သင့်မျက်နှာကပြောပြနေတဲ့သင့်ကျန်းမာရေးအကြောင်း

(၁) မေးတွဲကျခြင်း






(၄) ခံတွင်းအနံ့ဆိုး

a young woman holds in her hand to her mouth to sneeze. halitosis and bad breath


Close-up Of Dermatologist Checking Patient’s Hair Through Magnifying Glass


Unicode

လူတစ်ယောက်အတွက်ကျန်းမာရေးဆိုတာသိပ်ကို အရေးပါတဲ့ အရာတစ်ခုပါ။ လာဘ်ကြီးတစ်ပါးဖြစ်တဲ့ကျန်းမာခြင်းကြောင့်သာတစ်ခြားသောအရာတွေကို ကောင်းမွန်စွာဆောင်ရွက်နိုင်တာလူတိုင်းအဖိပါ။ ဆိုတော့ တစ်ချို့သောမျက်နှာပေါ်ကလက္ခဏာတွေက သင့်ရဲ့ကျန်းမာရေး အခြေနေတစ်ခုကိုဖော်ပြပေးနေတတ်တယ်ဆိုတာ သိရှိနားလည်နိုင်စေဖို့ အောက်ကအချက်လေးတွေကပြောပြပေးပါလိမ့်မယ်..
(၁) မေးတွဲကျခြင်း
မေးကြီးကနဂိုထက်ပိုပြီးတွဲကျသယောင်ဖြစ်နေမယ်ဆိုရင်တော့ ဒါဟာအိုမင်းခြင်းကိုပြတဲ့ လက္ခဏာတစ်ခုဆိုလည်းမမှားပါဘူး။ ဒါပင်မဲ့တစ်ချို့သောသူတွေအတွက်ကတော့ရောဂါတစ်ခုမဟုတ်ပဲ မျိုးရိုးစဉ်ဆက်အရဖြစ်ပေါ်လာတဲ့ အရာတစ်ခုသာဖြစ်ပါတယ်။ ကျန်းမာရေးသုတေသနပညာရှင်တစ်ချို့ရဲ့လေ့လာချက်အရ မျိုးရိုးကြောင့်မဟုတ်တဲ့မေးတွဲခြင်းဟာ ခန္ဓာကိုယ်အတွင်းပိုင်းက ဆဲလ်တွေရဲ့အိုမင်းလာမှုကိုပြခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။
(၂) ဖြူဖက်ဖြူရော်မျက်နှာ
အသားဖြူတာနဲ့ဖြူဖက်ဖြူရော်ဖြစ်ခြင်းကိုကွဲပြားစွာသိရှိဖို့လိုအပ်ပါတယ်။ မျက်နှာဖြူစုပ်စုပ်နဲ့သွေးမရှိသလိုဖြစ်နေရင်တော့ သွေးခြေဥနဲ့ပတ်သတ်တဲ့ရောဂါမျိုးတွေခံစားရနိုင်သလို၊ သွေးအားနည်းခြင်း သွေးပေါင်ကျခြင်းတွေဖြစ်စေနိုင်တာမလို့ သင့်မျက်နှာပတ်လည်မှာ ဖြူဖက်ဖြူရောင်ဖြစ်နေပြီဆိုရင်တော့ အမြန်ဆုံးဆရာဝန်နဲ့ပြသကြည့်ဖို့လိုအပ်ပါပြီ။
(၃) ခြောက်သွေ့တဲ့နှုတ်ခမ်း
ခြောက်သွေ့တဲ့နှုတ်ခမ်းတွေကိုလူတော်တော်များများဟာ ဆောင်းရာသီလိုဥတုမျိုးမှာ အများဆုံးဖြစ်တတ်ကြပါတယ်။ ဒါဟာသဘာဝပါပဲ ၊ ဒါပေမဲ့ဒီလိုသဘာဝဆန်တဲ့အခြေနေမျိုးမဟုတ်ပဲ ဘယ်လိုရာသီပဲရောက်ရောက်နှုတ်ခမ်းသားကခြောက်သွေ့နေမယ် ဘယ်လိုနှုတ်ခမ်းနီဆိုးဆိုး၊ အဆီလိမ်းလိမ်းထူးခြားမှုမရှိဘူးဆိုရင်တော့ သိပ်ပေါ့ဆလို့မရတော့ပါဘူး။ ဒါဟာ Virus တစ်ခုကြောင့်ဖြစ်တဲ့ ရောဂါတစ်ခုဖြစ်နိုင်ပြီး အခုလို နှုတ်ခမ်းသားတွေ လန်ပြီးခြောက်သွေ့ခြင်းဟာ နှုတ်ခမ်းသားအရေပြားကင်ဆာကိုလည်းဖြစ်စေနိင်တာမလို့ သတိထားသင့်ပါတယ်။
(၄) ခံတွင်းအနံ့ဆိုး
ခံတွင်းနံ့ဆိုးတယ် ဆိုတာသာမန်ကိစ္စတော့မဟုတ်ပါဘူး။သွားတွေတိုက် ပလုတ်တွေကျင်းပြီးတာတောင်သင်စကားပြောတိုင်းသင့်ပါးစပ်ဟတိုင်းခံတွင်းနံ့ဆိုးဝါးနေတတ်ပြီဆိုရင်တော့ဒါဟာ သင့်နှလုံးနဲ့သင့်ရဲ့အရိုးတွေ မကောင်းတော့ဘူးဆိုတာကို ပြတဲ့ အခြေနေတစ်ခုပါပဲ။
(၅) ဆံပင်ကျွတ်များခြင်း
ပုံမှန်ထပ်ပိုပြီးဆံပင်တွေကျွတ် အရွယ်နဲ့မလိုက်ဖက်အောင်ထိပ်တွေကွက်နေပြီဆိုရင်တော့ ဒါဟာသင့်ရဲ့ခန္ဓာကိုယ်အတွင်းပိုင်းမှာ Chemical ဓာတ်တွေများပြားနေပြီဆိုတာသိသင့်ပါတယ်။ နောက်တစ်မျိုးပြောရရင်ခန္ဓာကိုယ်မှာ အဆီအရည်ဓာတ်ခန်းခြောက်နေပြီး ရေဓာတ်ကုန်ဆုံးနေတာမျိုးဖြစ်တာမလို့ဆံပင်ကျွတ်ခြင်းကပုံမှန်ထပ်ပိုနေပြီဆိုရင်တော့ သင့်ခန္ဓာကိုယ်ထဲမှာရောဂါတစ်ခုခုဖြစ်နေနိင်ပြီး ရေဓာတ်လိုအပ်နေတယ်ဆိုတာသိလိုက်ပါတော့။
ကျန်းမာမှုအပေါင်းသရဖူဆောင်းနိုင်ကြပါစေလို့ဆုတောင်းရင်း….

307 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.