Met Gala ပဲြသို႔တက္ေရာက္ခဲ့တဲ့ Selena Gomezရဲ႕မိတ္ကပ္ျပင္ဆင္မႈ ေဝဖန္ခံေနရ

ဓာတ္ပံုဆရာေတြကလည္း ပိုျပီးလွေအာင္႐ုိက္ေပးဖို႔လိုသလို ၊ ဆီလီနာရဲ႕မိတ္ကပ္ဆရာရဲ႕လက္ရာမေသသပ္မႈဟာ ပဲြၾကီးပဲြေကာင္းမွလာျပီး ထင္းခနဲေပၚေနခဲ့တယ္။

နယူးေယာ့ျမိဳ ႔မွာက်င္းပျပဳလုပ္တဲ့ Costume Institute ျပပဲြၾကီးကို တက္ေရာက္ဖို႔ဖိတ္ၾကားခံရသူေတြဟာ ျပပဲြနဲ႔လိုက္ဖက္တဲ့ ဝတ္စံုမ်ဳိးကိုေရြးခ်ယ္ ဝတ္ဆင္လာၾကရပါတယ္။ ထိုပဲြကို အႏုပညာေလာကသားအားလံုးတက္ေရာက္ရပါတယ္။ အမ်ဳိးစား စံုလင္လွေသာဝတ္စံုေတြနဲ႔ အားလံုးကိုၾကည့္ရတာ လင္းလက္ေနတဲ့ၾကယ္ပြင့္ေတြစုေဝးျပီး ဖိတ္ဖိတ္ေတာက္ေနသလားေတာင္ထင္ရပါတယ္။

ဒါေပမယ့္ ၾကယ္ပြင့္ၾကားထဲမွ ဆီလီနာေလးတစ္ေယာက္ေတာ့ မ်က္ႏွာညိဳးေနတာကိုေတြ႔ရပါတယ္။ သူ၀တ္လာတဲ့ ၀တ္စံု ၊ ဖိနပ္၊ ဆံပင္ျပင္ဆင္မႈအားလံုးဟာ အရမ္းလွပါတယ္။တစ္ခုဖ်က္ေနတာက ျပင္လာတဲ့ မိတ္ကပ္ပါပဲ။ နာမည္ၾကီး သ႐ုပ္ေဆာင္ ၊ အဆိုေတာ္တစ္ေယာက္အေနနဲ႔ ဒီလိုမ်ဳိး မိတ္ကပ္ျပင္ဆင္မႈကိုျမင္ျပီး ပရိတ္သတ္ေတြကေတာ့ မိတ္ကပ္ဆရာနဲ႔ ကင္မရာမန္းေတြကို စိတ္မၾကည္ခ်င္ၾကဘူး။ ကင္မရာမန္းေတြကလည္း နည္းနည္းပါးပါးလွပေအာင္ မ႐ုိက္တတ္ဘူးလားလို႔ ဆီလီနာအစား ဝင္နာၾကတယ္။

နာမည္ၾကီး မိတ္ကပ္ဆရာ Hung Vanngo က Kiehl အလွကုန္ပစၥည္းေတြကို အသံုးျပဳျပီးပဲ ဆီလီနာကို ျပင္ဆင္ေပးခဲ့တာပါတဲ့။ သူတို႔အျမင္မွာေတာ့ တစ္မူထူးျခားေအာင္ျပင္ဆင္တာဟုတ္ေပမယ့္ ပရိတ္သတ္ေတြကေတာ့ ဆီလီနာကို႐ုပ္ဆိုးေအာင္လုပ္လုိက္တာပဲလို႔ စိတ္မေကာင္းစြာေျပာၾကတယ္။

တြစ္တာမွာ ဆီလီနာနဲ႔ ဟာသပံုေလးေတြတဲြျပီး ဝိုင္းေျပာထားၾကတာေတြလည္းေတြ႔ရပါတယ္။ ဒါေပမယ့္လည္း ဆီလီနာကေတာ့ ေပ်ာ္ရႊင္စြာပဲ ပဲြတက္ခဲ့ပါတယ္။ ဒါေတြကို ဂ႐ုမစိုက္တဲ့ပရိတ္သတ္ေတြကေတာ့ သူမရဲ႕ဝတ္စံုကိုသာအသားေပးၾကည့္႐ႈသြားၾကပါတယ္။

https://twitter.com/hanaresch7/status/993666893473988608?tfw_site=MetroUK&ref_src=twsrc%5Etfw&ref_url=http%3A%2F%2Fmetro.co.uk%2F2018%2F05%2F08%2Fselena-gomez-forgot-stop-bronzer-met-gala-7528922%2F

(Unicode)

ဓာတ်ပုံဆရာတွေကလည်း ပိုပြီးလှအောင်ရိုက်ပေးဖို့လိုသလို ၊ ဆီလီနာရဲ့မိတ်ကပ်ဆရာရဲ့လက်ရာမသေသပ်မှုဟာ ပွဲကြီးပွဲကောင်းမှလာပြီး ထင်းခနဲပေါ်နေခဲ့တယ်။

နယူးယော့မြို ့မှာကျင်းပပြုလုပ်တဲ့ Costume Institute ပြပွဲကြီးကို တက်ရောက်ဖို့ဖိတ်ကြားခံရသူတွေဟာ ပြပွဲနဲ့လိုက်ဖက်တဲ့ ဝတ်စုံမျိုးကိုရွေးချယ် ဝတ်ဆင်လာကြရပါတယ်။ ထိုပွဲကို အနုပညာလောကသားအားလုံးတက်ရောက်ရပါတယ်။ အမျိုးစား စုံလင်လှသောဝတ်စုံတွေနဲ့ အားလုံးကိုကြည့်ရတာ လင်းလက်နေတဲ့ကြယ်ပွင့်တွေစုဝေးပြီး ဖိတ်ဖိတ်တောက်နေသလားတောင်ထင်ရပါတယ်။

ဒါပေမယ့် ကြယ်ပွင့်ကြားထဲမှ ဆီလီနာလေးတစ်ယောက်တော့ မျက်နှာညိုးနေတာကိုတွေ့ရပါတယ်။ သူဝတ်လာတဲ့ ဝတ်စုံ ၊ ဖိနပ်၊ ဆံပင်ပြင်ဆင်မှုအားလုံးဟာ အရမ်းလှပါတယ်။တစ်ခုဖျက်နေတာက ပြင်လာတဲ့ မိတ်ကပ်ပါပဲ။ နာမည်ကြီး သရုပ်ဆောင် ၊ အဆိုတော်တစ်ယောက်အနေနဲ့ ဒီလိုမျိုး မိတ်ကပ်ပြင်ဆင်မှုကိုမြင်ပြီး ပရိတ်သတ်တွေကတော့ မိတ်ကပ်ဆရာနဲ့ ကင်မရာမန်းတွေကို စိတ်မကြည်ချင်ကြဘူး။ ကင်မရာမန်းတွေကလည်း နည်းနည်းပါးပါးလှပအောင် မရိုက်တတ်ဘူးလားလို့ ဆီလီနာအစား ဝင်နာကြတယ်။

နာမည်ကြီး မိတ်ကပ်ဆရာ Hung Vanngo က Kiehl အလှကုန်ပစ္စည်းတွေကို အသုံးပြုပြီးပဲ ဆီလီနာကို ပြင်ဆင်ပေးခဲ့တာပါတဲ့။ သူတို့အမြင်မှာတော့ တစ်မူထူးခြားအောင်ပြင်ဆင်တာဟုတ်ပေမယ့် ပရိတ်သတ်တွေကတော့ ဆီလီနာကိုရုပ်ဆိုးအောင်လုပ်လိုက်တာပဲလို့ စိတ်မကောင်းစွာပြောကြတယ်။

တွစ်တာမှာ ဆီလီနာနဲ့ ဟာသပုံလေးတွေတွဲပြီး ဝိုင်းပြောထားကြတာတွေလည်းတွေ့ရပါတယ်။ ဒါပေမယ့်လည်း ဆီလီနာကတော့ ပျော်ရွှင်စွာပဲ ပွဲတက်ခဲ့ပါတယ်။ ဒါတွေကို ဂရုမစိုက်တဲ့ပရိတ်သတ်တွေကတော့ သူမရဲ့ဝတ်စုံကိုသာအသားပေးကြည့်ရှုသွားကြပါတယ်။

717 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.