အနာဂတ်ကိုပြောင်းလဲဖို့ကြိုးစားကြသူတွေရဲ့  “Sketch”ဒရာမာဇာတ်လမ်းတွဲ
Unicode
JTBC ကနေရိုက်ကူးမယ့် “Sketch” ဒရာမာဇာတ်လမ်းတွဲ ပိုစတာထွက်လာပါပြီ!”Sketch” ဇာတ်လမ်းတွဲဟာ လူ့အသက်တွေကိုကာကွယ်ဖို့နဲ့ပြစ်မှုတွေမဖြစ်အောင် တားဆီးနိုင်ဖို့ အနာဂတ်ကိုပြောင်းလဲဖို့ကြိုးစားကြတဲ့စုံထောက်နှစ်ယောက်ရဲ ့အကြောင်းကိုရိုက်ကူးထားတဲ့
အက်ရှင်ဒရာမာထူးဆန်းထွေလာဇာတ်ကားမျိုးဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ Rain ၊ Lee Sun Bin ၊ Lee Dong Gun တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ Rain ဟာ Kang Dong Soo ဆိုတဲ့စုံထောက်တစ်ယောက်အဖြစ်သရုပ်ဆောင်ရမှာ ဖြစ်ပြီး သူနဲ့စေ့စပ်ထားသူမိန်းကလေးဟာနောက်ထပ်ရ၂နာရီအတွင်းသေဆုံးမယ်ဆိုတဲ့အနာဂတ်ဟောကိန်း ကိုမြင်ပြီးတဲ့နောက်အချိန်မပြည့်ခင်မှာ သူမရဲ ့ကံကြမ္မာကိုပြောင်းလဲဖို့အတွက် ဘာပဲလုပ်ရလုပ်ရလုပ်မယ်ဆိုပြီးဆုံးဖြတ်ထားသူဖြစ်ပါတယ်။သူ့ရဲ ့ပိုစတာမှာတော့
“ကျွန်တော့်ရဲ့ရွေးချယ်မှုတွေအတွက်နောင်တမရဘူး”ဆိုပြီးရေးသားထားတာမြင်တွေ့ရပါတယ်။
မင်းသမီးချော Lee Sun Bin ဟာလည်း Yoo Shi Hyun ဆိုတဲ့စုံထောက်အဖြစ် သရုပ်ဆောင်ရမှာဖြစ်ပြီး သူမဟာတော့ ဟောကိန်းချပ်လေးတွေကိုကြည့်ကာ
အနာဂတ်ကိုကြိုတင်မြင်နိုင်တဲ့စွမ်းရည်ရရှိထားသူဖြစ်ပါတယ်။သူမရဲ ့ပိုစတာမှာတော့ ဒီည တစ်ယောက်ယောက်သေလိမ့်မယ်ဆိုပြီးရေးသားထားတာမြင်တွေ့ရပါတယ်။
တတိယပိုစတာကတော့ မင်းသားချော Lee Dong Gun ရဲ ့ပုံပါပဲ။သူဟာ အထူးတပ်ဖွဲ့က တပ်ကြပ်ကြီး Kim Do Jin အဖြစ်သရုပ်ဆောင်ရမှာဖြစ်ပြီးအနာဂတ်ကိုကာကွယ်ဖို့ကြိုးစားနေ သူဖြစ်ပါတယ်။သူချစ်ရတဲ့ဇနီးဖြစ်သူအသတ်ခံရပြီးတဲ့နောက်မှာ ပြန်ပြီးလက်စားချေဖို့ ကြိုးစားနေသူလည်းဖြစ်ပါတယ်။
နောက်တစ်ယောက်ကတော့ သဘာလွန်စိတ်စွမ်းရည်တွေကိုပိုင်ဆိုင်ထားပြီး Lee Dong Gun ရဲ ့ဇနီးသေဆုံးမှုကိုဖော်ထုတ်ဖို့ကူညီပေးနေသူ Jung Jin Youngပဲဲဖြစ်ပါတယ်။ Lee Dong Gun ရဲ ့ဇနီးဖြစ်သူသေဆုံးမှုနဲ့အတူ Rain နဲ့စေ့စပ်ထားသူမိန်းကလေးသေဆုံးမယ့်အဖြစ်တို့ဟာ ဆက်စပ်မှုရှိနေသလားဆိုတာကိုစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းဇာတ်ကွက်တွေအပြည့်နဲ့ကြည့်ရှုရမယ့်ဇာတ်ကားကောင်းဖြစ်ပြီး ကိုရီးယားနိုင်ငံမှာ မေလ ၂၅ရက်နေ့ကစပြီး
ပြသမှာဖြစ်တယ်လို့သိရပါတယ်။
195 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.