ရွေးကြည့် …အဖြေကြည့် အပျော်တမ်း Psycho Test !
(Unicode)
လူတွေဟာ ကိုယ့်ကိုယ်ကိုယ်သိအောင်မကြိုးစားပဲ အခြားလူတွေတွေအကြောင်းသိအောင်ပဲလုပ်ချင်နေကြပါတယ်။ ဒီ Psycho Test လေးကတော့ သင့်ကို ကိုယ့်အကြောင်းကိုယ်သိအောင် ဆန်းစစ်ပေးတဲ့ ပုံစံလေးပါ။ ကိုယ်တိုင်တောင်မသိတဲ့ ကိုယ့်ရဲ့အကြောင်းကို ကိုယ်ရွေးချယ်လိုက်တဲ့ မိန်းကလေးပုံပေါ်မူတည်ပြီးအဖြေက ထွက်လာမှာဖြစ်ပါတယ်။ လုံးဝအမှန်ကြီးမဟုတ်ပေမယ့် တိုက်ဆိုင်မှုတွေလေးတွေရှိသွားတဲ့အခါ စာဖတ်သူများလည်းပျော်ရွှင်ရလိမ့်မယ်လို့ ရည်မှန်းရင်း တင်ပေးလိုက်ပါတယ်။
ကဲရွေးပြီးပြီဆို … အဖြေတွေကြည့်လိုက်ရအောင်နော်
(၁) ပထမဆုံးကောင်မလေးကတော့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ တုံချီနေတတ်တဲ့အမျိုးစားမဟုတ်ပဲ အောင်မြင်ဖို့အတွက် အမြဲတမ်းယုံကြည်မှုအပြည့်ရှိတဲ့ မိန်းကလေးပါ။ အခြေအနေ ၊ အချိန်ခါတွေ ထည့်တွက်မနေပဲ လုပ်ချင်တာဆို ချက်ချင်းလုပ်လိုက်ရမှကျေနပ်တဲ့လူမျိုးပါ။ ကိုယ့်ကို သူများတွေလေးစားလာအောင်အလုပ်ကြိုးစားတယ်။ ဘယ်သူမှ သူ့ထက်သာလွန်သွားတာကိုမကြိုက်တာပါဘူး။
(၂) ဒီမိန်းကလေးကတော့ ဦးနှောက်ထက် နှလုံးသားကို ဦးစားပေးမိနေလေရဲ့။ ဦးနှောက်ကစေခိုင်းတာထက် နှလုံးသားကစေခိုင်းတာဆို ဘာမဆိုလုပ်ဖို့ ဝန်မလေးဘူးဖြစ်နေတယ်။အချိန်တော်တော်များများကတော့ သင်လုပ်ဆောင်တာမှန်ကန်ခဲ့ပေမယ့် တစ်ခါတစ်လေ ချွတ်ချော်မှုတွေဟာ နှလုံးကိုဦးစားပေးမိလို့ ဆိုတာကို မတွေးမိဘူးဖြစ်နေတတ်ပါတယ်။ ဂရုတစိုက်ရှိပြီး ၊ အရိပ်ခြေနားလည်တယ်။ ဒီလိုမိန်းကလေးကို လိမ်ညာလှည့်စားဖို့ ခဲယဉ်းပါတယ်။
(၃) အင်မတန်မှ စိစစ်မှု ၊ စည်းစနစ်ကြီးတဲ့ မိန်းကလေးပါ။ ကိုယ်လုပ်နေတဲ့ အလုပ်နဲ့
ပတ်သတ်ပြီး အားလုံးအသေးစိတ်သိအောင်လေ့လာတတ်ပါတယ်။ ကိုယ်လုပ်နေတဲ့
position ထက် သာလွန်တဲ့ရာထူးတွေမှာကော ဘာတွေလုပ်ရလဲ..၊ သူတို့လိုဖြစ်အောင်
ဘယ်လိုကြိုးစားရမလဲဆိုတာ အမြဲတစေလေ့လာနေတတ်တယ်။ ဆုံးဖြတ်ချက်တစ်ခုချရင်
အချိန်ကြာပေမယ့် ချလိုက်တဲ့ဆုံးဖြတ်ချက်တိုင်းဟာလည်း မှန်ကန်နေတတ်ပါတယ်။
ဖြည်းဖြည်းနဲ့ မှန်မှန်ပဲသွားတဲ့လူစားမျိုးပေါ့။
(၄) အရမ်းစိတ်အားမပြင်းထန်ပေမယ့် ကိုယ်လုပ်ချင်တဲ့အရာတစ်ခုကိုလက်တွေ့အကောင်ထည်ဖော်နိုင်အောင်တော့ ကြိုးစားပါတယ်။ ကိုယ့်ရဲ့ Goal တစ်ခုရောက်ဖို့ကို ပြင်းပြင်းထန်ထန်ကြိုးစားမှုတော့ရှိပါတယ်။ ဘယ်သူမှပြည့်စုံတယ်ဆိုတာ မရှိဘူး..ဒါပေမယ့် ငါကြိုးစားရင်တော့ ဖြစ်နိုင်တယ်ဆိုတာကို လက်ဝယ်ကိုင်ထားတဲ့ အမျိုးသမီးလေးပါ။ ဒါပေမယ့် စိန်ခေါ်မှုတွေရှိလာရင်တော့ ချက်ချင်းလက်မခံဘူး။ သက်တောင့်သက်သာရှိစေတဲ့ နေရာမျိုးမှာလည်း သူမနေနိုင်ဘူး။ တစ်ခုခုတော့ အပြောင််းလဲဖြစ်အောင် လုပ်ရမှကျေနပ်သူပါ။
479 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.