အလုပ္စရွာေတာ့မယ္ဆိုတာနဲ႔ သိထားသင့္တဲ႔ နည္းဗ်ဴဟာမ်ား

ေက်ာင္းျပီးလုိ႔လုပ္ငန္းခြင္၀င္ေတာ့မယ္ဆုိတာနဲ႔ ရွာရပါျပီ ဘယ္အလုပ္ကုိလုပ္ရမလဲ? ၾကံဳရာပဲ၀င္ေလ်ွာက္လိုက္ရမလား? ေလာေလာဆယ္၀င္ေငြရေအာင္နီးစပ္ရာမွာပဲ ေလ်ွာက္ေတာ့မယ္ စသျဖင့္ စသျဖင့့္ေခါင္းေျခာက္ေအာင္စဥ္းစားရပါတယ္။အဲ႔ဒါေၾကာင့္ ဘယ္အလုပ္ကုိမွမစခင္ အလုပ္ရွာေတာ့မယ္ဆုိရင္ အလုပ္ျမန္ျမန္ရွာေတြ႔ေအာင္ သိထားသင့္တဲ႔နည္းဗ်ဴဟာေလးေတြ မ်ွေ၀ေပးခ်င္ပါတယ္။

၁။ပထမဆံုး အြန္လိုင္းကျဖစ္ေစ၊သတင္းစာေတြထဲကျဖစ္ေစ ကုိယ္နဲ႔သင့္ေတာ္မယ္၊ လုပ္ႏုိင္မယ္လို႔ထင္တဲ႔အလုပ္ေတြကုိ မွတ္ထား၊၀ုိင္းထားလိုက္ပါ။ျပီးေတာ့မွ အဲ႔ဒီအလုပ္တစ္ခုခ်င္းစီကုိ ျပန္ျပီးဆန္းစစ္ပါ။ဒါက အခိ်န္ကုန္လည္းသက္သာေစပါတယ္။

၂။ဘာကုိလုပ္ခ်င္တာလဲစဥ္းစားပါဦး။အလုပ္ေတြ႔ျပီဆိုတုိင္း မေလ်ွာက္ပါနဲ႔၊ဒီအလုပ္က သင့္ရဲ ႔ပထမဆံုးအလုပ္ျဖစ္တဲ႔အတြက္တစ္ခါတည္းနဲ႔ ဖိအားမ်ားျပီး ေနာက္ထပ္အလုပ္မလုပ္ခ်င္ေတာ့ ေလာက္ေအာင္ျဖစ္မသြားဖုိ႔ေသခ်ာစဥ္းစားဖုိ႔လိုပါတယ္။တကယ္ေရာလုပ္ခ်င္ရဲ႔လားဆုိတာစဥ္းစားပါ။ျပီးမွ ေလ်ွာက္ပါ။

၃။အလုပ္ေလ်ွာက္ဖုိ႔အတြက္အေသးစိတ္ျပင္ဆင္ထားပါ။အလုပ္ေလ်ွာက္ျပီဆုိရင္ကုိယ္ေရးရာဇ၀င္၊မွတ္တမ္းေတြ၊အေထာက္အထားေတြလုိအပ္ပါတယ္။နီးမွအသည္းအသန္မျဖစ္ရေအာင္ အလုပ္မရွာခင္တည္းက ၾကိဳတင္ျပင္ဆင္ထားပါ။အဲ႔ဒါမွ အလုပ္ေတြ႔လို႔ သြားေလ်ွာက္ေတာ့မယ္ဆိုတာနဲ႔ ခ်က္ခ်င္းသြားလုိ႔ရမွာပါ။

၄။အနီးအနားကေနရာေတြကုိအဓိကထားပါ။အလုပ္လုပ္တယ္ဆုိတာ ၀င္ေငြရွာျပီးစုေဆာင္းဖုိ႔ပါ။ တကယ္လို႔ သင့္ရဲ ႔အလုပ္က ကားႏွစ္ဆင့္စီးရလုိ႔ပုိက္ဆံပုိကုန္မယ္ဆိုရင္ ကားတစ္ဆင့္တည္းနဲ႔ေရာက္တဲ႔ေနရာမ်ိဳး၊ေအးေအးေဆးေဆးသြားလို႔ရတဲ႔ေနရာမ်ိဳးကုိ အဓိကေရြးခ်ယ္ျပီး၀င္ေငြစုဖုိ႔ျပင္ဆင္ပါ။ေ၀းေနရင္ေတာင္ အသြားအျပန္နဲ႔ တြက္ေျခကုိက္တဲ႔လစာမ်ိဳးရရင္ေတာ့တစ္မ်ိဳးေပါ့။

၅။မိတ္ေဆြသူငယ္ခ်င္းေတြကေနတစ္ဆင့္ အလုပ္ေလ်ွာက္ပါ။ဒီေန႔ေခတ္ၾကီးထဲမွာ မယံုရတဲ႔သူေတြလည္းမ်ားပါတယ္။တကယ္လုိ႔ သင္ေလ်ွာက္မယ့္ကုမၸဏီမွာ သင့္သူငယ္ခ်င္း၊ မိတ္ေဆြတစ္ေယာက္ေယာက္ရွိရင္သူတို႔ကုိသင္အလုပ္လာေလွ်ာက္မယ့္အေၾကာင္းေျပာျပထားပါ။လိုအပ္ရင္သူတို႔က သင့္အေၾကာင္းကုိကုမၸဏီကုိေျပာျပထားႏုိင္ပါတယ္။မသိတဲ႔သူထက္စာရင္ ရင္းနွီးျပီးယံုၾကည္ရတဲ႔သူရဲ ႔ေထာက္ခံခ်က္ရရင္ အလုုပ္ပုိျပီးရႏုိင္ပါတယ္။

၆။အင္တာဗ်ဴးအတြက္ၾကိဳတင္ျပင္ဆင္ပါဒါကေတာ့ေျပာစရာလုိမယ္မထင္ပါဘူး။ အလုပ္သြားေလ်ွာက္ျပီဆုိတာနဲ႔အင္တာဗ်ဴးေျဖရေတာ့မွာပါ။အဲ႔ဒီအခါမွာ သင့္ဘက္က အဆင္သင့္ျဖစ္ေနဖုိ႔လိုပါတယ္။ကုမၸဏီအေၾကာင္းကုိလည္းေလ့လာထားပါ။ အင္တာဗ်ဴးမွာ သင္ဘာေတြလုပ္ႏုိင္လဲဆိုတာ အဓိကထားေျပာပါ။ေၾကာက္လန္႔တြန္႔ဆုတ္မေနပါနဲ႔။
ကုိယ့္ကုိယ္ကုိယ္ယံုၾကည္မႈအျပည့္န႔ဲသူတို႔ရဲ႔ေမးခြန္းေတြကုိေျဖဆုိပါ။အင္တာဗ်ဴးေျဖေတာ့မယ္ဆုိရင္ အဓိကက အခ်ိန္မွန္ေရာက္ဖုိ႔နဲ႔၀တ္စားဆင္ယင္ပံုသပ္သပ္ရပ္ရပ္ရွိဖုိ႔ကလည္း လိုအပ္ပါတယ္။အဲ႔ဒါေၾကာင့္ ဘယ္အရာမဆို ၾကိဳတင္ျပင္ဆင္ထားပါ။

ကဲ အလုပ္ရွာေနတဲ႔သူေတြ Good Luck ေနာ္။

Unicode

ကျောင်းပြီးလို့လုပ်ငန်းခွင်ဝင်တော့မယ်ဆိုတာနဲ့ ရှာရပါပြီ ဘယ်အလုပ်ကိုလုပ်ရမလဲ? ကြုံရာပဲဝင်လျှောက်လိုက်ရမလား? လောလောဆယ်ဝင်ငွေရအောင်နီးစပ်ရာမှာပဲ လျှောက်တော့မယ် စသဖြင့် စသဖြင့့်ခေါင်းခြောက်အောင်စဉ်းစားရပါတယ်။အဲ့ဒါကြောင့် ဘယ်အလုပ်ကိုမှမစခင် အလုပ်ရှာတော့မယ်ဆိုရင် အလုပ်မြန်မြန်ရှာတွေ့အောင် သိထားသင့်တဲ့နည်းဗျူဟာလေးတွေ မျှဝေပေးချင်ပါတယ်။

၁။ပထမဆုံး အွန်လိုင်းကဖြစ်စေ၊သတင်းစာတွေထဲကဖြစ်စေ ကိုယ်နဲ့သင့်တော်မယ်၊ လုပ်နိုင်မယ်လို့ထင်တဲ့အလုပ်တွေကို မှတ်ထား၊ဝိုင်းထားလိုက်ပါ။ပြီးတော့မှ အဲ့ဒီအလုပ်တစ်ခုချင်းစီကို ပြန်ပြီးဆန်းစစ်ပါ။ဒါက အချိန်ကုန်လည်းသက်သာစေပါတယ်။

၂။ဘာကိုလုပ်ချင်တာလဲစဉ်းစားပါဦး။အလုပ်တွေ့ပြီဆိုတိုင်း မလျှောက်ပါနဲ့၊ဒီအလုပ်က သင့်ရဲ ့ပထမဆုံးအလုပ်ဖြစ်တဲ့အတွက်တစ်ခါတည်းနဲ့ ဖိအားများပြီး နောက်ထပ်အလုပ်မလုပ်ချင်တော့ လောက်အောင်ဖြစ်မသွားဖို့သေချာစဉ်းစားဖို့လိုပါတယ်။တကယ်ရောလုပ်ချင်ရဲ့လားဆိုတာစဉ်းစားပါ။ပြီးမှ လျှောက်ပါ။

၃။အလုပ်လျှောက်ဖို့အတွက်အသေးစိတ်ပြင်ဆင်ထားပါ။အလုပ်လျှောက်ပြီဆိုရင်ကိုယ်ရေးရာဇဝင်၊မှတ်တမ်းတွေ၊အထောက်အထားတွေလိုအပ်ပါတယ်။နီးမှအသည်းအသန်မဖြစ်ရအောင် အလုပ်မရှာခင်တည်းက ကြိုတင်ပြင်ဆင်ထားပါ။အဲ့ဒါမှ အလုပ်တွေ့လို့ သွားလျှောက်တော့မယ်ဆိုတာနဲ့ ချက်ချင်းသွားလို့ရမှာပါ။

၄။အနီးအနားကနေရာတွေကိုအဓိကထားပါ။အလုပ်လုပ်တယ်ဆိုတာ ဝင်ငွေရှာပြီးစုဆောင်းဖို့ပါ။ တကယ်လို့ သင့်ရဲ ့အလုပ်က ကားနှစ်ဆင့်စီးရလို့ပိုက်ဆံပိုကုန်မယ်ဆိုရင် ကားတစ်ဆင့်တည်းနဲ့ရောက်တဲ့နေရာမျိုး၊အေးအေးဆေးဆေးသွားလို့ရတဲ့နေရာမျိုးကို အဓိကရွေးချယ်ပြီးဝင်ငွေစုဖို့ပြင်ဆင်ပါ။ဝေးနေရင်တောင် အသွားအပြန်နဲ့ တွက်ခြေကိုက်တဲ့လစာမျိုးရရင်တော့တစ်မျိုးပေါ့။

၅။မိတ်ဆွေသူငယ်ချင်းတွေကနေတစ်ဆင့် အလုပ်လျှောက်ပါ။ဒီနေ့ခေတ်ကြီးထဲမှာ မယုံရတဲ့သူတွေလည်းများပါတယ်။တကယ်လို့ သင်လျှောက်မယ့်ကုမ္ပဏီမှာ သင့်သူငယ်ချင်း၊ မိတ်ဆွေတစ်ယောက်ယောက်ရှိရင်သူတို့ကိုသင်အလုပ်လာလျှောက်မယ့်အကြောင်းပြောပြထားပါ။လိုအပ်ရင်သူတို့က သင့်အကြောင်းကိုကုမ္ပဏီကိုပြောပြထားနိုင်ပါတယ်။မသိတဲ့သူထက်စာရင် ရင်းနှီးပြီးယုံကြည်ရတဲ့သူရဲ ့ထောက်ခံချက်ရရင် အလုုပ်ပိုပြီးရနိုင်ပါတယ်။

၆။အင်တာဗျူးအတွက်ကြိုတင်ပြင်ဆင်ပါဒါကတော့ပြောစရာလိုမယ်မထင်ပါဘူး။ အလုပ်သွားလျှောက်ပြီဆိုတာနဲ့အင်တာဗျူးဖြေရတော့မှာပါ။အဲ့ဒီအခါမှာ သင့်ဘက်က အဆင်သင့်ဖြစ်နေဖို့လိုပါတယ်။ကုမ္ပဏီအကြောင်းကိုလည်းလေ့လာထားပါ။ အင်တာဗျူးမှာ သင်ဘာတွေလုပ်နိုင်လဲဆိုတာ အဓိကထားပြောပါ။ကြောက်လန့်တွန့်ဆုတ်မနေပါနဲ့။
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့သူတို့ရဲ့မေးခွန်းတွေကိုဖြေဆိုပါ။အင်တာဗျူးဖြေတော့မယ်ဆိုရင် အဓိကက အချိန်မှန်ရောက်ဖို့နဲ့ဝတ်စားဆင်ယင်ပုံသပ်သပ်ရပ်ရပ်ရှိဖို့ကလည်း လိုအပ်ပါတယ်။အဲ့ဒါကြောင့် ဘယ်အရာမဆို ကြိုတင်ပြင်ဆင်ထားပါ။

ကဲ အလုပ်ရှာနေတဲ့သူတွေ Good Luck နော်။

187 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.