ကိုရီးယားမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲကျင်းပခဲ့တဲ့ Dua Lipa
Unicode
နာမည်ကျော်အင်္ဂလိပ်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Dua Lipa ဟာ ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့မှာ ဖျော်ဖြေပွဲကျင်းပခဲ့တယ်လို့သိရပါတယ်။ဆိုးလ်မြို့ကို ပထမဆုံးအကြိမ် ရောက်ဖူးတာဖြစ်ပြီး သူမရဲ ့တစ်ကိုယ်တော်ဖျော်ဖြေပွဲကို မေလ ၆ရက်နေ့က Gwangjin-gu ပြည်နယ် ၊Yes 24 Live Hall မှာ ဖောျ်ဖြေခဲ့တာဖြစ်ပါတယ်။
ဆိုးလ်မြို့မှာ ကျင်းပခဲ့တာကြောင့်နာမည်ကျော်ကေပေါ့ပ်စတားတွေ၊ အနုပညာရှင်တွေကလည်း လာအားပေးခဲ့ကြပါတယ်။ကိုရီးယားနိုင်ငံရဲ့ကြယ်ပွင့်လေးဖြစ်တဲ့ Suzy ကလည်း Dua Lipa ကိုသွားရောက်အားပေးခဲ့တယ်လို့သိရပါတယ်။မေလ ၆ရက်နေ့က Suzy က သူမရဲ ့အင်စတာဂရမ်မှာ ဓာတ်ပုံလေးတစ်ပုံတင်ခဲ့ပါတယ်။သူမနဲ့ Dua Lipaတို့အတူရိုက်ထားတဲ ့ပုံလေးပါ။ ကိုယ်အားပေးရတဲ့အနုပညာရှင်နဲ့ဓာတ်ပုံ အတူရိုက်ရတာဖြစ်လို့ Suzy ရဲ ့ပျော်နေတဲ့မျက်နှာလေးကိုပရိသတ်တွေမြင်တွေ့ရမှာပါ။
Dua Lipa ကလည်း သူမရဲ ့အင်စတာဂရမ်အကောင့်မှာ ကေပေါ့ပ်စတားတွေဖြစ်ကြတဲ့ BLACKPINKအဖွဲ့ဝင်နှစ်ယောက်နဲ့အတူရိုက်ထားတဲ့ပုံလေးတင်ထားတာမြင်တွေ့ခဲ့ရပါတယ်။BLACKPINK ရဲ ့အမှတ်အသားတစ်ခုဖြစ်တဲ့ “IN YOUR AREA”ဆိုတဲ့စာသားလေးလည်း ထည့်ရေးထားပါသေးတယ်။
မေလ ၈ရက်နေ့မှာတော့ ဂျပန်နိုင်ငံ၊တိုကျိမြို့မှာဖျော်ဖြေမယ်လို့သိရပြီး ဇွန်လ ၁ရက်နေ့မှာတော့ ပိုလန်နိုင်ငံ၊ဖျော်ဖြေပွဲတော်တစ်ခုမှာ ၂ရက်ဖျော်ဖြေဖို့ရှိတယ်လို့သိရပါတယ်။
117 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.