မိတ်ကပ် စိုးစိုးဟာ လောကထဲမှာ အချိန်တိုအတွင်း လူသိများလာခဲ့ပြီး အခုချိန်မှာတော့ မော်ဒယ်လ်၊ သရုပ်ဆောင် သဲနော်ဇာရဲ့ ပင်တိုင်မိတ်ကပ် ဆရာတစ်ဦး ဖြစ်လာခဲ့ပါပြီ။ သူဟာ လက်ရှိမှာ Mirror Wedding Dress၊ Make-Up & Beauty Centre မှာလုပ်ဆောင်နေသူလည်း ဖြစ်တာမို့ သူ့ရဲ့မိတ်ကပ် ပညာလေ့လာဆည်းပူးခဲ့ရတာတွေနဲ့ သူရဲ့ အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်ပြီးကျေနပ်အားရ မှုရှိမရှိ မေးမြန်းဖြစ်ခဲ့တဲ့အခါမှာတော့
မိတ်ကပ်လောကထဲ ၀င်ရောက်ဖြစ်ခဲ့ပုံလေးပြောပြပေးပါ။
အဆိုတော် သက်မှူးခင်ကနေ မိတ်ကပ်ကျော်မိုးဆီ ပို့ပေးခဲ့တာပါ။ မိတ်ကပ်ပညာကို ငယ်ငယ် ကတည်းကလည်း ၀ါသနာပါခဲ့တာပါ။ သူများတွေ လိမ်းပေးထားတာတွေကို ကြည့်ပြီးကြိုက် တယ်။ ကိုယ့်ဘာသာကိုယ်လည်း အရင်ကတည်းကလိမ်းကြည့်ခဲ့ဖူးပါတယ်။
ကိုယ်ပထမဆုံး မိတ်ကပ်လိမ်းပေးခဲ့ရတဲ့ မင်းသမီးရှိရင် ပြောပြပေးပါ။
ပထမဆုံးစလိမ်းပေးခဲ့ရတာကတော့ သဲနော်ဇာပေါ့။ သူ့ကို စလိမ်းပေးပြီးကတည်းက အခုဆိုသူ့ရဲ့ပင်တိုင် မိတ်ကပ်ဆရာလိုဖြစ်နေပါပြီ။
စိုးစိုးက မိတ်ကပ်လိမ်းပေးတဲ့အခါမှာ အသားအရေနဲ့ လိုက်ဖက်မှု ရှိမရှိ ကြည့်ပြီးမှ လိမ်းပေးတာပါလား။
မိတ်ကပ်လိမ်းပေးတဲ့အခါမှာ အသားအရေကိုကြည့်ပြီးမှ လိမ်းချယ်ပေးတာပါ။
ပင်တိုင် လိမ်းပေးနေတဲ့သူနဲ့ အခြားအသစ်တစ်ယောက်ကို လိမ်းပေးရတဲ့အခါမှာ ဘယ်လိုချိန်ဆပြီး လုပ်ကိုင်ရပါသလဲ။
နည်းနည်းတော့ ကွာတာပေါ့။ ကိုယ်လိမ်းပေးနေကျ လူတစ်ယောက်နဲ့ တစ်ခါမှ မလိမ်းပေးဖူးတဲ့ လူတစ်ယောက်နဲ့ ကျတော့ ကိုင်တွယ်ရတဲ့အပိုင်းမှာ နည်းနည်းတော့ ကွာခြားတာပေါ့။
ဒီနှစ်မှာရော ဘယ်လိုလိမ်းချယ်မှုတွေက ခေတ်စားနေပါသလဲ။
ဒီနှစ်မှာ ရှဲဒိုးကို မျက်လုံးအိမ်ဘေးချဲ့ပြီးတော့ ရှဲဒိုးခြယ်လာ ကြတာပိုများတယ်။
စိုးစိုးမိတ်ကပ်လိမ်းတဲ့ အခါ ပုံမှန်လိမ်းချယ်ပေးနေကျ အရောင်မျိုးရှိသလား။
အဲဒီလိုမျိုးတော့ မရှိပါဘူး။ အ၀တ်အစားပေါ်မှာပဲ လိုက်ပြီးတော့ လိုက်မယ့်အရောင်မျိုးကိုပဲရွေးချယ် ပြီးလိမ်းပေးရတာများပါတယ်။
၂၀၁၄ ခုနှစ် မှာလူကြိုက်များခေတ်စားလာမဲ့စတိုင်လ် မျိုးကရောဘယ်လိုပုံစံ ဖြစ်မလဲ။-
အခုနောက် ပိုင်းမှာ ဒိတ်အောက်တဲ့ ဆံပင်ပုံစံစတိုင်လ်မျိုးတွေ ခေတ်စားလာတယ်ဆိုတော့ ၂၀၁၄ မှာပြန်ခေတ်စားမယ် ဆိုရင်လည်း ဟိုတုန်းကလုပ်တဲ့ ဆံပင်ပုံစံမျိုးတွေပဲ ပြန်ခေတ်စားမယ်လို့ထင် ပါတယ်။ မိတ်ကပ်ဆိုရင်လည်း ပါးပါးလေးလိမ်းချယ်ကြပြီးတော့ လိုင်နာကို ထူထူဆွဲကြတာမျိုး ခေတ် စားမယ်ထင်ပါတယ်။
မိတ်ကပ်ပညာနဲ့ပတ်သက်ပြီးဘာတွေ ဆက်လေ့လာ ဖြစ်သလဲ။
မိတ်ကပ် ပညာကတော့ ကုန်သွားတယ် ဆိုတာမရှိဘူးလေ။ ဖေ့ဘွတ်စ်ကနေ လေ့လာဖြစ်သလို You Tube ကနေလည်းလေ့လာဖြစ်ပါတယ်။
အရင်ကရော မိတ်ကပ်ပညာနဲ့ ပတ်သက်ပြီး ဘယ်လိုလေ့လာသင်ယူခဲ့ရသလဲ။
အရင်တုန်းကတော့ သူများလိမ်းတာတွေကိုလိုက်ကြည့် ပြီးလေ့လာခဲ့တယ်။ စာအုပ်တွေ ဖတ်ပြီး လေ့လာတယ်။ ကိုယ့်ဆရာ ဖြစ်တဲ့မိတ်ကပ် ကျော်မိုးဆီကလည်း သင်ယူလေ့လာခဲ့ပါတယ်။
မိတ်ကပ် လိမ်းတဲ့အပိုင်းမှာ ကိုယ့်ရဲ့အားနည်းချက်၊ အားသာချက် တွေရှိရင်ပြောပြပေးပါ။-
ကိုယ့်ရဲ့အားနည်းချက်က မျက်ခုံးပိုင်းကိုအားနည်းတယ်။ ဆံပင်ပိုင်းနဲ့ပတ်သက်ရင် အားသာတယ်လို့ ပြောလို့ရပါတယ်။
စိုးစိုးရဲ့ မိတ်ကပ်လောကထဲမှာခြေချလာခဲ့တာအခုချိန်မှာကိုယ့်ကိုကိုယ် ဘယ်အတိုင်းအတာမှာရောက်နေ ပြီလို့ပြောလို့ ရပါသလဲ။-
အတိုင်းအတာတစ်ခု အထိမရောက်သေးဘူးလို့ ကိုယ့်ကိုကိုယ် ထင်ပါတယ်။ ကိုယ့်ကိုကိုယ် ပညာသင် အဆင့်လောက်ပဲရှိသေးတယ် လို့သတ်မှတ်ထားပါတယ်။
မိတ်ကပ် လောကထဲမှာ ရည်ရွယ်ချက် ကြီးကြီးမားမားမျှော်လင့် ချက်ထားတာမျိုးရှိပါသလား။
လူဆိုတာကတော့ အမြင့်ရောက်လေ ပိုကြိုက်လေဆိုတော့ အများကြီးမျှော်လင့်ထားပါတယ်။ သူများတွေလို နာမည်ကြီးချင်ပါတယ်။ ဒါပေမဲ့ တအားကြီးမျှော်လင့်ထားတာမျိုးတော့ မဟုတ်ပါဘူး။ နာမည်တစ်ခုလောက်ရရင် ကျေနပ်ပါပြီ။
စိုးစိုး ဘ၀မှာ လေးစားအားကျ ခဲ့ရတဲ့ မိတ်ကပ်ပညာရှင် ရှိရင်ပြော ပြပေးပါ။
ပထမဆုံးကတော့ သမီးရဲ့ဆရာမိတ်ကပ် ကျော်မိုးပါ။ ပြီးရင် မိတ်ကပ်ကိုမာ၊ အန်တီ ခင်စန်းဝင်း တို့ကိုအားကျပါတယ်။
သူတို့တွေ ဆီကရောကိုယ့်အတွက် ဘယ်လိုပညာတွေရသလဲ။
ဦးမာဆိုရင်ဆံပင်ကို ပိုကြိုက်တယ်။ မကြီးစန်းကိုတော့ မိတ်ကပ်ရော၊ ဆံပင်ရော ကြိုက်ပါတယ်။
မိတ်ကပ်စိုးစိုး ဖြစ်လာဖို့ အတွက် ဘာတွေ ရင်းနှီးပေးဆပ်ခဲ့ရသလဲ။
အရမ်းကြီးရင်းနှီးပေးဆပ်ခဲ့ရတာမျိုးတော့ မရှိပါဘူး။ ဆရာနဲ့ဒိုးတူပေါင်ဖက် လိုနေလာခဲ့ တာဆိုတော့ ကြီးကြီးမားမားပေးဆပ်ခဲ့ရတာတော့ မရှိပါဘူး။
စိုးစိုးအနေနဲ့ ရှေ့ဆက်ပြီး မိတ်ကပ်လောကထဲမှာဘယ်လိုတွေ လုပ်ဆောင်သွားမယ်ဆိုတာသိပါရစေ။
မိတ်ကပ်လောကမှာ အကောင်းဆုံး ဖြစ်အောင်ကြိုးစားသွားမယ်။ ဘယ်လိုလုပ် ဆောင်ဖြစ်သွားမယ်ဆိုပြီး စဉ်းစားထားတာမျိုးတော့ အတိအကျ မသိသေးပါဘူး။
အခုလိုသိချင်တာလေးတွေကိုဖြေပေးတဲ့ စိုးစိုးကိုကျေးဇူးတင်ပါတယ်။
ဟုတ်ကဲ့။ စိုးစိုးကလည်းကျေးဇူးတင်ပါတယ်။