ဒိတ္လုပ္ေနရင္းနဲ႔ Park Seo Joon ကိုေတြ႔သြားတဲ႔အခါမွာေတာ့ …

ကုိရီးယားမင္းသားေတြဘယ္ေလာက္ၾကည့္ေကာင္းလဲဆုိ ရုရွားသူေလးကေတာင္ ေၾကြက်သြား ပါတယ္ေနာ္။ေတာင္ကုိရီးယားႏုိင္ငံကမင္းသားေခ်ာ Park Seo Joon ဟာ tvNကစီစဥ္တင္ဆက္ တဲ႔ Reality show Youn’s Kitchen 2 ဆိုင္အတြက္ မၾကာေသးခင္ကစပိန္ႏုိင္ငံကုိသြားေရာက္ ခဲ႔ပါတယ္။သူနဲ႔အတူ မင္းသား Lee Seo Jin ကလည္းဒီအစီအစဥ္မွာပါ၀င္ျပီး Youn’s Kitchen 2  စားေသာက္ဆုိင္အတြက္ ပရိုမုိးရွင္းဆင္းတဲ႔အေနနဲ႔ မင္းသားႏွစ္ေယာက္က စားပြဲထုိး၀န္ထမ္းအျဖစ္ တာ၀န္ယူျပီးရိုက္ကူးခဲ႔တာပါ။

ျဖစ္ခ်င္ေတာ့ အဲ႔ဒီစားေသာက္ဆုိင္မွာ ရုရွားစံုတြဲတစ္တြဲလည္းရွိေနပါတယ္။ထုိစံုတြဲက အစားအစာေတြမွာယူတဲ႔အခိ်န္မွာ မင္းသား Lee Seo Jin ေရာက္လာျပီးမွာယူတာေတြကုိ မွတ္သားခဲ႔ပါတယ္။သူတို႔က Lee Seo Jin ကုိရုပ္ရွင္မင္းသားမွန္းမသိေပမဲ့ ရုပ္ရည္ၾကည့္ေကာင္းတယ္ဆိုတာေတာ့သတိျပဳမိခဲ႔ပါတယ္တဲ႔။

အဲ႔ဒီအခ်ိန္မွာ ဒိတ္လုပ္ေနတဲ႔ရုရွားသူေလးက စားေသာက္ဆုိင္ပတ္ပတ္လည္ကုိ လွည့္ၾကည့္လိုက္တဲ႔အခါမွာေတာ့…တစ္ဖက္စားပြဲ၀ုိင္းက လူၾကီးႏွစ္ေယာက္ကုိ
ေမးေနတဲ႔စားပြဲထုိးတစ္ျဖစ္လဲ မင္းသား Park Seo Joon ကုိေတြ႔သြားပါေတာ့တယ္။

မင္းသားေခ်ာကေတာ့ ေတာက္ပတဲ႔အျပံဳးေလးနဲ႔ လူၾကီးႏွစ္ေယာက္စားစရာမွာေနတာကုိ နားေထာင္ေနတာပါ။ဒါကုိေတြ႔သြားတဲ႔ရုရွားသူေလးခမ်ာမွာေတာ့ သူနဲ႔စကားေျပာေနတဲ႔သူကုိ အသာထား မင္းသားဆီမွာပဲ အၾကည့္ကရပ္သြားပါတယ္။ျပီးေတာ့ “၀ုိးးးသူ႔ကုိၾကည့္ပါဦး၊လံုး၀ Perfect ပဲ၊ကုိရီးယားအမ်ိဳးသားေတြဒီလိုပဲ ေခ်ာၾကတယ္ထင္တယ္” ဆုိျပီးေျပာခဲ႔ပါတယ္တဲ႔။

ကဲ ဒီလုိစားေသာက္ဆုိင္မွာ မင္းသား Park Seo Joon လုိ ေခ်ာေခ်ာေလးရွိေနမွေတာ့ စားေသာက္ဆုိင္ လူမမ်ားမွာစိတ္ပူစရာမလိုေတာ့ဘူးေနာ္။သူတို႔အခုလုပ္ေနတဲ႔ Reality Show “Youn’s Kitchen” ကလည္း နာမည္ေက်ာ္အႏုပညာရွင္ေတြေခၚယူရိုက္ကူးျပီး တစ္ကမာၻလံုးအႏွံ႔ကုိရီးယားစားေသာက္ဆုိင္ဖြင့္ဖုိ႔ရည္ရြယ္ျပီးရိုက္ကူးတာျဖစ္ပါတယ္။ကုိရီးယားႏုိင္ငံရဲ ႔အစားအစာ၊ယဥ္ေက်းမႈေတြကုိ နုိင္ငံျခားသားေတြကုိမိတ္ဆက္ထားတာပါ။Season 1 ကုိေတာ့ အင္ဒိုနီးရွားဖြင့္ခဲ႔ျပီး အခု Season 2 ကုိ စပိန္ႏုိင္ငံ၊Garachico ျမိဳ႔ေလးမွာဖြင့္ထားတာ ပဲျဖစ္ပါတယ္။

Unicode

ကိုရီးယားမင်းသားတွေဘယ်လောက်ကြည့်ကောင်းလဲဆို ရုရှားသူလေးကတောင် ကြွေကျသွား ပါတယ်နော်။တောင်ကိုရီးယားနိုင်ငံကမင်းသားချော Park Seo Joon ဟာ tvNကစီစဉ်တင်ဆက် တဲ့ Reality show Youn’s Kitchen 2 ဆိုင်အတွက် မကြာသေးခင်ကစပိန်နိုင်ငံကိုသွားရောက် ခဲ့ပါတယ်။သူနဲ့အတူ မင်းသား Lee Seo Jin ကလည်းဒီအစီအစဉ်မှာပါဝင်ပြီး Youn’s Kitchen 2 စားသောက်ဆိုင်အတွက် ပရိုမိုးရှင်းဆင်းတဲ့အနေနဲ့ မင်းသားနှစ်ယောက်က စားပွဲထိုးဝန်ထမ်းအဖြစ် တာဝန်ယူပြီးရိုက်ကူးခဲ့တာပါ။

ဖြစ်ချင်တော့ အဲ့ဒီစားသောက်ဆိုင်မှာ ရုရှားစုံတွဲတစ်တွဲလည်းရှိနေပါတယ်။ထိုစုံတွဲက အစားအစာတွေမှာယူတဲ့အချိန်မှာ မင်းသား Lee Seo Jin ရောက်လာပြီးမှာယူတာတွေကို မှတ်သားခဲ့ပါတယ်။သူတို့က Lee Seo Jin ကိုရုပ်ရှင်မင်းသားမှန်းမသိပေမဲ့ ရုပ်ရည်ကြည့်ကောင်းတယ်ဆိုတာတော့သတိပြုမိခဲ့ပါတယ်တဲ့။

အဲ့ဒီအချိန်မှာ ဒိတ်လုပ်နေတဲ့ရုရှားသူလေးက စားသောက်ဆိုင်ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်တဲ့အခါမှာတော့…တစ်ဖက်စားပွဲဝိုင်းက လူကြီးနှစ်ယောက်ကို
မေးနေတဲ့စားပွဲထိုးတစ်ဖြစ်လဲ မင်းသား Park Seo Joon ကိုတွေ့သွားပါတော့တယ်။

မင်းသားချောကတော့ တောက်ပတဲ့အပြုံးလေးနဲ့ လူကြီးနှစ်ယောက်စားစရာမှာနေတာကို နားထောင်နေတာပါ။ဒါကိုတွေ့သွားတဲ့ရုရှားသူလေးခမျာမှာတော့ သူနဲ့စကားပြောနေတဲ့သူကို အသာထား မင်းသားဆီမှာပဲ အကြည့်ကရပ်သွားပါတယ်။ပြီးတော့ ဝိုးးးသူ့ကိုကြည့်ပါဦး၊လုံးဝ Perfect ပဲ၊ကိုရီးယားအမျိုးသားတွေဒီလိုပဲ ချောကြတယ်ထင်တယ် ဆိုပြီးပြောခဲ့ပါတယ်တဲ့။

ကဲ ဒီလိုစားသောက်ဆိုင်မှာ မင်းသား Park Seo Joon လို ချောချောလေးရှိနေမှတော့ စားသောက်ဆိုင် လူမများမှာစိတ်ပူစရာမလိုတော့ဘူးနော်။သူတို့အခုလုပ်နေတဲ့ Reality Show “Youn’s Kitchen” ကလည်း နာမည်ကျော်အနုပညာရှင်တွေခေါ်ယူရိုက်ကူးပြီး တစ်ကမ္ဘာလုံးအနှံ့ကိုရီးယားစားသောက်ဆိုင်ဖွင့်ဖို့ရည်ရွယ်ပြီးရိုက်ကူးတာဖြစ်ပါတယ်။ကိုရီးယားနိုင်ငံရဲ ့အစားအစာ၊ယဉ်ကျေးမှုတွေကို နိုင်ငံခြားသားတွေကိုမိတ်ဆက်ထားတာပါ။Season 1 ကိုတော့ အင်ဒိုနီးရှားဖွင့်ခဲ့ပြီး အခု Season 2 ကို စပိန်နိုင်ငံ၊Garachico မြို့လေးမှာဖွင့်ထားတာ ပဲဖြစ်ပါတယ်။

822 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.