အားလပ်ရက်ရလို့ သူငယ်ချင်းတွေနဲ့အတူအပြင်ထွက်လျှောက်လည်ခဲ့တဲ့ မင်းသား Ji Chang Wook
Unicode
တောင်ကိုရီးယားနိုင်ငံရဲ ့မင်းသားချော Ji Chang Wook တစ်ယောက်ဟာ စစ်မှုထမ်းဆောင်နေဆဲ ကာလဖြစ်တယ်လို့ပရိသတ်တွေအားလုံးသိပြီး
သားဖြစ်ကြမှာပါ။မေလ ၆ရက်နေ့ကတော့ အားလပ်ချိန်ရခဲ့ပါတယ်တဲ့။Ji Chang Wook ဟာ ဂန်းဝန်ပြည်နယ်၊အမြှောက်တပ်ဖွဲ့မှာတာဝန်ထမ်းဆောင်နေတာဖြစ်ပြီး မေလ ၆ရက်နေ့၊အားလပ်ရက်ရတဲ့အချိန်မှာတော့ မင်းသား Choi Tae Joon (Park Shin Hye ရဲ ့ချစ်သူ)၊CNBlUE အဖွဲ့ဝင် Lee Jong Hyun တို့နဲ့အတူ အပြင်ထွက်လျှောက်လည်ခဲ့တယ် လို့သိရပါတယ်။
မင်းသားသုံးယောက်လုံး အားလပ်ရက်မှာ အတူတွေ့ဆုံအချိန်ကုန်ဆုံးခဲ့ကြတာပါ။ပြီးတော့ ဓာတ်ပုံတွေလည်းရိုက်ခဲ့ကြပါသေးတယ်။ပုံကိုကြည့်တာနဲ့တင် အရမ်းပျော်နေတယ်ဆိုတာ ခန့်မှန်းလို့ရနေပါတယ်။မင်းသား Choi Tae Joon က အင်စတာဂရမ်မှာ ဓာတ်ပုံတင်ခဲ့တာဖြစ်ပြီးKimchi Cheese လို့တောင် ရေးထားပါသေးတယ်။ပျော်နေကြတယ်ပေါ့။
အားလပ်ရက်ဖြစ်လို့သူငယ်ချင်းတွေနဲ့အချိန်ကုန်ဆုံးခဲ့သလို သူ့ရဲ ့မေမေနဲ့လည်းတွေ့ဆုံခဲ့ပါသေးတယ် တဲ့။Ji Chang Wook က သူ့ရဲ ့အင်စတာဂရမ်မှာ
သူ့မေမေနဲ့ကားပေါ်မှာရိုက်ထားတဲ့ဓာတ်ပုံလေးကိုတင်ခဲ့ပါတယ်။သားဖြစ်သူနဲ့ပြန်တွေ့ရလို့ပျော်နေတဲ့ အမေဖြစ်သူကိုတွေ့တယ်ဟုတ်!Ji Chang Wook ဟာ ၂၀၁၇ သြဂုတ်လမှာ စပြီးစစ်မှုထမ်းဆောင်ခဲ့တာဖြစ်ပြီး ၂၀၁၉၊မေလ ၁၃ရက်မှာ တာဝန်ပြီးဆုံးမှာဖြစ်ပါတယ်။ ၂၀၁ရတုန်းကဆိုရင်စစ်မှုသင်တန်းလေ့ကျင့်ရေးဆင်းနေတုန်း high performance ဆုလည်းရရှိခဲ့တယ်လို့သိရပါတယ်။
Ji Chang Wook ရဲ ့ပျော်နေတဲ့ပုံလေးတွေပရိသတ်တွေအတွက် ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။
494 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.