လီမင်ဟိုမှာ ဒီလိုချစ်စရာကောင်းတဲ့အကျင့်လေးတွေရှိနေတာ သိပြီးပြီလား?
၎)သူမနက်နိုးလာတဲ့အခါမှာလည်း သူ့ဆံပင်တွေရှုပ်ပွနေတာကို တစ်ခြားသူတွေမမြင်အောင် အရမ်းသတိထားတတ်ပါသေးတယ်။
၇)သရုပ်ဆောင်နေတဲ့အခါမှာဖြစ်စေ၊ကြော်ငြာရိုက်ကူးတဲ့နေရာမှာဖြစ်စေ ပုံမှန်စကားမဟုတ်ပဲ ချစ်စကား၊ခင်စကားပြောရတာမျို၊အမူအရာလုပ်ပြရတာမျိုးဆို ကြက်သီး ထလာတတ်ပါတယ်။
Unicode
တောင်ကိုရီးယားအနုပညာရှင်မင်းသားချောလီမင်ဟိုဟာ အခုလတ်တလောမှာ စစ်မှုထမ်းဆောင်နေဆဲဖြစ်ပြီး ၂၀၁၉ခုနှစ်၊မေလမှ စစ်မှုထမ်းဆောင်လို့ပြီးမှာ ဖြစ်ပါတယ်။ဒီလိုပျိုတိုင်းကြိုက်တဲ့မင်းသားဆိုတာလည်း လူတစ်ယောက်ပဲဖြစ်လို့ ကိုယ်တွေလိုပဲ လူအများမသိစေချင်တဲ့အကျင့်လေးတွေရှိပါတယ်တဲ့။ဥပမာ မနက်စောစောထဖို့ပျင်းတာ ၊လေ့ကျင့်ခန်းလုပ်ဖို့ပျင်းတာ အဲ့ဒီလိုလေးတွေပေါ့။လီမင်ဟိုမှာရှိတဲ့ ရယ်စရာကောင်းပြီး ချစ်စရာလည်းကောင်းတဲ့အကျင့်လေးတွေအကြောင်းပြန်ပြီးဖောက်သည်ချလိုက်ပြီနော်။ ယူတို့ရဲ ့အိုပါးမှာ ဘယ်လိုအကျင့်လေးတွေရှိလဲဆိုရင်…
၁)လီမင်ဟိုက မနက်စောစောထရမှာမကြိုက်ပါဘူးတဲ့ (ကိုယ်တွေလိုပဲ)
၂)အရက်သောက််ရတာလည်းမကြိုက်ပါဘူးတဲ့။သောက်ခိုင်းရင်တောင် ဘယ်သူမှ သူ့ကိုကြည့်မနေဘူး ဆိုရင် တိတ်တိတ်လေးလွှင့်ပစ်တတ်ပါတယ်။ဘာလို့လဲဆိုတော့ အရက်သောက်ပြီးရင် သိတဲ့အတိုင်းဖြစ်လာမယ့်အကျိုးဆက်တွေကိုမြင်နေလို့ပါ။
၃)အလုပ်တွေအားလုံးပြီးလို့ သူတွေးမိတဲ့အတွေးအားလုံးက စားဖို့ပါပဲတဲ့။(ချစ်စရာလေးနော့)
၄)သူမနက်နိုးလာတဲ့အခါမှာလည်း သူ့ဆံပင်တွေရှုပ်ပွနေတာကို တစ်ခြားသူတွေမမြင်အောင် အရမ်းသတိထားတတ်ပါသေးတယ်။
၅)ဘယ်လိုဝတ်ဝတ်ကြည့်ကောင်းပေမဲ့ သူအမြဲတမ်းကြိုက်နှစ်သက်စွာဝတ်ဖြစ်တဲ့စတိုင်လ်က တီရှပ်နဲ့ဂျင်းဘောင်းဘီတွေပါပဲ။
၆)သခွားသီးနဲ့ဆေးဖက်ဝင်မုန်လာမျိုးကို မကြိုက်ပါဘူးတဲ့။(မောင်ချေးများလေး)
၇)သရုပ်ဆောင်နေတဲ့အခါမှာဖြစ်စေ၊ကြေ်ာငြာရိုက်ကူးတဲ့နေရာမှာဖြစ်စေ ပုံမှန်စကားမဟုတ်ပဲ ချစ်စကား၊ခင်စကားပြောရတာမျို၊အမူအရာလုပ်ပြရတာမျိုးဆို ကြက်သီး ထလာတတ်ပါတယ်။
၈)ဓာတ်ပုံရိုက်တဲ့အခါမှာ သူက မျက်နှာဘယ်ဘက်ခြမ်းကို ပိုမြင်စေဖို့ဆန္ဒရှိပါတယ်တဲ့။ များသောအားဖြင့်ဘယ်ဘက်ကိုစောင်းပေးပြီးရိုက်ထားတဲ့ပုံတွေကိုမြင်တွေ့ရမှာပါ။
၉)ရှုတင်းရောက်နေလည်း မှန်ကြည့်မပျက်၊မှန်ကြိုက်တဲ့ ကိုယ်တော်လေးပါ။
၁၀)ချစ်တယ်ဆိုတဲ့စကားကို ဘာသာစကား ၈မျိုးနဲ့ပြောတတ်ပါတယ်တဲ့။တရုတ်စကားကိုမှ နှစ်မျိုး၊ဂျပန်၊ကိုရီးယား၊အင်ဒိုနီးရှား၊အင်္ဂလိပ်၊ဗီယက်နမ်၊သြစတေးလျ စတဲ့ဘာသာစကားတွေနဲ့ပြောနိုင်ပါတယ်။(အဲ့လဲ့)
၁၁)အားကစားလုပ်ရတာကြိုက်ပြီး အထူးသဖြင့် တင်းနစ်စ်ရိုက်တဲ့ကစားနည်း ကိုပိုပြီးကြိုက်ပါတယ်။ဘယ်သူမှသူ့ကိုနိုင်အောင်မရိုက်နိုင်ဘူးဆိုပြီးဂုဏ်အယူဆုံးပါတဲ့။ တကယ်တော့ ပုံမှန်လောက်ပါပဲ။(ရုပ်ရှင်ထဲကအတိုင်းပဲနော့ အချေတလိုင်း)
၁၂)သူအများဆုံးလုပ်လေ့ရှိတဲ့လှုပ်ရှားမှုကတော့ အနီးအနားတစ်ဝိုက်လှည့်ပတ်ကားမောင်းတာပါ။
၁၃)အရမ်းချိုတဲ့ အအေးတွေ၊အချိုရည်တွေလည်းမကြိုက်ပါဘူးတဲ့။
၁၄)သူအကြိုက်ဆုံး လက်ဝတ်တန်ဆာကတော့ လက်ကောက်နဲ့နေကာမျက်မှန်ပါ။အဲ့ဒါတွေကို တစ်ခါမှမေ့ပြီးကျန်ခဲ့တာမရှိပါဘူး။
၁၅)သူ့ဘာသူမသိပဲလုပ်မိနေတာကတော့ မကြာခဏဆိုသလို လျှာထုတ်ပြီးနှုတ်ခမ်းကိုသပ်တာပါပဲ။
၁၆)ရေကောင်းကောင်းမကူးတတ်ပါဘူး။ငယ်ငယ်တုန်းက ရေနစ်လုနီးပါးဖြစ်ဖူးလို့ ရေအရမ်းကြောက်ပါတယ်တဲ့။
၁၇)Cristiano ronaldo က သူအကြိုက်ဆုံးကစားသမားဖြစ်လို့ ရုပ်ရှင်ရိုက်ကူးရေးမှာအလုပ်ရှုပ်နေရင်တောင် သူ့သတင်းတွေကိုကြည့်လေ့ရှိပါတယ်။
ကဲ ဒီလောက်ဆိုရင် မင်းသားချောလေးရဲ ့ချစ်စရာကောင်းတဲ့အကျင့်လေးတွေကို သိပြီးလောက်ရောပေါ့နော်။လီမင်ဟိုရဲ ့ပရိသတ်တွေလည်းကျေနပ်ကြလိမ့်မယ် လို့မျှော်လင့်ပါတယ်။
1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.