စိတ္ေတြသိပ္ေထြျပားေနတဲ႔အခ်ိန္မွာဒါေလးေတြလုပ္ပါ

လူတုိင္းကေတာ႔အခ်ိန္တိုင္းစိတ္ေပ်ာ္ရႊင္ေအးခ်မ္းမေနနိုင္ပါဘူးေလ။ တစ္ခါတစ္ရံမွာစိတ္ေတြေထြျပားျပီး ဘာလုပ္လုိ႕ဘာကိုင္ရမွန္းမသိတဲ႕အေျခေနမ်ိဳးေတြ အာရံုေထြျပားတဲ႔ေျခေနမ်ိဳးေတြ ျဖစ္တတ္ျကပါတယ္။ဒီလိုအေျခေနမ်ိဳးေတြမွာ အေကာင္းဆံုးေနထုိင္ေအာင္ဘယ္လိုအရာမ်ိဳးေလးေတြကိုလုပ္ေဆာင္သင္႔သလဲဆိုတာ…
(၁) ကိုယ္႔ကိုစိတ္ေနွာက္ယွက္ျဖစ္ေစမဲ႔လူတစ္ခ်ိဳ႕နဲ႕ေ၀းရာမွာေနပါ
စိတ္ေထြျပားေနတဲ႔ကာလမွာကိုယ္႔ကိုစိတ္ပိုပင္ပန္းေမဲ႔ လူတစ္ခ်ိဳ႕ရဲ႕အေ၀းမွာ ေနတာအေကာင္းဆံုးပါပဲ။ ကိုယ္႔အတြက္ေနွာက္ယွက္ျဖစ္မဲ႔သူ ေနွာက္ယွက္ျဖစ္မဲ႔အရာေတြရဲ႕အေ၀းဆံုးကိုထြက္သြားျပီး ေအးေဆးစိတ္ေအးလက္ေအး အနားယူပါ။
(၂) တရားထုိင္ပါ
တရားထုိင္ျခင္းကစိတ္ကုိတည္ျငိမ္ေအးခ်မ္းေစတဲ႔အရာတစ္ခုပါပဲ။ စိတ္ေထြျပီးစိတ္ရႈပ္ေနတဲ႔အခ်ိန္မွာ တရားထိုင္ျခင္းဟာ ေအးခ်မ္းမႈကိုေပးစြမ္းနိုင္ျပီးစိတ္ကုိအမွန္ျမင္ေအာင္ျပသလမ္းညႊန္ေပးနုိင္တာေျကာင္႔ ျဖစ္ပါတယ္။
(၃) တစ္ေယာက္တည္းေစ်း၀ယ္ထြက္ပါ၊မုန္႔စားပါ
ကိုယ္႔စိတ္ျကိုက္ကိုယ္လုပ္ခ်င္တာကိုယ္စားခ်င္တာကိုယ္၀ယ္ခ်င္တာ ကိုယ္႔အျကိုက္ဖန္တီးလိုက္ပါ။ စိတ္လြတ္ကိုယ္လြတ္နဲ႕သူမ်ားသေဘာျကည္႕ေနစရာမလုိပဲကိုယ္႔စိတ္ျကိုက္ကိုယ္႔အေတြးတုိင္းျဖတ္သန္းလုိက္ပါ။
(၄) ဘာမွမေတြးပဲ အိပ္ေရး၀ေနေအာင္အိပ္ပါ
စိတ္ေထြေနတဲ႔ အခ်ိန္မွာ ေတြးေတာျကံဆေနလည္း အေျဖေကာင္းရမွာမဟုတ္ပါဘူး။ ဒါေျကာင္႔စိတ္ေအးခ်မ္းသာစြာ အျပည္႔အ၀ အိပ္စက္ပါ။ ဖုန္း ၊ တီဗြီ၊ ကြန္ပ်ဴတာစတဲ႔ ပစၥည္းေတြနဲ႕ခဏတာအေ၀းမွာေနျပီး အိပ္ေရး၀၀အိပ္စက္ပါ။
(၅) လိုအပ္တဲ႔ေနရာေတြမွာလူကိုယ္တုိင္ပါ၀င္ကူညီပါ
ကိုယ္႔လုပ္အားလိုအပ္ေနတ႔ဲေနရာေတြမွာ စိတ္ေရာကိုယ္ပါနစ္ျမဳပ္ျပီးပါ၀င္ကူညီပါ။ ဒီလိုလုပ္ေဆာင္ျခင္းဟာ လိုအပ္တဲ႔ေနရာေတြအတြက္ အက်ိဳးလည္းျဖစ္ေစသလိုကိုယ္႔အတြက္လည္းစိတ္ေထြတာေတြကို ေျဖစရာ တစ္ခုျဖစ္ေစနိုင္တာေျကာင္႔ နွစ္ဦးနွစ္ဖက္လံုးအက်ိဳးရွိေစနို္င္ပါတယ္။
စိတ္ေထြျပားေနတဲ႔အခ်ိန္အခန္းထဲမွာေအာင္းေနတာမ်ိဳးမလုပ္ပဲ အက်ိဳးရွိရွိေလးျဖတ္သန္းရင္း ေပ်ာ္ရႊင္စရာေန႕ရက္ေတြပိုင္ဆိုင္နိုင္ပါေစလို႕ဆုေတာင္းလုိက္ပါတယ္…

Unicode

လူတိုင်းကတော့အချိန်တိုင်းစိတ်ပျော်ရွှင်အေးချမ်းမနေနိုင်ပါဘူးလေ။ တစ်ခါတစ်ရံမှာစိတ်တွေထွေပြားပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့အခြေနေမျိုးတွေ အာရုံထွေပြားတဲ့ခြေနေမျိုးတွေ ဖြစ်တတ်ကြပါတယ်။ဒီလိုအခြေနေမျိုးတွေမှာ အကောင်းဆုံးနေထိုင်အောင်ဘယ်လိုအရာမျိုးလေးတွေကိုလုပ်ဆောင်သင့်သလဲဆိုတာ…
(၁) ကိုယ့်ကိုစိတ်နှောက်ယှက်ဖြစ်စေမဲ့လူတစ်ချို့နဲ့ဝေးရာမှာနေပါ
စိတ်ထွေပြားနေတဲ့ကာလမှာကိုယ့်ကိုစိတ်ပိုပင်ပန်းမေဲ့ လူတစ်ချို့ရဲ့အဝေးမှာ နေတာအကောင်းဆုံးပါပဲ။ ကိုယ့်အတွက်နှောက်ယှက်ဖြစ်မဲ့သူ နှောက်ယှက်ဖြစ်မဲ့အရာတွေရဲ့အဝေးဆုံးကိုထွက်သွားပြီး အေးဆေးစိတ်အေးလက်အေး အနားယူပါ။
(၂) တရားထိုင်ပါ
တရားထိုင်ခြင်းကစိတ်ကိုတည်ငြိမ်အေးချမ်းစေတဲ့အရာတစ်ခုပါပဲ။ စိတ်ထွေပြီးစိတ်ရှုပ်နေတဲ့အချိန်မှာ တရားထိုင်ခြင်းဟာ အေးချမ်းမှုကိုပေးစွမ်းနိုင်ပြီးစိတ်ကိုအမှန်မြင်အောင်ပြသလမ်းညွှန်ပေးနိုင်တာကြောင့် ဖြစ်ပါတယ်။
(၃) တစ်ယောက်တည်းစျေးဝယ်ထွက်ပါ၊မုန့်စားပါ
ကိုယ့်စိတ်ကြိုက်ကိုယ်လုပ်ချင်တာကိုယ်စားချင်တာကိုယ်ဝယ်ချင်တာ ကိုယ့်အကြိုက်ဖန်တီးလိုက်ပါ။ စိတ်လွတ်ကိုယ်လွတ်နဲ့သူများသဘောကြည့်နေစရာမလိုပဲကိုယ့်စိတ်ကြိုက်ကိုယ့်အတွေးတိုင်းဖြတ်သန်းလိုက်ပါ။
(၄) ဘာမှမတွေးပဲ အိပ်ရေးဝနေအောင်အိပ်ပါ
စိတ်ထွေနေတဲ့ အချိန်မှာ တွေးတောကြံဆနေလည်း အဖြေကောင်းရမှာမဟုတ်ပါဘူး။ ဒါကြောင့်စိတ်အေးချမ်းသာစွာ အပြည့်အဝ အိပ်စက်ပါ။ ဖုန်း ၊ တီဗွီ၊ ကွန်ပျူတာစတဲ့ ပစ္စည်းတွေနဲ့ခဏတာအဝေးမှာနေပြီး အိပ်ရေးဝဝအိပ်စက်ပါ။
(၅) လိုအပ်တဲ့နေရာတွေမှာလူကိုယ်တိုင်ပါဝင်ကူညီပါ
ကိုယ့်လုပ်အားလိုအပ်နေတဲ့နေရာတွေမှာ စိတ်ရောကိုယ်ပါနစ်မြုပ်ပြီးပါဝင်ကူညီပါ။ ဒီလိုလုပ်ဆောင်ခြင်းဟာ လိုအပ်တဲ့နေရာတွေအတွက် အကျိုးလည်းဖြစ်စေသလိုကိုယ့်အတွက်လည်းစိတ်ထွေတာတွေကို ဖြေစရာ တစ်ခုဖြစ်စေနိုင်တာကြောင့် နှစ်ဦးနှစ်ဖက်လုံးအကျိုးရှိစေနို်င်ပါတယ်။
စိတ်ထွေပြားနေတဲ့အချိန်အခန်းထဲမှာအောင်းနေတာမျိုးမလုပ်ပဲ အကျိုးရှိရှိလေးဖြတ်သန်းရင်း ပျော်ရွှင်စရာနေ့ရက်တွေပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်…

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.