ျပီးမွ ေနာင္တမရခင္ အပန္းမၾကီးရင္ သူ႔အတြက္ဒါေလးေတြျဖည့္ဆည္းေပးလိုက္ပါ 

(၂၆)ႏွစ္ၾကာ အဆက္သြယ္ျပတ္သြားတဲ့ သူငယ္ခ်င္းတစ္ေယာက္နဲ႔ ကၽြန္ေတာ္တို႔ မထင္မွတ္ဘဲ ဆံုျဖစ္ခဲ့တယ္။ သူငယ္ခ်င္းနဲ႔အတူ ေစ်းဝယ္ထြက္ေနတဲ့ အမ်ဳိးသမီးက ဆဲြေဆာင္မႈ႐ွိ ၊ ၾကည့္ေကာင္းျပီး ငယ္ရြယ္တယ္ ။ ေဖာ္လည္းေဖာ္ေရြတယ္။ အဲ့ဒီအမ်ဳိးသမီးက သူငယ္ခ်င္းရဲ႕ဇနီးလို႔ သိလိုက္ရခ်ိန္မွာ ကၽြန္ေတာ္အရမ္း အံ့ၾသသြားတယ္။

သူတို႔ႏွစ္ေယာက္ရဲ႕ေနပံုထိုင္ပံု စကားေျပာပံုေတြကိုၾကည့္ျပီး လက္ထပ္ခါစ ဇနီးေမာင္ႏွံလို႔ပဲထင္ျပီး အိမ္ေထာင္သက္တမ္း ဘယ္ေလာက္႐ွိျပီလဲ ေမးလိုက္ေတာ့ … အိမ္ေထာင္သက္တမ္းက (၁ဝ)ႏွစ္႐ွိျပီတဲ့။ အဲ့ဒီအေျဖက ကၽြန္ေတာ့္ကိုတုန္လႈပ္သြားေစတယ္။ ဘာလို႔ဆို ကၽြန္ေတာ္လည္း အိမ္ေထာင္က်တာ (၁ဝ)ႏွစ္႐ွိျပီကိုး ။ဒါေပမယ့္ ကၽြန္ေတာ့္မိန္းမကေတာ့ သူ႔ရဲ႕ဇနီးလိုမဟုတ္ဘူး။ အျမဲတမ္း ပင္ပန္းႏြမ္းနယ္ေနတဲ့ပံုနဲ႔ ။

” ဒီေလာက္လွတဲ့မိန္းမမ်ဳိး မင္းရထားတာ အရမ္းကံေကာင္းတယ္ကြာ ” လို႔ ကၽြန္ေတာ္မနာလုိတဲ့ေလသံနဲ႔ေျပာမိတယ္။ ” မင္း မိန္းမကိုၾကည့္ရသေလာက္ေတာ့ ငါမွန္းရရင္ သူ႔ကိုကူညီဖို႔ အိမ္သန္႔႐ွင္းေရးတစ္ေယာက္ေတာ့ မင္းေခၚထားရတယ္မလား ” လို႔ ကၽြန္ေတာ္ ထပ္ေမးၾကည့္ျပန္တယ္။

ကၽြန္ေတာ့္ထင္ျမင္ခ်က္ကိုၾကားေတာ့ သူငယ္ခ်င္းက သေဘာက်စြာရယ္တယ္။ ” မဟုတ္ပါဘူး.. ငါ့မိန္းမက အိမ္မွာဘာမွမလုပ္ပဲ ေဘာေၾကာ့ေနတဲ့ပံုေပါက္ေနလို႔လား.. သူက အိမ္မႈကိစၥေတြမွာေတာ့ ေသခ်ာစီမံခန္႔ခဲြႏုိင္တယ္ကြ တဲ့ ။

ကၽြန္ေတာ္ထပ္ျပီး အံ့ၾသရျပန္ျပီ။ ” ဒါဆို ငါ့မိန္းမက် ဘာလို႔ပင္ပန္းတဲ့ပံုေပါက္ေနတာလဲ” လို႔
ေမးလိုက္မိတယ္။ ” ဒါကေတာ့ ငါ့မိန္းမအတြက္ အေသးမႊားကိစၥေလးေတြကို ငါလုိက္လုပ္ေပးလို႔ျဖစ္ပါလိမ့္မယ္” လို႔ သူငယ္ခ်င္းက ျပံဳးျပီးေျပာတယ္။

” ငါအလုပ္မသြားခင္ မိန္းမနဖူးကိုနမ္းျပီး ႏႈတ္ဆက္ျပီးမွသြားတယ္။ မုိးရြာလုိ႔ သူအျပင္ေရာက္
ေနခ်ိန္ေတြဆို သူ႔မွာထီးပါရင္ေတာင္ ငါသြားၾကိဳတယ္။ ဖိနပ္ၾကိဳးေျပသြားရင္ ေနရာမေ႐ွာင္
ဘူး.. ငါခ်ည္ေပးလိုက္တာပဲ။ မိန္းမပင္ပန္းေနျပီလို႔ထင္ရင္ ငါႏွိပ္ေပးလိုက္တယ္။
သူ႔စိတ္ထဲ ဘာေတြ႐ွိေနလဲ ဘာေျပာခ်င္လဲဆိုတာကို ငါၾကိဳတင္ခန္႔မွန္းျပီးေျပာၾကည့္တယ္။
ဘာရယ္ေတာ့မဟုတ္ဘူး… မွန္သြားတဲ့အခါေတြ႐ွိရင္ သူေပ်ာ္သြားတာျမင္ရတယ္… ”  ဒီေလာက္ပါပဲကြာ တဲ့။

သူငယ္ခ်င္းနဲ႔ စကားေျပာျပီး ကၽြန္ေတာ္ရင္ထဲ ခံစားခ်က္ေတြအဆက္မျပတ္စီးဆင္းေနတယ္။အိမ္ျပန္တဲ့လမ္းတစ္ေလွ်ာက္လံုး ” ငါက ဘယ္လိုေယာက်္ားမ်ဳိးလဲ” လို႔လည္းေတြးေနမိတယ္။ အိမ္ေထာင္စက်တည္းက ကၽြန္ေတာ္အလုပ္ၾကိဳးစားျပီး မိသားစုကို ေကာင္းေကာင္းေထာက္ပံ့ေပးခဲ့တာပဲ။ ဒီေလာက္ဆို မိန္းမအေပၚ ဂ႐ုစိုက္တတ္လွျပီလို႔ပဲ ကၽြန္ေတာ္ထင္ခဲ့တာ။

အလုပ္သြားရင္ အျမဲအေလာၾကီီးေနျပီး မိန္းမကိုႏႈတ္ဆက္ဖို႔လည္း သတိမရပါဘူး။ သူမရဲ႕ ဖိနပ္ၾကိဳးကိုလည္း အလုိက္တသိခ်ည္ေပးဖိုု႔ ကၽြန္ေတာ့္မွာ အာ႐ံုမ႐ွိဘူး။ သူမလိုခ်င္တာေလးေတြ႐ွိလို႔ ဝယ္လာတာေတြ႔ရင္ ကၽြန္ေတာ္က ဆူေတာင္ဆူမိေနေသးတယ္။ သူ႔ရဲ႕ခံစားခ်က္ေတြကို ကၽြန္ေတာ္မစဥ္းစားမိဘူး။ အိမ္အလုပ္လုပ္ရ ၊ ကေလးထိန္းရနဲ႔ သူဘယ္ေလာက္ ပင္ပန္းေနမလဲ ကၽြန္ေတာ္မေတြးမိခဲ့ဘူး။

အိမ္ေရာက္တာနဲ႔ ကၽြန္ေတာ့္မိန္းမကို ေပြ႔ဖက္ျပီး ” မိန္းမရယ္.. ကိုယ္ေတာင္းပန္ပါတယ္” လို႔ ေျပာလုိက္တယ္။ မထင္မွတ္ပဲ ဆံုခဲ့တဲ့ သူငယ္ခ်င္းက အိမ္ေထာင္ေရးတစ္ခုသာယာေအာင္ ဘယ္လိုတည္ေဆာက္ယူရမလဲဆိုတာ ကၽြန္ေတာ့္ကို အခ်ိန္ခဏေလးအတြင္း သင္ေပးသြားခဲ့တယ္။

ေနာက္ျပီးေတာ့ ေပ်ာ္စရာေကာင္းတဲ့ အိမ္ေထာင္ေရးေၾကာင့္ ဇနီးသည္တစ္ေယာက္ရဲ႕အသြင္ျပင္နဲ႔ အလွပဟာလည္း ပိုျပီးျပည့္စံုလာတတ္ပါတယ္။ ဒါေၾကာင့္ ကိုယ့္မိန္းမကို ဘယ္ေလာက္ခ်စ္တယ္ဆိုတာေျပာဖို႔အတြက္ အခ်ိန္ခါေကာင္းကို သင္ေစာင့္ေနစရာမလိုပါဘူး။ မိန္းကေလးေတြဟာ အခ်စ္ကိုေဖာ္ျပဖို႔အတြက္ စိန္ဆဲြၾကိဳးေတြ၊ ပန္းစည္းေတြေပးမွ ခ်စ္တာလို႔မျမင္ပါဘူး။ သူတို႔လိုခ်င္တာက သင့္ရဲ႕႐ိုးေျဖာင့္မႈနဲ႔ စစ္မွန္တဲ့ခ်စ္ျခင္းတရားပါပဲ။

(Unicode)

(၂၆)နှစ်ကြာ အဆက်သွယ်ပြတ်သွားတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ကျွန်တော်တို့ မထင်မှတ်ဘဲ ဆုံဖြစ်ခဲ့တယ်။ သူငယ်ချင်းနဲ့အတူ စျေးဝယ်ထွက်နေတဲ့ အမျိုးသမီးက ဆွဲဆောင်မှုရှိ ၊ ကြည့်ကောင်းပြီး ငယ်ရွယ်တယ် ။ ဖော်လည်းဖော်ရွေတယ်။ အဲ့ဒီအမျိုးသမီးက သူငယ်ချင်းရဲ့ဇနီးလို့ သိလိုက်ရချိန်မှာ ကျွန်တော်အရမ်း အံ့သြသွားတယ်။

သူတို့နှစ်ယောက်ရဲ့နေပုံထိုင်ပုံ စကားပြောပုံတွေကိုကြည့်ပြီး လက်ထပ်ခါစ ဇနီးမောင်နှံလို့ပဲထင်ပြီး အိမ်ထောင်သက်တမ်း ဘယ်လောက်ရှိပြီလဲ မေးလိုက်တော့ … အိမ်ထောင်သက်တမ်းက (၁ဝ)နှစ်ရှိပြီတဲ့။ အဲ့ဒီအဖြေက ကျွန်တော့်ကိုတုန်လှုပ်သွားစေတယ်။ ဘာလို့ဆို ကျွန်တော်လည်း အိမ်ထောင်ကျတာ (၁ဝ)နှစ်ရှိပြီကိုး ။ဒါပေမယ့် ကျွန်တော့်မိန်းမကတော့ သူ့ရဲ့ဇနီးလိုမဟုတ်ဘူး။ အမြဲတမ်း ပင်ပန်းနွမ်းနယ်နေတဲ့ပုံနဲ့ ။

” ဒီလောက်လှတဲ့မိန်းမမျိုး မင်းရထားတာ အရမ်းကံကောင်းတယ်ကွာ ” လို့ ကျွန်တော်မနာလိုတဲ့လေသံနဲ့ပြောမိတယ်။ ” မင်း မိန်းမကိုကြည့်ရသလောက်တော့ ငါမှန်းရရင် သူ့ကိုကူညီဖို့ အိမ်သန့်ရှင်းရေးတစ်ယောက်တော့ မင်းခေါ်ထားရတယ်မလား ” လို့ ကျွန်တော် ထပ်မေးကြည့်ပြန်တယ်။

ကျွန်တော့်ထင်မြင်ချက်ကိုကြားတော့ သူငယ်ချင်းက သဘောကျစွာရယ်တယ်။ ” မဟုတ်ပါဘူး.. ငါ့မိန်းမက အိမ်မှာဘာမှမလုပ်ပဲ ဘောကြော့နေတဲ့ပုံပေါက်နေလို့လား.. သူက အိမ်မှုကိစ္စတွေမှာတော့ သေချာစီမံခန့်ခွဲနိုင်တယ်ကွ ” တဲ့ ။

ကျွန်တော်ထပ်ပြီး အံ့သြရပြန်ပြီ။ ” ဒါဆို ငါ့မိန်းမကျ ဘာလို့ပင်ပန်းတဲ့ပုံပေါက်နေတာလဲ” လို့
မေးလိုက်မိတယ်။ ” ဒါကတော့ ငါ့မိန်းမအတွက် အသေးမွှားကိစ္စလေးတွေကို ငါလိုက်လုပ်ပေးလို့ဖြစ်ပါလိမ့်မယ်” လို့ သူငယ်ချင်းက ပြုံးပြီးပြောတယ်။

” ငါအလုပ်မသွားခင် မိန်းမနဖူးကိုနမ်းပြီး နှုတ်ဆက်ပြီးမှသွားတယ်။ မိုးရွာလို့ သူအပြင်ရောက်
နေချိန်တွေဆို သူ့မှာထီးပါရင်တောင် ငါသွားကြိုတယ်။ ဖိနပ်ကြိုးပြေသွားရင် နေရာမရှောင်
ဘူး.. ငါချည်ပေးလိုက်တာပဲ။ မိန်းမပင်ပန်းနေပြီလို့ထင်ရင် ငါနှိပ်ပေးလိုက်တယ်။
သူ့စိတ်ထဲ ဘာတွေရှိနေလဲ ဘာပြောချင်လဲဆိုတာကို ငါကြိုတင်ခန့်မှန်းပြီးပြောကြည့်တယ်။
ဘာရယ်တော့မဟုတ်ဘူး… မှန်သွားတဲ့အခါတွေရှိရင် သူပျော်သွားတာမြင်ရတယ်… ”  ဒီလောက်ပါပဲကွာ တဲ့။

သူငယ်ချင်းနဲ့ စကားပြောပြီး ကျွန်တော်ရင်ထဲ ခံစားချက်တွေအဆက်မပြတ်စီးဆင်းနေတယ်။အိမ်ပြန်တဲ့လမ်းတစ်လျှောက်လုံး ” ငါက ဘယ်လိုယောကျ်ားမျိုးလဲ” လို့လည်းတွေးနေမိတယ်။ အိမ်ထောင်စကျတည်းက ကျွန်တော်အလုပ်ကြိုးစားပြီး မိသားစုကို ကောင်းကောင်းထောက်ပံ့ပေးခဲ့တာပဲ။ ဒီလောက်ဆို မိန်းမအပေါ် ဂရုစိုက်တတ်လှပြီလို့ပဲ ကျွန်တော်ထင်ခဲ့တာ။

အလုပ်သွားရင် အမြဲအလောကြီီးနေပြီး မိန်းမကိုနှုတ်ဆက်ဖို့လည်း သတိမရပါဘူး။ သူမရဲ့ ဖိနပ်ကြိုးကိုလည်း အလိုက်တသိချည်ပေးဖိုု့ ကျွန်တော့်မှာ အာရုံမရှိဘူး။ သူမလိုချင်တာလေးတွေရှိလို့ ဝယ်လာတာတွေ့ရင် ကျွန်တော်က ဆူတောင်ဆူမိနေသေးတယ်။ သူ့ရဲ့ခံစားချက်တွေကို ကျွန်တော်မစဉ်းစားမိဘူး။ အိမ်အလုပ်လုပ်ရ ၊ ကလေးထိန်းရနဲ့ သူဘယ်လောက် ပင်ပန်းနေမလဲ ကျွန်တော်မတွေးမိခဲ့ဘူး။

အိမ်ရောက်တာနဲ့ ကျွန်တော့်မိန်းမကို ပွေ့ဖက်ပြီး ” မိန်းမရယ်.. ကိုယ်တောင်းပန်ပါတယ်” လို့ ပြောလိုက်တယ်။ မထင်မှတ်ပဲ ဆုံခဲ့တဲ့ သူငယ်ချင်းက အိမ်ထောင်ရေးတစ်ခုသာယာအောင် ဘယ်လိုတည်ဆောက်ယူရမလဲဆိုတာ ကျွန်တော့်ကို အချိန်ခဏလေးအတွင်း သင်ပေးသွားခဲ့တယ်။

နောက်ပြီးတော့ ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးကြောင့် ဇနီးသည်တစ်ယောက်ရဲ့အသွင်ပြင်နဲ့ အလှပဟာလည်း ပိုပြီးပြည့်စုံလာတတ်ပါတယ်။ ဒါကြောင့် ကိုယ့်မိန်းမကို ဘယ်လောက်ချစ်တယ်ဆိုတာပြောဖို့အတွက် အချိန်ခါကောင်းကို သင်စောင့်နေစရာမလိုပါဘူး။ မိန်းကလေးတွေဟာ အချစ်ကိုဖော်ပြဖို့အတွက် စိန်ဆွဲကြိုးတွေ၊ ပန်းစည်းတွေပေးမှ ချစ်တာလို့မမြင်ပါဘူး။ သူတို့လိုချင်တာက သင့်ရဲ့ရိုးဖြောင့်မှုနဲ့ စစ်မှန်တဲ့ချစ်ခြင်းတရားပါပဲ။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.