နာမည္ေက်ာ္ကုိရီးယားအႏုပညာရွင္ေတြက်င့္သံုးၾကတဲ႔ ၀ိတ္ေလ်ွာ့နည္းမ်ား

ကုိရီးယားမင္းသမီးေလးေတြ၊အဆိုေတာ္ေလးေတြၾကည့္လိုက္ရင္ ေသးေသးသြယ္သြယ္ေလးေတြ ခ်ည္းပဲေနာ္။သူတို႔က ကုိယ္အေလးခ်ိန္နဲ႔ပတ္သက္ရင္လည္း အျမဲတေစဂရုစုိက္ၾကပါတယ္။ ၀ိတ္နည္းနည္းေလးတက္လာျပီဆုိ ေလ့က်င့္ခန္းျပန္လုပ္ ၊အစားေလ်ွာ့နဲ႔၀ိတ္ျပန္က်ေအာင္ လုပ္ၾကတာပါ။ဒီလုိ၀ိတ္ျပန္က်ေအာင္လုပ္တဲ႔အခါမွာလည္း သူတုိ႔သံုးေလ့ရွိတဲ႔ နည္းလမ္းေလးေတြရွိပါတယ္။အဲ႔ဒါကုိ ပရိသတ္ေတြအတြက္လည္း ျပန္ျပီး မ်ွေ၀ေပးထား ပါတယ္။နာမည္ေက်ာ္စတားေတြရဲ ႔ကုိယ္ပုိင္၀ိတ္ေလ်ွာ့နည္းေလးေတြ ကေတာ့…

၁) T.O.P ( Bigbang)
နာမည္ေက်ာ္အဆိုေတာ္အဖြဲ႔၀င္ T.O.P ကေတာ့ ၀ိတ္တက္လာတဲ႔အခါ အနီေရာင္ပဲေစ့ကုိ သံုးေလ့ရွိပါတယ္တဲ႔။လက္ဖက္ရည္ထဲမွာ အနီေရာင္ပဲေစ့ထည့္ျပီးေသာက္တာက ကယ္လ္စီယမ္လံုေလာက္မႈရွိေစျပီး ကုိယ္အေလးခ်ိန္က်ဆင္းေစပါတယ္။အနီေရာင္ပဲေစ့ျပဳတ္ ၂ဇြန္း ၃ဇြန္းစားေပးတာကလည္း အာဟာရျပည့္၀ေစျပီး အစားစားခ်င္စိတ္ေလ်ာ့ နည္းေစတယ္လုိ႔သိရပါတယ္။

၂)Dasom (former SISTAR member)
Dasom ကေတာ့ ၃ပတ္အတြင္း ေပါင္ ၂၀ေလာက္ခ်ခ်င္တဲ႔အခါ သခြားသီးကုိသံုးတယ္ လို႔သိရပါတယ္။သခြားသီးက ကယ္လိုရီကုိ လ်င္ျမန္စြာက်ဆင္းေစပါတယ္တဲ႔။
သခြားသီးနဲ႔ေရ ေရာစပ္ျပီးေသာက္သံုးေပးတာက ကယ္လ္စီယမ္လည္းမ်ားစြာရရွိျပီး မလိုခ်င္တဲ႔အဆီပုိေတြကုိ စြန္႔ထုတ္ေပးပါတယ္။Dasom က တစ္ေန႔လံုး သခြားသီးပဲ စားပါတယ္။ဗိုက္အရမ္းဆာတာမ်ိဳးလည္းမရွိပဲ လန္းဆန္းတက္ၾကြမႈ ကိုခံစားရတယ္လို႔ေျပာျပခဲ႔ပါတယ္။

၃)IU
IU ကုိလည္း ေကေပါ့ပ္ပရိသတ္တုိင္းသိၾကမွာပါ။သူမကေတာ့ ကိုယ္အေလးခ်ိန္အမ်ားၾကီး တက္ေလ့မရွိေပမဲ႔ ခႏၶာကုိယ္ထဲကအဆီပုိေတြေလ်ွာ့ခ်ခ်င္တဲ႔အခါပန္းသီးစားပါတယ္တဲ႔။ ပန္းသီးက အမ်ွင္ဓာတ္ၾကြယ္၀ျပီး ကယ္လိုရီပါ၀င္မႈလည္းနည္းပါတယ္။IU က ထမင္းစားျပီးတုိင္း အာဟာရျပည့္၀ဖုိ႔နဲ႔ က်န္းမာလွပေစဖုိ႔ပန္းသီးတစ္လံုးစားေလ့ရွိတယ္လို႔သိရပါတယ္။

၄)Seolhyun (AOA)
Seolhyun ကေတာ့ ကုိယ္အေလးခ်ိန္ေလ်ွာ့ခ်ခ်င္တဲ႔အခါ ထမင္းစားတဲ႔အခါတိုင္း အသီးအရြက္မ်ားမ်ားနဲ႔ၾကက္ရင္ပံုတစ္တံုးျဖစ္ေစ၊၂တံုးျဖစ္ေစထည့္စားပါတယ္တဲ႔။
ၾကက္ရင္ပံုက ပရိုတင္းဓာတ္မ်ားျပီး ကယ္လိုရီနည္းလုိ႔ တစ္ျခားအသားေတြလို ၀ိတ္မတက္ေစပါဘူး။ျပီးေတာ့အသီးအႏွံမ်ားမ်ားစားပါတယ္။အဲ႔ဒါေၾကာင့္ပဲ
တျဖည္းျဖည္းလွပလာျပီး ေကေပါ့ပ္ပရိသတ္ေတြရဲ ႔အသည္းစြဲျဖစ္ေနတာပါ။

၅)Park Bom (former 2NE1 member)
Park Bom ကိုလည္း သိၾကမယ္ထင္ပါတယ္။အရုပ္မေလးလိုခ်စ္စရာေကာင္းတဲ႔ အဆိုေတာ္မေလးရဲ ႔၀ိတ္ခ်တဲ႔နည္းလမ္းက ဖရဲသီးပါ။ဖရဲသီးမွာ ေရဓာတ္ ၉၀
ရာခုိင္ႏႈန္းေလာက္ပါလို႔အသားအရည္လည္းလွပေစျပီးေရဓာတ္ျပည့္၀ေစပါတယ္။ကုိယ္အေလးခိ်န္တက္လာတဲ႔အခါ ဖရဲသီးမ်ားမ်ားစားေပးတယ္လုိ႔သိရပါတယ္။ဖရဲသီးစားလုိက္တဲ႔အခါ အစားစားခ်င္စိတ္ကုိလည္းေလ်ာ့နည္းသြားေစလို႔ ထမင္းဟင္းေတြ အမ်ားၾကီးထည့္မစားျဖစ္ေတာ့ပါဘူး။

၆)Seohyun (Girls’ Generation)
အဆိုေတာ္လည္းျဖစ္သလို သရုပ္ေဆာင္တစ္ေယာက္လည္းျဖစ္တဲ႔ Seohyun ဟာ သူမ၀ိတ္ေလ်ွာ့ခ်င္တဲ႔အခါ ကန္စြန္းဥစားပါတယ္တဲ႔။သူမရဲ ႔ပရိသတ္ေတြကလည္း
Seohyun ကန္စြန္းဥအရမ္းၾကိဳက္မွန္းသိၾကပါတယ္။ကန္စြန္းဥမွာကယ္လိုရီအနည္းငယ္သာပါျပီး ဗီတာမင္ E ပါ၀င္လို႔ေသြးစီးဆင္းမႈကုိေကာင္းမြန္ေစပါတယ္။အဲ႔ဒါေၾကာင့္ ကုိယ္အေလးခ်ိန္ေလ်ွာ့ခ်င္တဲ႔အခါကယ္လိုရီနည္းျပီး အာဟာရျပည့္၀တဲ႔ကန္စြန္းဥကုိ စားေလ့ရွိတာပါ။

၇)Suzy Bae
Suzy က အခုဆုိရင္ေတာ့ ခႏၶာကုိယ္သြယ္သြယ္ေလးနဲ႔ခ်စ္စရာေကာင္းတဲ႔မင္းသမီးအဆိုေတာ္ တစ္လက္ျဖစ္ေနပါျပီ။အရင္ကေတာ့ သူမက နည္းနည္းျပည့္ျပည့္ေလးပါတဲ႔။ Uncontrollably Fond ရုပ္ရွင္ရိုက္ကူးဖုိ႔ျဖစ္လာတဲ႔အခ်ိန္မွာ သူမက ကုိယ္အေလးခိ်န္စျပီးေလ်ွာ့ခဲ႔တာပါ။Suzy ရဲ ႔ကိုယ္အေလးခ်ိန္ေလ်ွာ့နည္းကေတာ့ညေန ၆နာရီေက်ာ္ရင္ဘာမွမစားေတာ့ပါဘူးတဲ႔။ သူမအမ်ားဆုံးစားေလ့ရွိတာက ၾကက္ရင္ပံု၊ကန္စြန္းဥပါပဲ။ေရနဲ႔အသီးေဖ်ာ္ရည္ေတြလည္
အမ်ားၾကီးေသာက္ပါတယ္။ျပီးေတာ့ လက္ေမာင္းအဆီက်ဖုိ႔ penguin exercise ကုိလုပ္ပါတယ္တဲ႔။Penguin Exercise ကေတာ့ ေအာက္ကဗီဒီယုိထဲမွာ ၾကည့္ၾကည့္ုလိုက္ေနာ္။

၈)Song Hye Kyo
ကုိရီးယားႏုိင္ငံရဲ ႔အလွဘုရင္မလုိ႔တင္စားရေလာက္ေအာင္ ပ်ိဳမ်စ္နုနယ္လွပတဲ႔ Song Hye Kyo ရဲ႔လွိ်ဳ႔၀ွက္ခ်က္က ဘာမ်ားပါလိ့မ္?Song Hye Kyo ရဲ ႔ကုိယ္အေလးခ်ိန္ထိန္းသိမ္းနည္းကေတာ့ ခရမ္းခ်ဥ္သီး၊ဘယ္ရီသီး၊ေခ်ာကလက္အမည္း၊တူနာငါး၊ၾကက္ဥ၊အစိမ္းေရာင္ဟင္းသီးဟင္းရြက္၊Anti oxidants ၾကြယ္၀တဲ႔အစားအစာေတြကိုသာ ပံုမွန္စားေလ့ရွိပါတယ္တဲ႔။သေရစာေတြ၊ လက္ဖက္ရည္၊အခ်ိဳရည္ေတြကုိ အျမဲတမ္းေရွာင္ပါတယ္။ေလ့က်င့္ခန္းလည္းပံုမွန္လုပ္ေလ့ရွိျပီး မိတ္ကပ္လိမ္းတဲ႔အခါမွာလည္း သဘာ၀ထက္နည္းနည္းေလာက္ပဲ ပုိျပီးလိမ္းပါတယ္။ တစ္ျခားသူေတြကုိလည္း ေအာက္ခံမိတ္ကပ္ကိုအထူၾကီးမလိမ္းဖုိ႔အၾကံေပးထားပါတယ္။

၉)Jun Ji Hyun
ေရသူမေလး Jun Ji Hyun ကေတာ့ အသားအရည္ကုိအျမဲတမ္းသန္႔စင္နုနယ္ခ်င္တယ္ ဆုိရင္ေပ်ာ္ရႊင္ေအာင္ေနပါဆုိတဲ႔အုိင္ဒီယာကုိလက္ခံက်င့္သံုးပါတယ္တဲ႔။ သူမက မ်က္နွာကုိေရေႏြးေႏြးေလးနဲ႔ဦးဆံုးသစ္ေလ့ရွိျပီး ေနာက္မွေရေအးနဲ႔ သစ္ေပးေလ့ရွိပါတယ္။ ဒါ့ေၾကာင့္သူမရဲ ႔အသားအရည္ကႏုေနတာပါ။မနက္ ၆နာရီဆုိတာနဲ႔ထေလ့ရွိျပီး ကုိယ္အေလးခ်ိန္ထိန္းသိမ္းဖုိ႔အတြက္ေတာ့ရိုးရွင္းတဲ႔နည္းလမ္းကုိသံုးပါတယ္။ဘာလဲဆုိေတာ့
အစားစားတဲ႔အခါ ညာလက္နဲ႔ပံုမွန္စားေနၾကဆုိဘယ္လက္နဲ႔ေျပာင္းလဲစားတာပါပဲ။ ကိုယ္မသန္တဲ႔လက္ျဖစ္လို႔အစားကုိလည္းနည္းနည္းနဲ႔ျဖည္းျဖည္းခ်င္းစားမိေစပါတယ္။ တစ္ျခားသူေတြကုိလည္း အဲ႔ဒီနည္းလမ္းသံုးဖုိ႔အၾကံေပးထားျပီး တစ္ေန႔ကုိ နာရီ၀က္ေလာက္ေလ့က်င့္ခန္းလုပ္ဖုိ႔ေျပာထားပါတယ္။

ဒီေလာက္ဆုိရင္နာမည္ေက်ာ္အႏုပညာရွင္ေတြရဲ ႔ကုိယ္အေလးခ်ိန္ေလွ်ာ့ခ်နည္း၊ ထိန္းသိမ္းနည္းေတြကုိသိျပီးေလာက္ျပီေပါ့ေနာ္။သူတို႔ဆီကနည္းလမ္းေလး အတုိင္း လုိက္လုပ္ၾကည့္ဖုိ႔လည္းမေမ့နဲ႔ေနာ္ (ခႏၶာကုိယ္သြယ္လ်လ်ေလးပုိင္ဆုိင္ခ်င္ရင္ေပါ့) ။

Unicode

ကိုရီးယားမင်းသမီးလေးတွေ၊အဆိုတော်လေးတွေကြည့်လိုက်ရင် သေးသေးသွယ်သွယ်လေးတွေ ချည်းပဲနော်။သူတို့က ကိုယ်အလေးချိန်နဲ့ပတ်သက်ရင်လည်း အမြဲတစေဂရုစိုက်ကြပါတယ်။ ၀ိတ်နည်းနည်းလေးတက်လာပြီဆို လေ့ကျင့်ခန်းပြန်လုပ် ၊အစားလျှော့နဲ့ဝိတ်ပြန်ကျအောင် လုပ်ကြတာပါ။ဒီလို၀ိတ်ပြန်ကျအောင်လုပ်တဲ့အခါမှာလည်း သူတို့သုံးလေ့ရှိတဲ့ နည်းလမ်းလေးတွေရှိပါတယ်။အဲ့ဒါကို ပရိသတ်တွေအတွက်လည်း ပြန်ပြီး မျှဝေပေးထား ပါတယ်။နာမည်ကျော်စတားတွေရဲ ့ကိုယ်ပိုင်ဝိတ်လျှော့နည်းလေးတွေ ကတော့…

၁) T.O.P ( Bigbang)
နာမည်ကျော်အဆိုတော်အဖွဲ့ဝင် T.O.P ကတော့ ၀ိတ်တက်လာတဲ့အခါ အနီရောင်ပဲစေ့ကို သုံးလေ့ရှိပါတယ်တဲ့။လက်ဖက်ရည်ထဲမှာ အနီရောင်ပဲစေ့ထည့်ပြီးသောက်တာက ကယ်လ်စီယမ်လုံလောက်မှုရှိစေပြီး ကိုယ်အလေးချိန်ကျဆင်းစေပါတယ်။အနီရောင်ပဲစေ့ပြုတ် ၂ဇွန်း ၃ဇွန်းစားပေးတာကလည်း အာဟာရပြည့်ဝစေပြီး အစားစားချင်စိတ်လျော့ နည်းစေတယ်လို့သိရပါတယ်။

၂)Dasom (former SISTAR member)
Dasom ကတော့ ၃ပတ်အတွင်း ပေါင် ၂ဝလောက်ချချင်တဲ့အခါ သခွားသီးကိုသုံးတယ် လို့သိရပါတယ်။သခွားသီးက ကယ်လိုရီကို လျင်မြန်စွာကျဆင်းစေပါတယ်တဲ့။
သခွားသီးနဲ့ရေ ရောစပ်ပြီးသောက်သုံးပေးတာက ကယ်လ်စီယမ်လည်းများစွာရရှိပြီး မလိုချင်တဲ့အဆီပိုတွေကို စွန့်ထုတ်ပေးပါတယ်။Dasom က တစ်နေ့လုံး သခွားသီးပဲ စားပါတယ်။ဗိုက်အရမ်းဆာတာမျိုးလည်းမရှိပဲ လန်းဆန်းတက်ကြွမှု ကိုခံစားရတယ်လို့ပြောပြခဲ့ပါတယ်။

၃)IU
IU ကိုလည်း ကေပေါ့ပ်ပရိသတ်တိုင်းသိကြမှာပါ။သူမကတော့ ကိုယ်အလေးချိန်အများကြီး တက်လေ့မရှိပေမဲ့ ခန္ဓာကိုယ်ထဲကအဆီပိုတွေလျှော့ချချင်တဲ့အခါပန်းသီးစားပါတယ်တဲ့။ ပန်းသီးက အမျှင်ဓာတ်ကြွယ်ဝပြီး ကယ်လိုရီပါဝင်မှုလည်းနည်းပါတယ်။IU က ထမင်းစားပြီးတိုင်း အာဟာရပြည့်ဝဖို့နဲ့ ကျန်းမာလှပစေဖို့ပန်းသီးတစ်လုံးစားလေ့ရှိတယ်လို့သိရပါတယ်။

၄)Seolhyun (AOA)
Seolhyun ကတော့ ကိုယ်အလေးချိန်လျှော့ချချင်တဲ့အခါ ထမင်းစားတဲ့အခါတိုင်း အသီးအရွက်များများနဲ့ကြက်ရင်ပုံတစ်တုံးဖြစ်စေ၊၂တုံးဖြစ်စေထည့်စားပါတယ်တဲ့။
ကြက်ရင်ပုံက ပရိုတင်းဓာတ်များပြီး ကယ်လိုရီနည်းလို့ တစ်ခြားအသားတွေလို ၀ိတ်မတက်စေပါဘူး။ပြီးတော့အသီးအနှံများများစားပါတယ်။အဲ့ဒါကြောင့်ပဲ
တဖြည်းဖြည်းလှပလာပြီး ကေပေါ့ပ်ပရိသတ်တွေရဲ ့အသည်းစွဲဖြစ်နေတာပါ။

၅)Park Bom (former 2NE1 member)
Park Bom ကိုလည်း သိကြမယ်ထင်ပါတယ်။အရုပ်မလေးလိုချစ်စရာကောင်းတဲ့ အဆိုတော်မလေးရဲ ့ဝိတ်ချတဲ့နည်းလမ်းက ဖရဲသီးပါ။ဖရဲသီးမှာ ရေဓာတ် ၉၀
ရာခိုင်နှုန်းလောက်ပါလို့အသားအရည်လည်းလှပစေပြီးရေဓာတ်ပြည့်ဝစေပါတယ်။ကိုယ်အလေးချိန်တက်လာတဲ့အခါ ဖရဲသီးများများစားပေးတယ်လို့သိရပါတယ်။ဖရဲသီးစားလိုက်တဲ့အခါ အစားစားချင်စိတ်ကိုလည်းလျော့နည်းသွားစေလို့ ထမင်းဟင်းတွေ အများကြီးထည့်မစားဖြစ်တော့ပါဘူး။

၆)Seohyun (Girls’ Generation)
အဆိုတော်လည်းဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ Seohyun ဟာ သူမဝိတ်လျှော့ချင်တဲ့အခါ ကန်စွန်းဥစားပါတယ်တဲ့။သူမရဲ ့ပရိသတ်တွေကလည်း
Seohyun ကန်စွန်းဥအရမ်းကြိုက်မှန်းသိကြပါတယ်။ကန်စွန်းဥမှာကယ်လိုရီအနည်းငယ်သာပါပြီး ဗီတာမင် E ပါဝင်လို့သွေးစီးဆင်းမှုကိုကောင်းမွန်စေပါတယ်။အဲ့ဒါကြောင့် ကိုယ်အလေးချိန်လျှော့ချင်တဲ့အခါကယ်လိုရီနည်းပြီး အာဟာရပြည့်ဝတဲ့ကန်စွန်းဥကို စားလေ့ရှိတာပါ။

၇)Suzy Bae
Suzy က အခုဆိုရင်တော့ ခန္ဓာကိုယ်သွယ်သွယ်လေးနဲ့ချစ်စရာကောင်းတဲ့မင်းသမီးအဆိုတော် တစ်လက်ဖြစ်နေပါပြီ။အရင်ကတော့ သူမက နည်းနည်းပြည့်ပြည့်လေးပါတဲ့။ Uncontrollably Fond ရုပ်ရှင်ရိုက်ကူးဖို့ဖြစ်လာတဲ့အချိန်မှာ သူမက ကိုယ်အလေးချိန်စပြီးလျှော့ခဲ့တာပါ။Suzy ရဲ ့ကိုယ်အလေးချိန်လျှော့နည်းကတော့ညနေ ၆နာရီကျော်ရင်ဘာမှမစားတော့ပါဘူးတဲ့။ သူမအများဆုံးစားလေ့ရှိတာက ကြက်ရင်ပုံ၊ကန်စွန်းဥပါပဲ။ရေနဲ့အသီးဖျော်ရည်တွေလည်
အများကြီးသောက်ပါတယ်။ပြီးတော့ လက်မောင်းအဆီကျဖို့ penguin exercise ကိုလုပ်ပါတယ်တဲ့။Penguin Exercise ကတော့ အောက်ကဗီဒီယိုထဲမှာ ကြည့်ကြည့်ုလိုက်နော်။

၈)Song Hye Kyo
ကိုရီးယားနိုင်ငံရဲ ့အလှဘုရင်မလို့တင်စားရလောက်အောင် ပျိုမျစ်နုနယ်လှပတဲ့ Song Hye Kyo ရဲ့လှိျု့ဝှက်ချက်က ဘာများပါလိ့မ်?Song Hye Kyo ရဲ ့ကိုယ်အလေးချိန်ထိန်းသိမ်းနည်းကတော့ ခရမ်းချဉ်သီး၊ဘယ်ရီသီး၊ချောကလက်အမည်း၊တူနာငါး၊ကြက်ဥ၊အစိမ်းရောင်ဟင်းသီးဟင်းရွက်၊Anti oxidants ကြွယ်ဝတဲ့အစားအစာတွေကိုသာ ပုံမှန်စားလေ့ရှိပါတယ်တဲ့။သရေစာတွေ၊ လက်ဖက်ရည်၊အချိုရည်တွေကို အမြဲတမ်းရှောင်ပါတယ်။မိတ်ကပ်လိမ်းတဲ့အခါ
မှာလည်း သဘာဝထက်နည်းနည်းလောက်ပဲပိုပြီးလိမ်းလေ့ရှိပြီးတစ်ခြားသူတွေကိုလည်း အောက်ခံမိတ်ကပ်ကိုအထူကြီးမလိမ်းဖို့အကြံပေးထားပါတယ်။

၉)Jun Ji Hyun
ရေသူမလေး Jun Ji Hyun ကတော့ အသားအရည်ကိုအမြဲတမ်းသန့်စင်နုနယ်ချင်တယ် ဆိုရင်ပျော်ရွှင်အောင်နေပါဆိုတဲ့အိုင်ဒီယာကိုလက်ခံကျင့်သုံးပါတယ်တဲ့။ သူမက မျက်နှာကိုရေနွေးနွေးလေးနဲ့ဦးဆုံးသစ်လေ့ရှိပြီး နောက်မှရေအေးနဲ့ သစ်ပေးလေ့ရှိပါတယ်။ ဒါ့ကြောင့်သူမရဲ ့အသားအရည်ကနုနေတာပါ။မနက် ၆နာရီဆိုတာနဲ့ထလေ့ရှိပြီး ကိုယ်အလေးချိန်ထိန်းသိမ်းဖို့အတွက်တော့ရိုးရှင်းတဲ့နည်းလမ်းကိုသုံးပါတယ်။ဘာလဲဆိုတော့
အစားစားတဲ့အခါ ညာလက်နဲ့ပုံမှန်စားနေကြဆိုဘယ်လက်နဲ့ပြောင်းလဲစားတာပါပဲ။ ကိုယ်မသန်တဲ့လက်ဖြစ်လို့အစားကိုလည်းနည်းနည်းနဲ့ဖြည်းဖြည်းချင်းစားမိစေပါတယ်။ တစ်ခြားသူတွေကိုလည်း အဲ့ဒီနည်းလမ်းသုံးဖို့အကြံပေးထားပြီး တစ်နေ့ကို နာရီဝက်လောက်လေ့ကျင့်ခန်းလုပ်ဖို့ပြောထားပါတယ်။

ဒီလောက်ဆိုရင်နာမည်ကျော်အနုပညာရှင်တွေရဲ ့ကိုယ်အလေးချိန်လျှော့ချနည်း၊ ထိန်းသိမ်းနည်းတွေကိုသိပြီးလောက်ပြီပေါ့နော်။သူတို့ဆီကနည်းလမ်းလေး အတိုင်း လိုက်လုပ်ကြည့်ဖို့လည်းမမေ့နဲ့နော် (ခန္ဓာကိုယ်သွယ်လျလျလေးပိုင်ဆိုင်ချင်ရင်ပေါ့) ။

907 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.