Marvel ရဲ႕ Avengers: Infinity War ကေတာ့ ေနာက္ထပ္စံခ်ိန္တစ္ခုကုိ ထပ္ၿပီးရုိက္ခ်ိဳးသြားျပန္ပါၿပီ။ အဲ့ဒါကေတာ့ Star Wars: The Force Awakens တင္ရွိထားတဲ့ တစ္ကမာၻလံုးဝင္ေငြ ေဒၚလာ ၁ဘီလီယံကုိ အျမန္ဆံုးရရွိခဲ့တဲ့ ဇာတ္ကားအျဖစ္စံခ်ိန္ခ်ိဳးသြားတာပါ။
Deadline ရဲ႕ သတင္းအရ ဇာတ္ကားဟာ ဒီစံခ်ိန္ကုိ ၁၁ရက္အတြင္း ေရာက္ရွိခဲ့တာျဖစ္ၿပီး ၂၀၁၅ ခုႏွစ္တုန္းက ထြက္ခဲ့တဲ့ The Force Awakens က ၁၂ ရက္ၾကာျမင့္ခဲ့တာပါ။ ဇာတ္ကားရဲ႕ ေအာင္ျမင္မႈဟာ Disney ကုိ၂၀၁၈ ခုႏွစ္အတြင္းမွာ ေဒၚလာ ၃ဘီလီယံ ရရွိေစခဲ့တာပါ။
အဲ့ဒီအျပင္ ရုပ္ရွင္ဟာ အရင္က The Force Awakens ပဲတင္ထားတဲ့ စံခ်ိန္ေဟာင္း ျဖစ္တဲ့ အဖြင့္ရက္သတၱပတ္ဝင္ေငြ အေကာင္းဆံုးစံခ်ိန္ကုိ ၿပီးခဲ့တဲ့အပတ္က ေဒၚလာသန္း ၂၅၀ နဲ႔ ခ်ိဳးဖ်က္ခဲ့ပါတယ္။ Marvel ရဲ႕ ဒီႏွစ္အတြင္းပထမဆံုး ဇာတ္ကား Black Panther ကေတာ့ ရက္သတၱေလးပတ္မွာ ေဒၚလာ ၁ဘီလီယံအထိ ရရွိေစခဲ့ပါေသးတယ္။
Ref: The Verge
(Unicode)
Marvel ရဲ့ Avengers: Infinity War ကတော့ နောက်ထပ်စံချိန်တစ်ခုကို ထပ်ပြီးရိုက်ချိုးသွားပြန်ပါပြီ။ အဲ့ဒါကတော့ Star Wars: The Force Awakens တင်ရှိထားတဲ့ တစ်ကမ္ဘာလုံးဝင်ငွေ ဒေါ်လာ ၁ဘီလီယံကို အမြန်ဆုံးရရှိခဲ့တဲ့ ဇာတ်ကားအဖြစ်စံချိန်ချိုးသွားတာပါ။
Deadline ရဲ့ သတင်းအရ ဇာတ်ကားဟာ ဒီစံချိန်ကို ၁၁ရက်အတွင်း ရောက်ရှိခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ The Force Awakens က ၁၂ ရက်ကြာမြင့်ခဲ့တာပါ။ ဇာတ်ကားရဲ့ အောင်မြင်မှုဟာ Disney ကို၂၀၁၈ ခုနှစ်အတွင်းမှာ ဒေါ်လာ ၃ဘီလီယံ ရရှိစေခဲ့တာပါ။
အဲ့ဒီအပြင် ရုပ်ရှင်ဟာ အရင်က The Force Awakens ပဲတင်ထားတဲ့ စံချိန်ဟောင်း ဖြစ်တဲ့ အဖွင့်ရက်သတ္တပတ်ဝင်ငွေ အကောင်းဆုံးစံချိန်ကို ပြီးခဲ့တဲ့အပတ်က ဒေါ်လာသန်း ၂၅၀ နဲ့ ချိုးဖျက်ခဲ့ပါတယ်။ Marvel ရဲ့ ဒီနှစ်အတွင်းပထမဆုံး ဇာတ်ကား Black Panther ကတော့ ရက်သတ္တလေးပတ်မှာ ဒေါ်လာ ၁ဘီလီယံအထိ ရရှိစေခဲ့ပါသေးတယ်။