နားကုိက္ေ၀ဒနာခံစားရတဲ႔အခါ ဒီနည္းလမ္းေတြက ကူညီေပးႏုိင္

နားကုိက္ေရာဂါ…နားကုိက္တာက မ်ားေသာအားျဖင့္ကေလးေတြမွာ အျဖစ္မ်ားတတ္ပါတယ္။ ဒါေပမဲ႔ တစ္ခါတစ္ေလ လူငယ္ေတြမွာလည္းျဖစ္တတ္ပါတယ္။နားကုိက္ျပီဆုိ တစ္ဖက္တည္းကုိက္တာလည္းရွိသလို ႏွစ္ဖက္လုံးကုိက္တာလည္းရွိပါတယ္။ ေယဘူယ်အားျဖင့္ေတာ့ တစ္ဖက္တည္းကုိက္တာမ်ားပါတယ္။နားကိုက္ေ၀ဒနာ ခံစားရျပီဆုိရင္ နားကိုအခြ်န္နဲ႔ထုိးေနသလိုလို၊သြားပဲကုိက္ေနသလိုလို၊ေကာင္းေကာင္းလည္းအိပ္မေပ်ာ္ပါဘူး။နားကိုက္တာအျပင္တစ္ျခားကူးစက္ေရာဂါပါ၀င္ေနျပီဆုိရင္ေတာ့ အၾကားအာရံုခဏေတာ့ ေပ်ာက္ဆံုးသြားႏုိင္ပါတယ္။အဲ႔ဒါေၾကာင့္နားကုိက္ေ၀ဒနာရဲ ႔ေရွ႔ေျပးလကၡဏာေတြကုိသိထားျပီး ကာကြယ္နုိင္ဖုိ႔လိုအပ္ပါတယ္။

နားကုိက္ေ၀ဒနာရဲ႔ေရွ႔ေျပးလကၡဏာေတြကေတာ့…
၁)ဆတ္ခနဲ ဆတ္ခနဲ နာက်င္မႈခံစားရမယ္
၂)တစ္ျခားသူေျပာတာေတြကုိ ၾကားတစ္ခ်က္မၾကားတစ္ခ်က္ျဖစ္လာမယ္
၃)နားထဲကေန အရည္ေတြထြက္လာမယ္
၄)ရုတ္တရက္ဖ်ားလာမယ္
၅)နားထဲမွာတစ္ခုခုျပည့္ေနသလုိ ခံစားလာရမယ္
၆)အိပ္ေပ်ာ္ဖုိ႔လည္းခက္လာမယ္
၇)မၾကာခဏေခါင္းကုိက္လာမယ္
၈)အစားစားခ်င္စိတ္ေလ်ာ့နည္းလာမယ္
ဒါေတြက လူငယ္ေရာ၊ကေလးေတြမွာပါ ေတြ႔ရမ်ားတတ္တဲ႔လကၡဏာေတြပါ။

နားကုိက္တာက နားအတြင္းဒဏ္ရာတစ္ခုခုရွိလို႔၊နားဖာကေလာတာမ်ားသြားလုိ႔၊ နားထဲကိုတစ္ခုခုထိုးထည့္မိလို႔ကိုက္တာမ်ိဳးလည္းရွိတတ္ပါတယ္။သြားကုိက္ရင္း နားကုိက္လာတာမ်ိဳးလည္းရွိပါတယ္။အေၾကာေတြက ဆက္စပ္ေနတာေၾကာင့္သြားကုိက္တဲ႔အခါ နားထဲကပါကုိက္သလိုခံစားလာရတာျဖစ္ပါတယ္။နားထဲကုိေရ၀င္တာ၊ေခါင္းေလ်ွာ္ရည္၀င္သြားတာ၊ ရုတ္တရက္ဆူညံသံေၾကာင့္နားကိုက္သြားတာမ်ိဳးလည္းရွိပါတယ္။

ဘယ္လုိအေၾကာင္းေၾကာင့္ျဖစ္ျဖစ္ နားကုိက္ေ၀ဒနာခံစားရျပီဆုိရင္ သက္သာေပ်ာက္ကင္းေစဖုိ႔ ဒီနည္းလမ္းေလးေတြကုိမွတ္ထားပါ။

၁)ေရခဲေရေအးေအးစြတ္ထားတဲ႔အ၀တ္စကုိ နားမွာအုပ္ေပးပါ။
၂)နာက်င္မႈေလ်ွာ့နည္းေစဖုိ႔ ပီေက၀ါးပါ။
၃)နာက်င္မႈကိုေလ်ွာ့ခ်ေပးနုိင္ဖုိ႔ အပူခံအိတ္လည္းသံုးေပးႏုိင္ပါတယ္။

၄)သံလြင္ဆီ ဒါမွမဟုတ္ Baby oil ရွိရင္ အနည္းငယ္ေႏြးသြားေအာင္အပူေပးပါ။ အရမ္းမပူပါေစနဲ႔။ခပ္ေႏြးေႏြးအေနအထားေရာက္္ရင္ နားအတြင္း၀င္ေအာင္ ၃စက္ျဖစ္ေစ ၄စက္ျဖစ္ေစခ်ေပးပါ။နာရီ၀က္ေလာက္ၾကာေအာင္ အဲ႔ဒီအတိုင္းတစ္ဖက္ေစာင္းထားျပီး အနားယူပါ။
၅)ႏွိပ္နယ္ေပးပါ။နားကုိက္တဲ႔အခါ အဲ႔ဒီေနရာအနီးတစ္၀ိုက္ျဖည္းျဖည္းခ်င္းႏွိပ္နယ္ေပးတာက နာက်င္မႈကိုသက္သာေစပါတယ္။အေပၚကေနေအာက္ကုိဆဲြခ်တဲ႔ပံုစံမ်ိဳးနဲ႔  နားအေနာက္တစ္၀ိုက္၊လည္ပင္းတစ္၀ိုက္၊ေမးရုိးတစ္၀ုိက္ႏွိပ္နယ္ေပးပါ။

၆)ၾကက္သြန္ျဖဴသံုးပါ။ၾကက္သြန္ျဖဴက နာက်င္မႈကုိေလ်ွာ့ခ်ခ်င္တဲ႔အခါ သံုးေလ့ရွိတဲ႔ေဆး တစ္မ်ိဳးပါပဲ။ၾကက္သြန္ျဖဴမွာ ကူးစက္ေရာဂါေတြကုိတိုက္ခိုက္နိုင္တဲ႔အစြမ္းသတိၱမ်ိဳး ရွိပါတယ္။ၾကက္သြန္ျဖဴ တစ္ေန႔တစ္မႊာစားျခင္းျဖင့္ နားနဲ႔ပတ္သက္တဲ႔ေရာဂါေတြ ကုိကာကြယ္ႏုိင္ပါတယ္။နားကုိက္ေနတဲ႔အခါမွာေတာ့ၾကက္သြန္ျဖဴ ႏွစ္မႊာသံုးမႊာကုိ မုန္ညင္းဆီစားပြဲတင္ဇြန္း ၂ဇြန္းနဲ႔ေရာျပီး အညိဳေရာင္ေျပာင္းလာတဲ႔အထိ ခ်က္ပါ။ျပီးရင္ ဆီကုိစစ္ထုတ္ျပီး ကိုက္ေနတဲ႔နားထဲကုိ တစ္စက္ျဖစ္ေစ ႏွစ္စက္ျဖစ္ေစ ခ်ေပးပါ။
၇)ၾကက္သြန္နီကလည္း နားကုိက္ေ၀ဒနာအတြက္အသံုး၀င္ပါတယ္။ၾကက္သြန္နီကုိ မိုက္ခရိုေ၀့ဗ္ထဲမွာ တစ္မိနစ္ကေန ႏွစ္မိနစ္ထိအပူေပးပါ။ျပီးရင္အရည္စစ္ထုတ္ျပီး နားထဲကုိ တစ္စက္ခ်င္းထည့္ပါ။၁၀မိနစ္ေလာက္ေစာင္းထားေပးျပီးမွ ပံုမွန္အတိုင္းျပန္ေနပါ။ နားကုိက္မေပ်ာက္မခ်င္း မနက္တစ္ၾကိမ္ညတစ္ၾကိမ္လုပ္ေပးႏုိင္ပါတယ္။

၈)ေဆးခန္းနီးရင္ ေဆးခန္းျပပါ။အထူးသျဖင့္ နားနဲ႔ပတ္သက္တဲ႔အထူးကုေဆးခန္း၊ေဆးရံုေတြမွာ စစ္ေဆးၾကည့္ရင္ပိုေကာင္းပါတယ္။အိမ္တြင္းနည္းလမ္းေတြကေတာ့ အေရးေပၚနည္း လို႔ေျပာလို႔ရပါတယ္။အဲ႔ဒါေတြလုပ္တာေတာင္ နားကုိက္ေနတုန္း၊နားနာေနတုန္းဆုိရင္ ပုိျပီးစိတ္ခ်ရေအာင္ဆရာ၀န္နဲ႔ျပသေပးသင့္ပါတယ္။

Unicode

နားကိုက်ရောဂါ…နားကိုက်တာက များသောအားဖြင့်ကလေးတွေမှာ အဖြစ်များတတ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေ လူငယ်တွေမှာလည်းဖြစ်တတ်ပါတယ်။နားကိုက်ပြီဆို တစ်ဖက်တည်းကိုက်တာလည်းရှိသလို နှစ်ဖက်လုံးကိုက်တာလည်းရှိပါတယ်။ ယေဘူယျအားဖြင့်တော့ တစ်ဖက်တည်းကိုက်တာများပါတယ်။နားကိုက်ဝေဒနာ ခံစားရပြီဆိုရင် နားကိုအချွန်နဲ့ထိုးနေသလိုလို၊သွားပဲကိုက်နေသလိုလို၊ကောင်းကောင်းလည်းအိပ်မပျော်ပါဘူး။နားကိုက်တာအပြင်တစ်ခြားကူးစက်ရောဂါပါဝင်နေပြီဆိုရင်တော့ အကြားအာရုံခဏတော့ ပျောက်ဆုံးသွားနိုင်ပါတယ်။အဲ့ဒါကြောင့်နားကိုက်ဝေဒနာရဲ ့ရှေ့ပြေးလက္ခဏာတွေကိုသိထား
ပြီး ကာကွယ်နိုင်ဖို့လိုအပ်ပါတယ်။

နားကိုက်ဝေဒနာရဲ့ရှေ့ပြေးလက္ခဏာတွေကတော့…
၁)ဆတ်ခနဲ ဆတ်ခနဲ နာကျင်မှုခံစားရမယ်
၂)တစ်ခြားသူပြောတာတွေကို ကြားတစ်ချက်မကြားတစ်ချက်ဖြစ်လာမယ်
၃)နားထဲကနေ အရည်တွေထွက်လာမယ်
၄)ရုတ်တရက်ဖျားလာမယ်
၅)နားထဲမှာတစ်ခုခုပြည့်နေသလို ခံစားလာရမယ်
၆)အိပ်ပျော်ဖို့လည်းခက်လာမယ်
၇)မကြာခဏခေါင်းကိုက်လာမယ်
၈)အစားစားချင်စိတ်လျော့နည်းလာမယ်
ဒါတွေက လူငယ်ရော၊ကလေးတွေမှာပါ တွေ့ရများတတ်တဲ့လက္ခဏာတွေပါ။

နားကိုက်တာက နားအတွင်းဒဏ်ရာတစ်ခုခုရှိလို့၊နားဖာကလောတာများသွားလို့၊ နားထဲကိုတစ်ခုခုထိုးထည့်မိလို့ကိုက်တာမျိုးလည်းရှိတတ်ပါတယ်။သွားကိုက်ရင်း နားကိုက်လာတာမျိုးလည်းရှိပါတယ်။အကြောတွေက ဆက်စပ်နေတာကြောင့်သွားကိုက်တဲ့အခါ နားထဲကပါကိုက်သလိုခံစားလာရတာဖြစ်ပါတယ်။နားထဲကိုရေဝင်တာ၊ခေါင်းလျှော်ရည်ဝင်သွားတာ၊ ရုတ်တရက်ဆူညံသံကြောင့်နားကိုက်သွားတာမျိုးလည်းရှိပါတယ်။

ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် နားကိုက်ဝေဒနာခံစားရပြီဆိုရင် သက်သာပျောက်ကင်းစေဖို့ ဒီနည်းလမ်းလေးတွေကိုမှတ်ထားပါ။

၁)ရေခဲရေအေးအေးစွတ်ထားတဲ့အဝတ်စကို နားမှာအုပ်ပေးပါ။
၂)နာကျင်မှုလျှော့နည်းစေဖို့ ပီကေဝါးပါ။
၃)နာကျင်မှုကိုလျှော့ချပေးနိုင်ဖို့ အပူခံအိတ်လည်းသုံးပေးနိုင်ပါတယ်။
၄)သံလွင်ဆီ ဒါမှမဟုတ် Baby oil ရှိရင် အနည်းငယ်နွေးသွားအောင်အပူပေးပါ။ အရမ်းမပူပါစေနဲ့။ခပ်နွေးနွေးအနေအထားရောက််ရင် နားအတွင်းဝင်အောင် ၃စက်ဖြစ်စေ ၄စက်ဖြစ်စေချပေးပါ။နာရီဝက်လောက်ကြာအောင် အဲ့ဒီအတိုင်းတစ်ဖက်စောင်းထားပြီး အနားယူပါ။
၅)နှိပ်နယ်ပေးပါ။နားကိုက်တဲ့အခါ အဲ့ဒီနေရာအနီးတစ်ဝိုက်ဖြည်းဖြည်းချင်းနှိပ်နယ်ပေးတာက နာကျင်မှုကိုသက်သာစေပါတယ်။အပေါ်ကနေအောက်ကိုဆွဲချတဲ့ပုံစံမျိုးနဲ့ နားအနောက်တစ်ဝိုက်၊လည်ပင်းတစ်ဝိုက်၊မေးရိုးတစ်ဝိုက်နှိပ်နယ်ပေးပါ။
၆)ကြက်သွန်ဖြူသုံးပါ။ကြက်သွန်ဖြူက နာကျင်မှုကိုလျှော့ချချင်တဲ့အခါ သုံးလေ့ရှိတဲ့ဆေး တစ်မျိုးပါပဲ။ကြက်သွန်ဖြူမှာ ကူးစက်ရောဂါတွေကိုတိုက်ခိုက်နိုင်တဲ့အစွမ်းသတ္တိမျိုး ရှိပါတယ်။ကြက်သွန်ဖြူ တစ်နေ့တစ်မွှာစားခြင်းဖြင့် နားနဲ့ပတ်သက်တဲ့ရောဂါတွေ ကိုကာကွယ်နိုင်ပါတယ်။နားကိုက်နေတဲ့အခါမှာတော့ကြက်သွန်ဖြူ နှစ်မွှာသုံးမွှာကို မုန်ညင်းဆီစားပွဲတင်ဇွန်း ၂ဇွန်းနဲ့ရောပြီး အညိုရောင်ပြောင်းလာတဲ့အထိ ချက်ပါ။ပြီးရင် ဆီကိုစစ်ထုတ်ပြီး ကိုက်နေတဲ့နားထဲကို တစ်စက်ဖြစ်စေ နှစ်စက်ဖြစ်စေ ချပေးပါ။
၇)ကြက်သွန်နီကလည်း နားကိုက်ဝေဒနာအတွက်အသုံးဝင်ပါတယ်။ကြက်သွန်နီကို မိုက်ခရိုဝေ့ဗ်ထဲမှာ တစ်မိနစ်ကနေ နှစ်မိနစ်ထိအပူပေးပါ။ပြီးရင်အရည်စစ်ထုတ်ပြီး နားထဲကို တစ်စက်ချင်းထည့်ပါ။၁ဝမိနစ်လောက်စောင်းထားပေးပြီးမှ ပုံမှန်အတိုင်းပြန်နေပါ။ နားကိုက်မပျောက်မချင်း မနက်တစ်ကြိမ်ညတစ်ကြိမ်လုပ်ပေးနိုင်ပါတယ်။
၈)ဆေးခန်းနီးရင် ဆေးခန်းပြပါ။အထူးသဖြင့် နားနဲ့ပတ်သက်တဲ့အထူးကုဆေးခန်း၊ဆေးရုံတွေမှာ စစ်ဆေးကြည့်ရင်ပိုကောင်းပါတယ်။အိမ်တွင်းနည်းလမ်းတွေကတော့ အရေးပေါ်နည်း လို့ပြောလို့ရပါတယ်။အဲ့ဒါတွေလုပ်တာတောင် နားကိုက်နေတုန်း၊နားနာနေတုန်းဆိုရင် ပိုပြီးစိတ်ချရအောင်ဆရာဝန်နဲ့ပြသပေးသင့်ပါတယ်။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.