ဒီအရာေတြကုိသိထားရင္ ဘ၀မွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနထုိင္ႏုိင္ဖုိ႔လံုေလာက္ပါျပီ…

လူတုိင္းဟာ ကုိယ့္ဇာတ္လမ္းမွာ ကုိယ္သာဇာတ္လိုက္ပါပဲ။ဘ၀မွာရွင္သန္လာရတဲ႔ အေျခအေနခ်င္းမတူညီၾကသလုိ ေရွ႔ဆက္ေလ်ွာက္ရမယ့္လမ္းေၾကာင္းဆုိတာလည္း မတူညီပါဘူး။ဒီလိုမတူညီတာေတြစုေပါင္းထားတဲ႔ကမာၻၾကီးမွာ စိတ္ခ်မ္းခ်မ္းသာသာ နဲ႔ေနထုိင္တတ္ဖုိ႔လုိပါတယ္။အခုေခတ္မွာစာအုပ္ေတြထက္ အြန္လိုင္းမီဒီယာက စာေတြကုိပုိျပီးဖတ္လာၾကတာေတြ႔ရပါတယ္။လူသားေတြအေပၚ အလႊမ္းမိုးႏုိင္ဆံုးကရုပ္ရွင္ျပီးရင္ စာေပျဖစ္တဲ႔အတြက္ စာအုပ္ျဖစ္ေစ၊အြန္လိုင္းေပၚမွာေရးသားထားတဲ႔စာေပျဖစ္ေစ လူသားေတြအတြက္အဆိပ္အေတာက္မျဖစ္ေစပဲ အက်ိဳးျပဳေစႏုိင္တဲ႔စာေပေတြ
ထြက္ေပၚလာဖုိ႔လည္းလုိအပ္ပါတယ္။

ဒီေန႔ေခတ္ၾကီးထဲမွာစား၀တ္ေနေရးေျပလည္ေအာင္လႈပ္ရွားေနရတဲ႔အတြက္ အဆင္မေျပမႈေတြလည္းၾကံဳေတြ႔ရမွာျဖစ္သလုိ အခက္အခဲေတြေတြ႔လာ
ရင္စိတ္ပ်က္အားေလ်ာ့မိတာေတြလည္းရွိလာႏုိင္ပါတယ္။ေနတတ္ရင္ ဘ၀ၾကီးက ေက်နပ္စရာၾကီးပါ။အခု ဒီစာကုိလည္း ဘ၀မွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖတ္သန္းႏုိင္ဖို႔ နည္းနည္းျဖစ္ျဖစ္ကူညီေပးႏုိင္ဖုိ႔ေမ်ွာ္လင့္ျပီး မ်ွေ၀ေပးလိုက္ပါတယ္။ဒီအရာေတြကုိသိထားရင္ ဘ၀မွာေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနထုိင္ႏုိင္ဖုိ႔လံုေလာက္ပါျပီ။

၁) ေျပာင္းလဲလို႔မရတဲ႔အရာေတြအတြက္ စိတ္ပင္ပန္းမခံပါနဲ႔
ကုိယ္ၾကံဳေတြ႔ရသမ်ွထဲမွာ ေျပာင္းလဲလို႔ရတာလည္းရွိသလို ေျပာင္းလဲလုိ႔မရေတာ့တဲ႔အရာေတြ ရွိပါတယ္။အထူးသျဖင့္အတိတ္ေပါ့။အတိတ္ဆိုတာျပီးဆံုးသြားပါျပီ။ အတိတ္မွာ ေကာင္းတာပဲၾကံဳခဲ႔ၾကံဳခဲ႔၊ဆုိးတာပဲၾကံဳခဲ႔ၾကံဳခဲ႔ဘာမွေျပာင္းလဲလို႔မရပါဘူး။”ေနလံုးၾကီးကြယ္ေပ်ာက္သြားတာကုိထုိင္ပူေဆြးေနမယ္ဆုိရင္ လမင္းၾကီးထြက္လာတဲ႔အခ်ိန္ကုိ သင္လြတ္သြားႏုိင္ပါတယ္” ဆိုတဲ႔စကားရွိသလို ကိုယ့္အတြက္မေကာင္းတဲ႔ကိစၥေတြကုိပူေဆြးေသာကေရာက္ေနမယ္ ဆိုရင္ အေကာင္းေတြၾကဳံလာတဲ႔အခါ ေသခ်ာဖမ္းဆုပ္ႏုိင္မွာမဟုတ္ပါဘူး။

၂)ဟန္မေဆာင္ပါနဲ႔
ဟန္ေဆာင္တာက က်န္းမာေရးအတြက္မေကာင္းပါဘူး။စိတ္ညစ္ေနရင္ စိတ္ညစ္ေနတယ္ေျပာပါ။ ပင္ပန္းေနရင္ ပင္ပန္းေနတယ္ေျပာပါ။သူမ်ားကကုိယ့္ပစၥည္းကုိယူကုိင္တာ ၊ယူသံုးတာမၾကိဳက္ရင္ ပြင့္ပြင့္လင္းလင္းေျပာပါ။ခံစားခ်က္ကုိပြင့္ပြင့္လင္းလင္းမေျပာပဲ ျမိဳသိပ္ထားျပီး တစ္ျခားသူ အဆင္ေျပေအာင္၊နား၀င္ခ်ိဳေအာင္ေျပာေနတာက ၾကာလာရင္စိတ္ဖိစီးမႈမ်ားလာျပီး က်န္းမာေရးအတြက္ထိခိုက္လာႏုိင္ပါတယ္။စိတ္ထဲမွာ ျဖစ္ရင္ျဖစ္တဲ႔အတိုင္း ပြင့္ပြင့္လင္းလင္းေျပာပါ။

၃)ေန႔တိုင္းပံုမွန္အမိႈက္ရွင္းပါ
လူေတြက ကုိယ့္အေၾကာင္းထက္သူမ်ားအေၾကာင္းကုိေျပာရတာပိုျပီး သေဘာက်ၾကတယ္ မဟုတ္လား။ဒီလုိေျပာၾကတဲ႔အထဲ ကုိယ္လည္းပါႏိုင္တယ္၊သူမ်ားေတြလည္း ကုိယ့္အေၾကာင္းေျပာႏုိင္တယ္။သူမ်ားအေၾကာင္းေျပာလို႔ကိုယ့္အတြက္လည္းအက်ိဳးမရွိ၊သူမ်ားအတြက္လည္းအက်ိဳးမရွိဘူးဆုိရင္ေလကုန္တာပဲအဖတ္တင္တယ္ဟုတ္! သူမ်ားက ကုိယ့္အေၾကာင္းေျပာရင္လည္းစိတ္အေႏွာင့္အယွက္ျဖစ္ခံျပီးတစ္ခ်ိန္လံုးေခါင္းထဲထည့္မထားပါနဲ႔။ညအိပ္ရာ၀င္ခါနီးရင္ နဖူးေပၚလက္တင္ျပီး ငါဒီေန႔သူမ်ားအေၾကာင္းေျပာခဲ႔လား၊အက်ိဳးရွိလား၊ အက်ိဳးမရွိရင္ေနာက္ထပ္မေျပာဖုိ႔၊ေျပာခ႔ဲဖူးတာေတြကုိလည္းေခါင္းထဲကထုတ္ပစ္ပါ။
သူမ်ားေျပာတဲ႔ကိုယ့္အေၾကာင္းကုိလည္းေခါင္းထဲကထုတ္ပစ္ပါ။ကုိယ့္အေၾကာင္းကုိယ့္ထက္ပုိျပီးဘယ္သူသိမွာလဲ။အဲ႔ဒါေၾကာင့္တစ္ျခားသူေျပာတဲ႔ကိုယ့္အေၾကာင္းကုိ ေခါင္းထဲကေန ရွင္းထုတ္ပစ္လုိက္ပါ။ေခါင္းထဲမွာအမိႈက္ေတြသိမ္းမထားပါနဲ႔။

၄) နာရီ၀က္ေလ့က်င့္ခန္းလုပ္ပါ
တစ္ပတ္ကုိ ၅ရက္ တစ္ရက္ကို နာရီ၀က္ေလာက္ ကုိယ္လက္ေလ့က်င့္ခန္းမျဖစ္မေနလုပ္ေပးပါ။ ကိုယ္က်န္းမာမွ စိတ္လည္းက်န္းမာမွာပါ။ခႏၶာကုိယ္ၾကီးကမက်န္းမာရင္ စိတ္သြားတိုင္းကုိယ္မပါႏုိင္ေတာ့လို႔စိတ္ဖိစိးမႈေတြ၊အားငယ္မႈေတြ၀င္လာႏုိင္ပါတယ္။အလုပ္မသြားခင္ျဖစ္ေစ၊အလုပ္ကျပန္လာရင္ျဖစ္ေစနာရီ၀က္ေလာက္အခ်ိန္ေပးျပီးေလ့က်င့္ခန္းလုပ္ဖုိ႔မေမ့ပါနဲ႔။ေခြ်းမ်ားမ်ားထြက္မွ ခႏၶာကိုယ္္ရဲ႔အပူအပုပ္ေတြကင္းစင္သြားမွာပါ။

၅)အေကာင္းျမင္စိတ္ထားပါ
ေလာကၾကီးမွာ ကိုယ္မဟုတ္တဲ႔တစ္ျခားသူတစ္ေယာက္ကုိအေကာင္းျမင္စိတ္ထားဖုိ႔ဆုိတာ အခက္သားလား။ကိုယ္ခ်စ္တဲ႔သူေလာက္သာပဲအေကာင္းျမင္ေပးေနျပီး ကုိယ္သေဘာမက်တဲ႔သူ ဆုိရင္အဆုိးျမင္တာမဟုတ္ေတာင္အေကာင္းမျမင္တာေတာ့ေသခ်ာပါတယ္။ဘ၀ၾကီးကတိုတုိေလးပါ။ဘယ္အခိ်န္ေငါက္ခနဲေသသြားမလဲဆုိတာမသိနုိင္လို႔ အသက္ရွင္စဥ္ကာလမွာ ကုိယ့္အနားကလူေတြကုိ ဂရုစုိက္ပါ။အေကာင္းျမင္စိတ္နဲ႔ေတြးေပးပါ။ ကုိယ္ခ်င္းစာစိတ္နဲ ႔ေတြးေပးပါ။ ကိုယ့္ကိုတစ္ျခားသူတစ္ေယာက္က မုန္းေနတာကုိမၾကိဳက္ရင္ ကုိယ္ကလည္းတစ္ျခားသူေတြကုိမမုန္းပါနဲ႔။ေတြ႔ရဆံုရတဲ႔အခ်ိန္ခဏေလးမွာ တစ္ေယာက္နဲ႔တစ္ေယာက္အျမင္ေတြေစာင္းေနမယ္၊ေန႔စဥ္နဲ႔အမ်ွပူေလာင္ေနမယ္ဆုိရင္ ဘယ္မွာလဲ ေက်နပ္စရာ၊ေပ်ာ္ရႊင္စရာအခ်ိန္ဆုိတာ။

၆)ကိုယ့္အတြက္အခ်ိန္ေပးပါ
တစ္ခါတစ္ေလသူမ်ားေတြကုိပဲအခ်ိန္ေပးေနျပီး ကုိယ့္အတြက္က်ကုိယ္အခ်ိန္ေပးဖုိ ႔ေမ့ေနတတ္ပါတယ္။ တစ္ပတ္ကုိတစ္ရက္ေလာက္ေတာ့ကိုယ့္အတြက္အခိ်န္ေပးပါ။ အဲ႔ဒီတစ္ရက္မွာ ကုိယ္လုပ္ခ်င္တဲ႔အလုပ္ေတြကုိလုပ္ပါ။၀ါသနာပါတာေတြလုပ္ပါ။

ဒီအခ်က္ေလးေတြကုိ ေသခ်ာလိုက္လုပ္ၾကည့္ပါဦး။ဘ၀မွာ ေပ်ာ္ရႊင္ရတဲ႔ ေန႔ရက္ေတြ မ်ားလာပါလိမ့္မယ္။

Unicode

လူတိုင်းဟာ ကိုယ့်ဇာတ်လမ်းမှာ ကိုယ်သာဇာတ်လိုက်ပါပဲ။ဘဝမှာရှင်သန်လာရတဲ့ အခြေအနေချင်းမတူညီကြသလို ရှေ့ဆက်လျှောက်ရမယ့်လမ်းကြောင်းဆိုတာလည်း မတူညီပါဘူး။ဒီလိုမတူညီတာတွေစုပေါင်းထားတဲ့ကမ္ဘာကြီးမှာ စိတ်ချမ်းချမ်းသာသာ နဲ့နေထိုင်တတ်ဖို့လိုပါတယ်။အခုခေတ်မှာစာအုပ်တွေထက် အွန်လိုင်းမီဒီယာက စာတွေကိုပိုပြီးဖတ်လာကြတာတွေ့ရပါတယ်။လူသားတွေအပေါ် အလွှမ်းမိုးနိုင်ဆုံးကရုပ်ရှင်ပြီးရင် စာပေဖြစ်တဲ့အတွက် စာအုပ်ဖြစ်စေ၊အွန်လိုင်းပေါ်မှာရေးသားထားတဲ့စာပေဖြစ်စေ လူသားတွေအတွက်အဆိပ်အတောက်မဖြစ်စေပဲ အကျိုးပြုစေနိုင်တဲ့စာပေတွေ
ထွက်ပေါ်လာဖို့လည်းလိုအပ်ပါတယ်။

ဒီနေ့ခေတ်ကြီးထဲမှာစားဝတ်နေရေးပြေလည်အောင်လှုပ်ရှားနေရတဲ့အတွက် အဆင်မပြေမှုတွေလည်းကြုံတွေ့ရမှာဖြစ်သလို အခက်အခဲတွေတွေ့လာ
ရင်စိတ်ပျက်အားလျော့မိတာတွေလည်းရှိလာနိုင်ပါတယ်။နေတတ်ရင် ဘဝကြီးက ကျေနပ်စရာကြီးပါ။အခု ဒီစာကိုလည်း ဘဝမှာ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ဖို့ နည်းနည်းဖြစ်ဖြစ်ကူညီပေးနိုင်ဖို့မျှော်လင့်ပြီး မျှဝေပေးလိုက်ပါတယ်။ဒီအရာတွေကိုသိထားရင် ဘဝမှာပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်ဖို့လုံလောက်ပါပြီ။

၁) ပြောင်းလဲလို့မရတဲ့အရာတွေအတွက် စိတ်ပင်ပန်းမခံပါနဲ့
ကိုယ်ကြုံတွေ့ရသမျှထဲမှာ ပြောင်းလဲလို့ရတာလည်းရှိသလို ပြောင်းလဲလို့မရတော့တဲ့အရာတွေ ရှိပါတယ်။အထူးသဖြင့်အတိတ်ပေါ့။အတိတ်ဆိုတာပြီးဆုံးသွားပါပြီ။ အတိတ်မှာ ကောင်းတာပဲကြုံခဲ့ကြုံခဲ့၊ဆိုးတာပဲကြုံခဲ့ကြုံခဲ့ဘာမှပြောင်းလဲလို့မရပါဘူး။”နေလုံးကြီးကွယ်ပျောက်သွားတာကိုထိုင်ပူဆွေးနေမယ်ဆိုရင် လမင်းကြီးထွက်လာတဲ့အချိန်ကို သင်လွတ်သွားနိုင်ပါတယ်” ဆိုတဲ့စကားရှိသလို ကိုယ့်အတွက်မကောင်းတဲ့ကိစ္စတွေကိုပူဆွေးသောကရောက်နေမယ် ဆိုရင် အကောင်းတွေကြုံလာတဲ့အခါ သေချာဖမ်းဆုပ်နိုင်မှာမဟုတ်ပါဘူး။

၂)ဟန်မဆောင်ပါနဲ့
ဟန်ဆောင်တာက ကျန်းမာရေးအတွက်မကောင်းပါဘူး။စိတ်ညစ်နေရင် စိတ်ညစ်နေတယ်ပြောပါ။ ပင်ပန်းနေရင် ပင်ပန်းနေတယ်ပြောပါ။သူများကကိုယ့်ပစ္စည်းကိုယူကိုင်တာ ၊ယူသုံးတာမကြိုက်ရင် ပွင့်ပွင့်လင်းလင်းပြောပါ။ခံစားချက်ကိုပွင့်ပွင့်လင်းလင်းမပြောပဲ မြိုသိပ်ထားပြီး တစ်ခြားသူ အဆင်ပြေအောင်၊နားဝင်ချိုအောင်ပြောနေတာက ကြာလာရင်စိတ်ဖိစီးမှုများလာပြီး ကျန်းမာရေးအတွက်ထိခိုက်လာနိုင်ပါတယ်။စိတ်ထဲမှာ ဖြစ်ရင်ဖြစ်တဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပြောပါ။

၃)နေ့တိုင်းပုံမှန်အမှိုက်ရှင်းပါ
လူတွေက ကိုယ့်အကြောင်းထက်သူများအကြောင်းကိုပြောရတာပိုပြီး သဘောကျကြတယ် မဟုတ်လား။ဒီလိုပြောကြတဲ့အထဲ ကိုယ်လည်းပါနိုင်တယ်၊သူများတွေလည်း ကိုယ့်အကြောင်းပြောနိုင်တယ်။သူများအကြောင်းပြောလို့ကိုယ့်အတွက်လည်းအကျိုးမရှိ၊သူများအတွက်လည်းအကျိုးမရှိဘူးဆိုရင်လေကုန်တာပဲအဖတ်တင်တယ်ဟုတ်! သူများက ကိုယ့်အကြောင်းပြောရင်လည်းစိတ်အနှောင့်အယှက်ဖြစ်ခံပြီးတစ်ချိန်လုံးခေါင်းထဲထည့်မထားပါနဲ့။ညအိပ်ရာဝင်ခါနီးရင် နဖူးပေါ်လက်တင်ပြီး ငါဒီနေ့သူများအကြောင်းပြောခဲ့လား၊အကျိုးရှိလား၊ အကျိုးမရှိရင်နောက်ထပ်မပြောဖို့၊ပြောခဲ့ဖူးတာတွေကိုလည်းခေါင်းထဲကထုတ်ပစ်ပါ။
သူများပြောတဲ့ကိုယ့်အကြောင်းကိုလည်းခေါင်းထဲကထုတ်ပစ်ပါ။ကိုယ့်အကြောင်းကိုယ့်ထက်ပိုပြီးဘယ်သူသိမှာလဲ။အဲ့ဒါကြောင့်တစ်ခြားသူပြောတဲ့ကိုယ့်အကြောင်းကို ခေါင်းထဲကနေ ရှင်းထုတ်ပစ်လိုက်ပါ။ခေါင်းထဲမှာအမှိုက်တွေသိမ်းမထားပါနဲ့။

၄) နာရီဝက်လေ့ကျင့်ခန်းလုပ်ပါ
တစ်ပတ်ကို ၅ရက် တစ်ရက်ကို နာရီဝက်လောက် ကိုယ်လက်လေ့ကျင့်ခန်းမဖြစ်မနေလုပ်ပေးပါ။ ကိုယ်ကျန်းမာမှ စိတ်လည်းကျန်းမာမှာပါ။ခန္ဓာကိုယ်ကြီးကမကျန်းမာရင် စိတ်သွားတိုင်းကိုယ်မပါနိုင်တော့လို့စိတ်ဖိစိးမှုတွေ၊အားငယ်မှုတွေဝင်လာနိုင်ပါတယ်။အလုပ်မသွားခင်ဖြစ်စေ၊အလုပ်ကပြန်လာရင်ဖြစ်စေနာရီဝက်လောက်အချိန်ပေးပြီးလေ့ကျင့်ခန်းလုပ်ဖို့မမေ့ပါနဲ့။ချွေးများများထွက်မှ ခန္ဓာကိုယ််ရဲ့အပူအပုပ်တွေကင်းစင်သွားမှာပါ။

၅)အကောင်းမြင်စိတ်ထားပါ
လောကကြီးမှာ ကိုယ်မဟုတ်တဲ့တစ်ခြားသူတစ်ယောက်ကိုအကောင်းမြင်စိတ်ထားဖို့ဆိုတာ အခက်သားလား။ကိုယ်ချစ်တဲ့သူလောက်သာပဲအကောင်းမြင်ပေးနေပြီး ကိုယ်သဘောမကျတဲ့သူ ဆိုရင်အဆိုးမြင်တာမဟုတ်တောင်အကောင်းမမြင်တာတော့သေချာပါတယ်။ဘဝကြီးကတိုတိုလေးပါ။ဘယ်အချိန်ငေါက်ခနဲသေသွားမလဲဆိုတာမသိနိုင်လို့ အသက်ရှင်စဉ်ကာလမှာ ကိုယ့်အနားကလူတွေကို ဂရုစိုက်ပါ။အကောင်းမြင်စိတ်နဲ့တွေးပေးပါ။ ကိုယ်ချင်းစာစိတ်နဲ ့တွေးပေးပါ။ ကိုယ့်ကိုတစ်ခြားသူတစ်ယောက်က မုန်းနေတာကိုမကြိုက်ရင် ကိုယ်ကလည်းတစ်ခြားသူတွေကိုမမုန်းပါနဲ့။တွေ့ရဆုံရတဲ့အချိန်ခဏလေးမှာ တစ်ယောက်နဲ့တစ်ယောက်အမြင်တွေစောင်းနေမယ်၊နေ့စဉ်နဲ့အမျှပူလောင်နေမယ်ဆိုရင် ဘယ်မှာလဲ ကျေနပ်စရာ၊ပျော်ရွှင်စရာအချိန်ဆိုတာ။

၆)ကိုယ့်အတွက်အချိန်ပေးပါ
တစ်ခါတစ်လေသူများတွေကိုပဲအချိန်ပေးနေပြီး ကိုယ့်အတွက်ကျကိုယ်အချိန်ပေးဖို ့မေ့နေတတ်ပါတယ်။ တစ်ပတ်ကိုတစ်ရက်လောက်တော့ကိုယ့်အတွက်အချိန်ပေးပါ။ အဲ့ဒီတစ်ရက်မှာ ကိုယ်လုပ်ချင်တဲ့အလုပ်တွေကိုလုပ်ပါ။၀ါသနာပါတာတွေလုပ်ပါ။

ဒီအချက်လေးတွေကို သေချာလိုက်လုပ်ကြည့်ပါဦး။ဘဝမှာ ပျော်ရွှင်ရတဲ့ နေ့ရက်တွေ များလာပါလိမ့်မယ်။

499 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.