန်ကန်ကန်အသုံးချနိုင်တဲ့အောင်မြင်သူတွေဖြစ်ကြပါစေ။

Unicode Format













0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.