ကစားစရာအ႐ုပ္ေတြထက္ သူတို႔ေလးေတြလိုခ်င္တာက မိဘေတြကေပးတဲ့အခ်ိန္ပါ…

ေကာင္းကင္မွာပ်ံဝဲေနတဲ့ သိမ္းငွက္ၾကီးကိုၾကည့္ျပီး သမီးက လက္ညိဳးထိုးတယ္။
” ေမေမ ဟိုမွာၾကည့္ပါဦး ” တဲ့ ။
” အင္း အင္း “ ကားေမာင္းေနရင္း သမီးျပတဲ့ သိမ္းငွက္ကိုလည္း မၾကည့္မိဘူး။ ကေလးစိတ္ေက်နပ္ေအာင္ပဲ ေျဖေပးလုိက္ရင္း တစ္ေန႔တာလုပ္ငန္းစဥ္ေတြၾကားထဲမွာ ကၽြန္မအေတြးေတြ ႏွစ္ေျမာေနခဲ့တယ္။ သမီးကို ကၽြန္မလွမ္းေတာင္မၾကည့္မိလုိက္ဘူး ။

သူမအျပံဳးေလးေတြေပ်ာက္ကြယ္သြားျပီး တိတ္ဆိတ္စြာနဲ႔႔ပဲကားျပတင္းေပါက္ကေန အေဝးကိုေငးၾကည့္ေနခဲ့တယ္။ ညေနစာခ်က္၊ ေရမိုးခ်ဳိးဖို႔ ျပင္ဆင္ေပးရ ၊ အလုပ္ကိစၥနဲ႔ ဖုန္းေတြေျပာေနရတာ အခ်ိန္ေတြ ဘယ္လိုကုန္လို႔ ကုန္မွန္းမသိ ။ အိပ္ခ်ိန္ေရာက္မွပဲ လူက အရမ္းပင္ပန္းေနမွန္းသိေတာ့တယ္။ အိမ္ခါနီး သမီးေလးနဲ႔အတူတူ ဘုရား႐ွိခိုးျပီး အိပ္ယာဝင္တယ္။

ကၽြန္မ အခန္းထဲကထြက္သြားခါနီး သမီးက ”ေမေမ့ကို သမီးေပးစရာ႐ွိတယ္ ” အရမ္းပင္ပန္းေနျပီ.. အိပ္ခ်င္ေနတဲ့စိတ္ေတြ ထိန္းခ်ဳပ္မရတာနဲ႔ ” ေမေမ့ကို မနက္မွေပးေနာ္…ေမေမခု ပင္ပန္းေနျပီ ”

” မနက္က်ရင္ အခ်ိန္မွမ႐ွိတာ ေမေမကလည္း ” ဆိုျပီး သမီးက ကၽြန္မလက္ကိုအတင္းဆဲြရမ္းျပီး ဂ်ီက်တယ္။ အဲ့ဒီအတြက္ အခ်ိန္ေပးမွာေပါ့လို႔ ကၽြန္မ ျပန္ေျပာလိုက္ေပမယ့္ ” ဟင့္အင္း ေမေမ မေပးပါဘူး..ဒီေန႔သမီးျပတဲ့ ငွက္ၾကီးကိုေတာင္ ေမေမၾကည့္လို႔လား .. သမီးေျပာတာကိုေရာ နားေထာင္ေနလုိ႔လား ” တဲ့ အသံဆတ္ဆတ္ေလးနဲ႔ ကၽြန္မကို မေခ်မငံေျပာလာတယ္။ စကားအေခ်တင္ေျပာခ်င္စိတ္လည္း ကၽြန္မမွာမ႐ွိဘူး။ အမွန္တိုင္းေျပာရရင္ သမီးေျပာတာလည္း မွန္ေနတဲ့အတြက္ ကၽြန္မနည္းနည္းေတာ့ စိတ္႐ႈပ္ရျပန္တယ္။

တစ္ခါတစ္ေလက်ရင္ ကၽြန္မဘယ္ေလာက္ပဲ ၾကိဳးစားေပမယ့္ အခ်ိန္ေတြဟာ လက္ၾကားထဲကလြတ္က်သြားတဲ့ သဲေတြလုိပဲ ဘယ္လိုမွဖမ္းဆုပ္လို႔ မမိဘူးျဖစ္ေနတယ္။ ဘယ္ေတာ့မွ လံုေလာက္တယ္ဆိုတာ မ႐ွိဘူး။ သမီးအတြက္ေရာ ၊ ေယာက်္ားအတြက္ေရာ ၊ ကၽြန္မအတြက္ပါ အခ်ိန္ေကာင္းေကာင္းမေပးႏုိင္ခဲ့ဘူး။

” ဂြတ္ႏုိက္ အိပ္ေတာ့ ”လို႔ေျပာျပီး တံခါးပိတ္ထြက္လာခဲ့တယ္။ တံခါးပိတ္သံဟာ ပံုမွန္ေန႔ေတြထက္ေတာ့ နည္းနည္းက်ယ္ေလာင္သြားတယ္။ သမီးရဲ႕စူးစမ္းခ်င္တဲ့ မ်က္လံုးေသးေသးေလးေတြ ကၽြန္မအေတြးထဲ ျပန္ေပၚလာေတာ့တယ္။ ေသးေသးေလးက ဒီလိုစကားေတြေတာင္တက္ေနျပီလားလို႔ေတြးရင္း သမီးေလးေတာင္ ၾကီးလာျပီပဲ။
” မင္းဘာေတြ မႈိင္ေတြေနတာလဲ” တဲ့ ေယာက်္ားကေမးတယ္။ ကၽြန္မလည္း ျဖစ္ေၾကာင္းကုန္စင္ေျပာျပလိုက္ေတာ့ ” အခုထိ မအိပ္ေလာက္ေသးဘူးထင္တယ္.. သြားၾကည့္ၾကည့္ပါလား ” တဲ့ ။ ေယာက်္ားအၾကံေပးတဲ့အတုိင္း ကၽြန္မသြားခဲ့တယ္။ တကယ္လည္း ကၽြန္မစိတ္ထဲမွာ သမီးအခန္းထဲျပန္သြားခ်င္ေနမိတယ္။

မီးဖြင့္လ်က္သားနဲ႔ အိပ္ေပ်ာ္ေနတဲ့ သမီးေလးကို ေတြ႔တယ္။ လက္ထဲမွာ စာရြက္အပိုင္းေလးတစ္ခုကို ေခ်မြျပီး စုပ္ကိုင္ထားတာကို ယူၾကည့္ုလိုက္ေတာ့ ကၽြန္မစိတ္မေကာင္းျဖစ္မိတယ္။ အသည္းပုံစံစာရြက္ေလးမွာ ကဗ်ာအခ်ဳိ ႔ေရးထားတာျမင္ေတာ့ ကၽြန္မမ်က္ရည္ေတြမထိန္းႏိုင္ေတာ့ဘူး။ ကဗ်ာေလးရဲ႕ေခါင္းစဥ္က ” ေမေမ့ကိုဘာလို႔ခ်စ္”တဲ့

ကဗ်ာေလးက
”ေမေမက အလုပ္႐ႈပ္တယ္… အလုပ္ေတြအရမ္းၾကိဳးစားေပမယ့္ အတူတူကစားေပးဖို႔ေတာ့
အခ်ိန္ေပးတယ္…
ေမေမ့ကို သမီးခ်စ္တယ္..ဘာလို႔ဆို သမီးက ေမေမ့ရဲ႕အလုပ္႐ႈပ္တဲ့ေန႔ရက္ေတြရဲ႕
အၾကီးမားဆံုး အစိတ္ပုိင္းတစ္ခုျဖစ္တယ္ ”

ထိုစကားလံုးေတြက ကၽြန္မရင္ထဲကို ျမွားတစ္စင္းလို စိုက္ဝင္သြားတယ္။ ခ်က္ခ်င္းပဲ မ်က္ရည္ေတြသုတ္လိုက္ျပီး သမီးေလးအရမ္းၾကိဳက္တဲ့ Hot Chocolate ကို Marshmallow ေလးေတြအေပၚကတင္ျပီး အခန္းထဲကို ယူလာမိတယ္။ သမီးရဲ ႔မ်က္ႏွာေလးကို လက္နဲ႔ပြတ္သပ္လိုက္ေတာ့ ခ်က္ခ်င္းႏိုးလာတယ္။ ကၽြန္မလက္ထဲက ေခ်ာကလက္ခြက္ကိုၾကည့္ျပီး ဘယ္သူ႔အတြက္လဲ တဲ့ျပန္ေမးတယ္။ ‘‘ သမီးအတြက္ေပါ့ ဘာလို႔ဆို သမီးက ေမေမ့ရဲ႕အလုပ္႐ႈပ္တဲ့ေန႔ရက္ေတြမွာ အေရးၾကီးဆံုးေလးျဖစ္ေနလို႔ေပါ့ ” လို႔ ေျပာလုိက္ေတာ့ ျပံဳးေပ်ာ္သြားကာ ေခ်ာကလက္တစ္၀က္ေလာက္ေသာက္ျပီး အိပ္ေပ်ာ္သြား႐ွာတယ္။ ကၽြန္မေျပာတဲ့ စကားရဲ႕အဓိပၸာယ္ကို နားမလည္ေပမယ့္လည္း
သမီးေပ်ာ္သြားတယ္။

တကယ္ေတာ့ ကေလးေတြဟာ သင္ဝယ္ေပးတဲ့အ႐ုပ္ေတြ၊ ဂိမ္းစက္ေတြကို အခ်ိန္ၾကာလာတဲ့အခါ မွတ္မိခ်င္မွ မွတ္မိတာပါ။ သူတို႔မွတ္ဥာဏ္ထဲမွာ႐ွိတာဆိုလို႔ သူ႔အတြက္ သင္ကေပးတဲ့အခ်ိန္ေတြပါ။ မိသားစုဆိုတာ အေရးၾကီးတဲ့အရာတစ္ခုတင္မဟုတ္ပါဘူး… သင့္အတြက္အရာရာတုိင္းပါပဲ။ ဒါေၾကာင့္ ဘယ္ေလာက္ပဲအလုပ္႐ႈပ္ေနပါေစ မိမိကေလးေတြကိုအခ်ိန္ေပးႏုိင္ေအာင္ ၾကိဳးစားပါ…

Source: NTD Inspired Life

(Unicode)

ကောင်းကင်မှာပျံဝဲနေတဲ့ သိမ်းငှက်ကြီးကိုကြည့်ပြီး သမီးက လက်ညိုးထိုးတယ်။
” မေမေ ဟိုမှာကြည့်ပါဦး ” တဲ့ ။
” အင်း အင်း ” ကားမောင်းနေရင်း သမီးပြတဲ့ သိမ်းငှက်ကိုလည်း မကြည့်မိဘူး။ ကလေးစိတ်ကျေနပ်အောင်ပဲ ဖြေပေးလိုက်ရင်း တစ်နေ့တာလုပ်ငန်းစဉ်တွေကြားထဲမှာ ကျွန်မအတွေးတွေ နှစ်မြောနေခဲ့တယ်။ သမီးကို ကျွန်မလှမ်းတောင်မကြည့်မိလိုက်ဘူး ။

သူမအပြုံးလေးတွေပျောက်ကွယ်သွားပြီး တိတ်ဆိတ်စွာနဲ့့ပဲကားပြတင်းပေါက်ကနေ အဝေးကိုငေးကြည့်နေခဲ့တယ်။ ညနေစာချက်၊ ရေမိုးချိုးဖို့ ပြင်ဆင်ပေးရ ၊ အလုပ်ကိစ္စနဲ့ ဖုန်းတွေပြောနေရတာ အချိန်တွေ ဘယ်လိုကုန်လို့ ကုန်မှန်းမသိ ။ အိပ်ချိန်ရောက်မှပဲ လူက အရမ်းပင်ပန်းနေမှန်းသိတော့တယ်။ အိမ်ခါနီး သမီးလေးနဲ့အတူတူ ဘုရားရှိခိုးပြီး အိပ်ယာဝင်တယ်။

ကျွန်မ အခန်းထဲကထွက်သွားခါနီး သမီးက ”မေမေ့ကို သမီးပေးစရာရှိတယ် ” အရမ်းပင်ပန်းနေပြီ.. အိပ်ချင်နေတဲ့စိတ်တွေ ထိန်းချုပ်မရတာနဲ့ ” မေမေ့ကို မနက်မှပေးနော်…မေမေခု ပင်ပန်းနေပြီ ”

” မနက်ကျရင် အချိန်မှမရှိတာ မေမေကလည်း ” ဆိုပြီး သမီးက ကျွန်မလက်ကိုအတင်းဆွဲရမ်းပြီး ဂျီကျတယ်။ အဲ့ဒီအတွက် အချိန်ပေးမှာပေါ့လို့ ကျွန်မ ပြန်ပြောလိုက်ပေမယ့် ” ဟင့်အင်း မေမေ မပေးပါဘူး..ဒီနေ့သမီးပြတဲ့ ငှက်ကြီးကိုတောင် မေမေကြည့်လို့လား .. သမီးပြောတာကိုရော နားထောင်နေလို့လား ” တဲ့ အသံဆတ်ဆတ်လေးနဲ့ ကျွန်မကို မချေမငံပြောလာတယ်။ စကားအချေတင်ပြောချင်စိတ်လည်း ကျွန်မမှာမရှိဘူး။ အမှန်တိုင်းပြောရရင် သမီးပြောတာလည်း မှန်နေတဲ့အတွက် ကျွန်မနည်းနည်းတော့ စိတ်ရှုပ်ရပြန်တယ်။

တစ်ခါတစ်လေကျရင် ကျွန်မဘယ်လောက်ပဲ ကြိုးစားပေမယ့် အချိန်တွေဟာ လက်ကြားထဲကလွတ်ကျသွားတဲ့ သဲတွေလိုပဲ ဘယ်လိုမှဖမ်းဆုပ်လို့ မမိဘူးဖြစ်နေတယ်။ ဘယ်တော့မှ လုံလောက်တယ်ဆိုတာ မရှိဘူး။ သမီးအတွက်ရော ၊ ယောကျ်ားအတွက်ရော ၊ ကျွန်မအတွက်ပါ အချိန်ကောင်းကောင်းမပေးနိုင်ခဲ့ဘူး။

” ဂွတ်နိုက် အိပ်တော့ ”လို့ပြောပြီး တံခါးပိတ်ထွက်လာခဲ့တယ်။ တံခါးပိတ်သံဟာ ပုံမှန်နေ့တွေထက်တော့ နည်းနည်းကျယ်လောင်သွားတယ်။ သမီးရဲ့စူးစမ်းချင်တဲ့ မျက်လုံးသေးသေးလေးတွေ ကျွန်မအတွေးထဲ ပြန်ပေါ်လာတော့တယ်။ သေးသေးလေးက ဒီလိုစကားတွေတောင်တက်နေပြီလားလို့တွေးရင်း သမီးလေးတောင် ကြီးလာပြီပဲ။
” မင်းဘာတွေ မှိုင်တွေနေတာလဲ” တဲ့ ယောကျ်ားကမေးတယ်။ ကျွန်မလည်း ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တော့ ” အခုထိ မအိပ်လောက်သေးဘူးထင်တယ်.. သွားကြည့်ကြည့်ပါလား ” တဲ့ ။ ယောကျ်ားအကြံပေးတဲ့အတိုင်း ကျွန်မသွားခဲ့တယ်။ တကယ်လည်း ကျွန်မစိတ်ထဲမှာ သမီးအခန်းထဲပြန်သွားချင်နေမိတယ်။

မီးဖွင့်လျက်သားနဲ့ အိပ်ပျော်နေတဲ့ သမီးလေးကို တွေ့တယ်။ လက်ထဲမှာ စာရွက်အပိုင်းလေးတစ်ခုကို ချေမွပြီး စုပ်ကိုင်ထားတာကို ယူကြည့်ုလိုက်တော့ ကျွန်မစိတ်မကောင်းဖြစ်မိတယ်။ အသည်းပုံစံစာရွက်လေးမှာ ကဗျာအချို ့ရေးထားတာမြင်တော့ ကျွန်မမျက်ရည်တွေမထိန်းနိုင်တော့ဘူး။ ကဗျာလေးရဲ့ခေါင်းစဉ်က ” မေမေ့ကိုဘာလို့ချစ်”တဲ့

ကဗျာလေးက
”မေမေက အလုပ်ရှုပ်တယ်… အလုပ်တွေအရမ်းကြိုးစားပေမယ့် အတူတူကစားပေးဖို့တော့
အချိန်ပေးတယ်…
မေမေ့ကို သမီးချစ်တယ်..ဘာလို့ဆို သမီးက မေမေ့ရဲ့အလုပ်ရှုပ်တဲ့နေ့ရက်တွေရဲ့
အကြီးမားဆုံး အစိတ်ပိုင်းတစ်ခုဖြစ်တယ် ”

ထိုစကားလုံးတွေက ကျွန်မရင်ထဲကို မြှားတစ်စင်းလို စိုက်ဝင်သွားတယ်။ ချက်ချင်းပဲ မျက်ရည်တွေသုတ်လိုက်ပြီး သမီးလေးအရမ်းကြိုက်တဲ့ Hot Chocolate ကို Marshmallow လေးတွေအပေါ်ကတင်ပြီး အခန်းထဲကို ယူလာမိတယ်။ သမီးရဲ ့မျက်နှာလေးကို လက်နဲ့ပွတ်သပ်လိုက်တော့ ချက်ချင်းနိုးလာတယ်။ ကျွန်မလက်ထဲက ချောကလက်ခွက်ကိုကြည့်ပြီး ဘယ်သူ့အတွက်လဲ တဲ့ပြန်မေးတယ်။ ” သမီးအတွက်ပေါ့ ဘာလို့ဆို သမီးက မေမေ့ရဲ့အလုပ်ရှုပ်တဲ့နေ့ရက်တွေမှာ အရေးကြီးဆုံးလေးဖြစ်နေလို့ပေါ့ ” လို့ ပြောလိုက်တော့ ပြုံးပျော်သွားကာ ချောကလက်တစ်ဝက်လောက်သောက်ပြီး အိပ်ပျော်သွားရှာတယ်။ ကျွန်မပြောတဲ့ စကားရဲ့အဓိပ္ပာယ်ကို နားမလည်ပေမယ့်လည်း
သမီးပျော်သွားတယ်။

တကယ်တော့ ကလေးတွေဟာ သင်ဝယ်ပေးတဲ့အရုပ်တွေ၊ ဂိမ်းစက်တွေကို အချိန်ကြာလာတဲ့အခါ မှတ်မိချင်မှ မှတ်မိတာပါ။ သူတို့မှတ်ဉာဏ်ထဲမှာရှိတာဆိုလို့ သူ့အတွက် သင်ကပေးတဲ့အချိန်တွေပါ။ မိသားစုဆိုတာ အရေးကြီးတဲ့အရာတစ်ခုတင်မဟုတ်ပါဘူး… သင့်အတွက်အရာရာတိုင်းပါပဲ။ ဒါကြောင့် ဘယ်လောက်ပဲအလုပ်ရှုပ်နေပါစေ မိမိကလေးတွေကိုအချိန်ပေးနိုင်အောင် ကြိုးစားပါ…

118 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.