ရန္ျဖစ္လိုက္ျပန္ခ်စ္လုိက္စံုတြဲေတြဘာေျကာင္႔ျမဲတတ္ျကတာလဲ

ေပ်ာ္စရာေကာင္းတဲ႔Relationship တစ္ခုကိုေတာ႔အတြဲတိုင္းပိုင္ဆိုင္ခ်င္ျကတာျကီးပါပဲ။ ဒါေပမဲ႔တစ္ေမတည္းကေမြးတဲ႔ေမာင္နွမသားခ်င္းေတြေတာင္မွ တစ္ခါတစ္ရံစိတ္သေဘာထားခ်င္းမတိုင္ဆိုင္လို႔ ရန္ျဖစ္ျကစကားမ်ားတတ္ျကေသးတာပါပဲ။ အတြဲေတြမွာလည္းတစ္ေယာက္နဲ႕တစ္ေယာက္မတိုက္ဆိုင္တာေတြ စိတ္အခန္႕မသင္႔တာေတြရွိနိုင္ပါတယ္။ တစ္ခ်ိဳ႕ေသာအတြဲေတြခဏခဏရန္ျဖစ္ျကတယ္စကားနုိင္ထိုးျကတယ္ ၊ မခံနုိ္င္တဲ႔အဆံုးကြဲကြာလမ္းခြဲျပီးနာက်င္စရာေတြျဖစ္လာတတ္ျကေပမဲ႔တစ္ခ်ိဳ႕အတြဲေတြကေတာ႔ဒီလိုရန္ျဖစ္လိုက္စကားမ်ားလိုက္ရင္းနဲ႔ပဲ ပိုပိုခ်စ္ျပီးျမဲလာတတ္ျကပါတယ္။ဆိုေတာ႔ ဘယ္လိုအခ်က္ေတြေျကာင္႔ခဏခဏ စကားမ်ားတတ္တဲ႔အတြဲေတြက ကြဲဖို႕ခက္ခဲတာလဲဆိုတာ…
(၁) ခ်စ္လြန္းလို႕ျဖစ္ေပၚလာတဲ႔ေဒါသမလို႕
တစ္ေယာက္နဲ႕တစ္ေယာက္တကယ္ခ်စ္တဲ႔စံုတြဲအမ်ားစုကသာပိုျပီးရန္ျဖစ္စကားမ်ားတတ္ျကပါတယ္။ ရန္ျဖစ္ရတဲ႔အေျကာင္းရင္းကလည္းအထူးသျဖင္႔ တစ္ေယာက္ကိုတစ္ေယာက္ အခ်စ္ေတြလြန္စိုးရိမ္စိတ္ေတြပို ျပီးျဖစ္လာတာမ်ိဳး ေစတနာပိုလြန္းျပီး ျဖစ္သြားတာမ်ိဳးေတြေျကာင္႔ျဖစ္ေပၚလာတဲ႔ေဒါသေတြကို ရန္ျဖစ္ေနပင္မဲ႔တစ္ေယာက္ေစတနာတစ္ေယာက္နားလည္နို္င္ေတာ႔ျပန္အဆင္ေျပဖို႕ဆုိတာ အခ်ိန္အျကာျကီးမလုိပါဘူး။
(၂) တစ္ေယာက္နဲ႕တစ္ေယာက္ေတာင္းပန္ဖို႕၀န္မေလးလို႕
တကယ္ခ်စ္တဲ႔စံုတြဲေတြဟာ ဘယ္ေလာက္ပဲ ရန္ျဖစ္ျကပါေစ စိတ္ဆိုးစိတ္ေကာက္ေနျကပါေစ အခ်ိန္တန္ရင္ တစ္ဖက္ဖက္ကေတာ႔ေလ်ာ႕ျပီးေတာင္းပန္တတ္ျကတာပါပဲ။ ေအာက္က်တယ္ နိမ္႔တယ္ ဘာညာမာနေတြမထားပဲ တစ္ေယာက္နဲ႕တစ္ေယာက္ေတာင္းပန္ဖို႕၀န္မေလးတာေျကာင္႔ ပိုျမဲတတ္ျကပါတယ္။
(၃) ရန္ျဖစ္ျပီးတိုင္းတစ္ေယာက္နဲ႕တစ္ေယာက္ပိုခ်စ္လာလို႕
ရန္ျဖစ္ျပီးတိုင္းမွာ တစ္ေယာက္နဲ႕တစ္ေယာက္ျပန္ေခ်ာ႕ျကရင္းအမွားေတြကိုယ္စီကိုေတာင္းပန္ျကရင္းနဲ႕ တစ္ေယာက္နဲ႕တစ္ေယာက္ေမတၱာပိုျပီးခိုင္ျမဲလာနိုင္ေစပါတယ္။
(၄) ဒုကၡတိုင္းကိုတူတူပိုရင္ဆိုင္နုိင္လာျကတယ္
ခဏခဏရန္ျဖစ္တတ္ျကတဲ႔အတြဲတိုင္းဟာေသခ်ာတယ္တစ္ေယာက္အေျကာင္းတစ္ေယာက္ အရမ္းကိုသိထားျကတဲ႔သူေတြပါ။ ဒါေျကာင္႔တစ္ေယာက္ရဲ႕ဒုကၡ ပဲျဖစ္ေစ သုခပဲျဖစ္ေစမ်ွေ၀ခံစားေပးနုိင္တဲ႔ အစြမ္းေတြရွိေနနိုင္တာမလို႕ ပိုျပီးခိုင္ျမဲတတ္ျကပါတယ္။
(၅) တစ္ေယာက္မရွိရင္တစ္ေယာက္မျဖစ္တာပိုသိလာေစတယ္
ဘယ္ေလာက္ပဲရန္ျဖစ္ျဖစ္ တစ္ေယာက္မရွိတစ္ေယာက္မေနတတ္ျကတာလဲသူတို႕ပါပဲ။ ရန္ျဖစ္ျပီး တစ္ေယာက္နဲ႕တစ္ေယာက္မေခၚမေျပာျဖစ္ေနတဲ႔ အခ်ိန္ကာလအတြင္းမွာပဲသိလိုက္ျကရတာက တစ္ေယာက္ကို တစ္ေယာက္လိုအပ္ေနျကတာပါပဲ။ ဒါေျကာင္႔ ခဏခဏရန္ျဖစ္ေလမရွိပဲမေနနိုင္ဘူးဆိုတာပိုသိလာေစတာမလို႕ ျပတ္ဖို႕ခဲယဥ္းသြားတတ္ျကပါျပီ။
ရန္ျဖစ္တဲ႔စံုတြဲေတြမကြဲဘူးဆိုလို႕ခဏခဏ ျကံဖန္ျပီး ရန္ေတာ႔မျဖစ္ျကနဲ႕ေနာ္… ေျပာခ်င္တာက တစ္ဂ်က္ဂ်က္နဲ႕ရန္ျဖစ္လည္း အခ်ိန္တန္ မခြဲနို္င္ျကတဲ႔အတြဲေလးေတြကိုရည္ညႊန္းထားတာမလို႕ ဘယ္ေလာက္ရန္ျဖစ္ျဖစ္ျပန္ခ်စ္နိုင္ျကပါေစလို႕ဆုေတာင္းရင္း…

Unicode

ပျော်စရာကောင်းတဲ့Relationship တစ်ခုကိုတော့အတွဲတိုင်းပိုင်ဆိုင်ချင်ကြတာကြီးပါပဲ။ ဒါပေမဲ့တစ်မေတည်းကမွေးတဲ့မောင်နှမသားချင်းတွေတောင်မှ တစ်ခါတစ်ရံစိတ်သဘောထားချင်းမတိုင်ဆိုင်လို့ ရန်ဖြစ်ကြစကားများတတ်ကြသေးတာပါပဲ။ အတွဲတွေမှာလည်းတစ်ယောက်နဲ့တစ်ယောက်မတိုက်ဆိုင်တာတွေ စိတ်အခန့်မသင့်တာတွေရှိနိုင်ပါတယ်။ တစ်ချို့သောအတွဲတွေခဏခဏရန်ဖြစ်ကြတယ်စကားနိုင်ထိုးကြတယ် ၊ မခံနို်င်တဲ့အဆုံးကွဲကွာလမ်းခွဲပြီးနာကျင်စရာတွေဖြစ်လာတတ်ကြပေမဲ့တစ်ချို့အတွဲတွေကတော့ဒီလိုရန်ဖြစ်လိုက်စကားများလိုက်ရင်းနဲ့ပဲ ပိုပိုချစ်ပြီးမြဲလာတတ်ကြပါတယ်။ဆိုတော့ ဘယ်လိုအချက်တွေကြောင့်ခဏခဏ စကားများတတ်တဲ့အတွဲတွေက ကွဲဖို့ခက်ခဲတာလဲဆိုတာ…
(၁) ချစ်လွန်းလို့ဖြစ်ပေါ်လာတဲ့ဒေါသမလို့
တစ်ယောက်နဲ့တစ်ယောက်တကယ်ချစ်တဲ့စုံတွဲအများစုကသာပိုပြီးရန်ဖြစ်စကားများတတ်ကြပါတယ်။ ရန်ဖြစ်ရတဲ့အကြောင်းရင်းကလည်းအထူးသဖြင့် တစ်ယောက်ကိုတစ်ယောက် အချစ်တွေလွန်စိုးရိမ်စိတ်တွေပို ပြီးဖြစ်လာတာမျိုး စေတနာပိုလွန်းပြီး ဖြစ်သွားတာမျိုးတွေကြောင့်ဖြစ်ပေါ်လာတဲ့ဒေါသတွေကို ရန်ဖြစ်နေပင်မဲ့တစ်ယောက်စေတနာတစ်ယောက်နားလည်နို်င်တော့ပြန်အဆင်ပြေဖို့ဆိုတာ အချိန်အကြာကြီးမလိုပါဘူး။
(၂) တစ်ယောက်နဲ့တစ်ယောက်တောင်းပန်ဖို့ဝန်မလေးလို့
တကယ်ချစ်တဲ့စုံတွဲတွေဟာ ဘယ်လောက်ပဲ ရန်ဖြစ်ကြပါစေ စိတ်ဆိုးစိတ်ကောက်နေကြပါစေ အချိန်တန်ရင် တစ်ဖက်ဖက်ကတော့လျော့ပြီးတောင်းပန်တတ်ကြတာပါပဲ။ အောက်ကျတယ် နိမ့်တယ် ဘာညာမာနတွေမထားပဲ တစ်ယောက်နဲ့တစ်ယောက်တောင်းပန်ဖို့ဝန်မလေးတာကြောင့် ပိုမြဲတတ်ကြပါတယ်။
(၃) ရန်ဖြစ်ပြီးတိုင်းတစ်ယောက်နဲ့တစ်ယောက်ပိုချစ်လာလို့
ရန်ဖြစ်ပြီးတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက်ပြန်ချော့ကြရင်းအမှားတွေကိုယ်စီကိုတောင်းပန်ကြရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက်မေတ္တာပိုပြီးခိုင်မြဲလာနိုင်စေပါတယ်။
(၄) ဒုက္ခတိုင်းကိုတူတူပိုရင်ဆိုင်နိုင်လာကြတယ်
ခဏခဏရန်ဖြစ်တတ်ကြတဲ့အတွဲတိုင်းဟာသေချာတယ်တစ်ယောက်အကြောင်းတစ်ယောက် အရမ်းကိုသိထားကြတဲ့သူတွေပါ။ ဒါကြောင့်တစ်ယောက်ရဲ့ဒုက္ခ ပဲဖြစ်စေ သုခပဲဖြစ်စေမျှဝေခံစားပေးနိုင်တဲ့ အစွမ်းတွေရှိနေနိုင်တာမလို့ ပိုပြီးခိုင်မြဲတတ်ကြပါတယ်။
(၅) တစ်ယောက်မရှိရင်တစ်ယောက်မဖြစ်တာပိုသိလာစေတယ်
ဘယ်လောက်ပဲရန်ဖြစ်ဖြစ် တစ်ယောက်မရှိတစ်ယောက်မနေတတ်ကြတာလဲသူတို့ပါပဲ။ ရန်ဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်မခေါ်မပြောဖြစ်နေတဲ့ အချိန်ကာလအတွင်းမှာပဲသိလိုက်ကြရတာက တစ်ယောက်ကို တစ်ယောက်လိုအပ်နေကြတာပါပဲ။ ဒါကြောင့် ခဏခဏရန်ဖြစ်လေမရှိပဲမနေနိုင်ဘူးဆိုတာပိုသိလာစေတာမလို့ ပြတ်ဖို့ခဲယဉ်းသွားတတ်ကြပါပြီ။
ရန်ဖြစ်တဲ့စုံတွဲတွေမကွဲဘူးဆိုလို့ခဏခဏ ကြံဖန်ပြီး ရန်တော့မဖြစ်ကြနဲ့နော်… ပြောချင်တာက တစ်ဂျက်ဂျက်နဲ့ရန်ဖြစ်လည်း အချိန်တန် မခွဲနို်င်ကြတဲ့အတွဲလေးတွေကိုရည်ညွှန်းထားတာမလို့ ဘယ်လောက်ရန်ဖြစ်ဖြစ်ပြန်ချစ်နိုင်ကြပါစေလို့ဆုတောင်းရင်း…

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.