သင်သိရင် အံ့သြသွားမယ့် Tom Holland (Spider-Man) ရဲ့အကြောင်းတွေ

Tom Holland ဆိုတာ Spider-Man: Home Coming ရုပ်ရှင်နဲ့ ပရိသတ်တွေရင်ထဲကိုဝင်ရောက်လာခဲ့တဲ့ အသက်အငယ်ဆုံး Spider Man မင်းသားလေးဖြစ်ပါတယ်။ သူ့ကိုလူတွေက မျက်နှာစိမ်းနေသေးတာကြောင့်ရော အသက်ငယ်လို့ Hero ဇာတ်ရုပ်နဲ့မလိုက်ဘူးလို့ထင်နေတာကြောင့်ပါ Marvel ပရိသတ်တွေက အတော်လေးကြည့်မရဖြစ်ခဲ့ကြပါသေးတယ်။ဒါပေမယ့် Tom ကလေးဟာ အသက်သာငယ်တယ် ပညာက မငယ်ဘူးလို့ပြောရလောက်အောင်ကို Avengers:Infinity War မှာ သူ့ရဲ့သရုပ်ဆောင်စွမ်းကိုပြသသွားခဲ့တာမြင်ရမှာဖြစ်ပါတယ်။ ငယ်ရွယ်ပြီး အဆင်အခြင်မဲ့တဲ့ အပြစ်မဲ့သူတွေကိုကိုယ်ကျိုးစွန့်ကူညီချင်စိတ်ရှိပြီး စိတ်ထားဖြူစင်တဲ့၊အူတိအူကြောင်လေးနဲ့ ပေါက်ကရတွေထထပြောလေ့ရှိတဲ့ ချစ်စဖွယ် ဆယ်ကျော်သက် Spider Man Hero ဇာတ်ရုပ်ဟာ Tom Holland ရဲ့ ကျွမ်းကျင်လိမ်မာတဲ့သရုပ်ဆောင်မှုအောက်မှာ Tom အတွက်ပဲဖန်တီးပေးထားတဲ့ဇာတ်ရုပ်လိုလိုဘာလိုလိုနဲ့ သေသပ်ကျနစွာလိုက်ဖက်လျက်ရှိပါတယ်။ ဒီိလို ချစ်ဖို့ကောင်းတဲ့ Spider Man မင်းသားလေးအကြောင်းတိုတိုထွာထွာလေးတွေကိုဖော်ပြပေးလိုက်ရပါတယ်။

1.Tom က Spider Man အဖြစ် သရုပ်မဆောင်ခင်က အခြားသောဇာတ်ကားတွေနဲ့ ပြဇာတ်တွေမှာလည်းသရုပ်ဆောင်ခဲ့ဖူးပါတယ်။

2.သူ့ရဲ့နုနယ်ချောမောတဲ့ရုပ်ကလေးနဲ့မလိုက်ဖက်စွာပဲ Tom ရဲ့အနုပညာခရီးလမ်းက ကြမ်းတမ်းခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံး ပြဇာတ်မှာပါဝင်သရုပ်ဆောင်ခွင့်ရဖို့ Tom ဟာ ရှစ်ကြိမ်တိတိလူတွေ့စစ်မေးခြင်းခံခဲ့ရပါတယ်။

3.Tom အဓိကဇာတ်ဆောင်နေရာက ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အခြားသော ရုပ်ရှင်တွေက The Impossible,In the Heart of the Sea နဲ့ The Lost City of Z ဖြစ်ပါတယ်။

4.Tom ဟာ The Lost City of Z ရုပ်ရှင်ရဲ့ရိုက်ကူးမှုနောက်ဆုံးနေ့မှာ မတော်တဆမှုတစ်ခုဖြစ်ပြီိး သူ့နှာခေါင်းရိုးကျိုးသွားခဲ့ပါတယ်။ Chaos Walking ရုပ်ရှင်ရဲ့ရိုက်ကွင်းမှာလည်းပဲ တိုက်ခိုက်တဲ့အခန်းကိုရိုက်နေစဉ်မှာ နောက်ထပ်တစ်ခါ နှာခေါင်းရိုးကျိုးဖူးပါသေးတယ်။

5.Tom ဟာ 2017 မှာ BAFTA Raising Star Award ကိုရရှိခဲ့ပါတယ်။

6.Tom ရဲ့အဖေ Dominic Holland က ဟာသပညာရှင်တစ်ဦးဖြစ်သလို စာရေးဆရာတစ်ဦးလည်းဖြစ်ပါတယ်။ Tom ရဲ့ မေမေ Nicola Elizabeth ကတော့ ဓာတ်ပုံပညာရှင်တစ်ဦးပါ။ မိဘနှစ်ပါးစလုံးကအနုပညာရှင်တွေဖြစ်တဲ့ Tom လေး။

7.Tom ဟာ အထက်တန်းကျောင်းတုန်းက Dancer လုပ်ဖူးတဲ့အတွက် ကျောင်းမှာ အနိုင်ကျင့်ခံခဲ့ရတယ်လို့ပြောဖူးပါတယ်။

8.Wimbledon College ကနေ ဘွဲ့ရပြီးတဲ့အခါ Tom က the BRIT School မှာ Performing Arts နဲ့ Technology ဆိုင်ရာပညာရပ်တွေကိုဆက်လက်သင်ယူခဲ့ပါတယ်။လက်ရုံးရည်တင်မက နှလုံးရည်နဲ့ပါပြည့်စုံတဲ့ Tom လေး။

9.Tom ရဲ့ အနှစ်သက်ဆုံး ရုပ်ရှင်က Saving Private Ryan ပါတဲ့။ (ဒါက သူ interview ဖြေတဲ့အချိန်မှာအကြိုက်ဆုံးကိုဖြေထားတာမို့ အကြိုက်တွေဟာပြောင်းလဲနိုင်ကြောင်းပါပြောထားပါသေးတယ်)

10.Tom က Spider Man ဇာတ်ရုပ်ကိုသရုပ်ဆောင်ခဲ့တဲ့မင်းသားတွေထဲမှာအငယ်ဆုံးမင်းသားဖြစ်တဲ့အပြင် ပထမဆုံး ဆယ်ကျော်သက်မင်းသားလေးလည်းဖြစ်ပါတယ်။

11.သူ့ရှေ့က Spider Man မင်းသား Andrew Garfield လိုပဲ Tom ကလေးဟာ Spider Man အဖြစ်သရုပ်ဆောင်ခွင့်မရခင်ကကို Spider Man ကိုအရမ်းနှစ်သက်ခဲ့သူတစ်ဦိးဖြစ်ခဲ့ပြီး ဒီလိုသရုပ်ဆောင်ရတာဟာ အိပ်မက်တွေအမှန်တကယ်ဖြစ်လာခြင်းပါပဲလို့ ပြောကြားဖူးပါသေးတယ်။

12.Tom က Arsenal Fan ဖြစ်ပါတယ်။

13.Tom က Spider Man ဖြစ်ခွင့်ရဖို့ကို Audition အဆင့်ဆင့်မှာ Timothee Chalamet,Charie Rowe နဲ့ အခြားသော အရည်အချင်းရှိမင်းသားတွေအားလုံးကို ရင်ဆိုင်ယှဉ်ပြိုင်ဖြတ်ကျော်ခဲ့ရပါတယ်။

 

ခုပြောပြသွားတာတွေကတော့ Tom Holland ရဲ့အကြောင်းတိုတိုထွာထွာလေးတွေပဲဖြစ်ပါတယ်။Hero ဇာတ်ကောင်ထက် ပိုပြီးချစ်ဖို့ကောင်းနေတဲ့ Spider Man လေးကိုချစ်မြတ်နိုးကြသူတွေလည်းကျေနပ်လိမ့်မယ်လို့ထင်ပါတယ်။ Tom လေးကို ဆက်လက် support ပေးကြရအောင်လား <3

 

Unicode Format




1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.