ဘေဘီ Stormi လေးနဲ့အတူ ပထမဆုံးခရီးထွက်ခဲ့တဲ့ Kyile တို့မိသားစု

Kylie Jenner နဲ့ Travis Scott တို့ဟာ ဘေဘီ Stormi လေးနဲ့အတူ မိသားစုအပန်းဖြေခရီးကို ပထမဆုံးထွက်ခြင်းပဲဖြစ်ပါတယ်။ Caribbean က Turks and Caicos ကျွန်းတွင် five star resort ဖြစ်တဲ့ Amanyara မှာ တစ်ညကို ပေါင် ၄၂၅၇ နဲ့တည်းခိုခဲ့တယ်လို့ သိရပါတယ်။

ဒီခရီးဟာ Travis ရဲ့၂၆နှစ်မြောက်မွေးနေ့အတွက်လည်းဖြစ်တာကြောင့် ချစ်ကြည်နူးစရာဇနီးမောင်နှံလေးက ဇိမ်ခံ ရွက်လှေပေါ်မှာ သူတို့နှစ်ယောက်အချိန်ကို ကုန်ဆုံးခဲ့ပါတယ်။

ဆိုရှယ်မီဒီယာဘုရင်မတစ်ယောက်ဖြစ်တဲ့ Kylie ကတော့ သူမရဲ့အပန်းဖြေ ခရီးပုံရိပ်တွေကို မနာလိုဖြစ်စရာကောင်းလောက်အောင်လည်း စိတ်ကြိုက်တင်ပစ်ခဲ့လေရဲ့။Travis နဲ့ နွေးထွေးတဲ့ နေရောင်ခြည်အောက်မှာ ပွေ့ဖက်နေတဲ့ သူတို့နှစ်ယောက်ရဲ့ပုံရိပ်ဟာလည်း အင်တာနက်မှာ ပျံနှံ့လို့နေပါတယ်။ ဘေဘီ Stormi လေးနဲ့ ဗီဒီယိုကိုလည်း ပရိတ်သတ်များအတွက် မျှဝေပေးခဲ့ပါသေးတယ်။

791 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.